သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဆိုင်ရာ နိုင်ငံခြားသံရုံးတွေ သတိပေးချက် မြန်မာ ပယ်ချ


အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးအပါအဝင် သံရုံး ကိုးရုံးက ပူးတွဲကြေညာချက်ထုတ်ပြန်။
အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးအပါအဝင် သံရုံး ကိုးရုံးက ပူးတွဲကြေညာချက်ထုတ်ပြန်။

မြန်မာနိုင်ငံရွေးကောက်ပွဲအတွင်း ဘာသာရေးကို ခုတုံးလုပ် အသုံးချမှုတွေ ရှိလာမှာကို စိုးရိမ်တဲ့အကြောင်း အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးအပါအဝင် သံရုံး ကိုးရုံးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာကို မြန်မာ အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆန့်ကျင်ပယ်ချလိုက်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့နေ့စွဲ နဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီကြေညာချက်မှာ အဆိုပါ ပူးတွဲကြေညာချက်ဟာ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လျစ်လျှူပြုရာရောက်တယ်လို့ ပြောထားပါတယ်။

ရွေးကောက်ပွဲအတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်များနှင့်အညီ၊ ဘက်လိုက် ခွဲခြားမှုမရှိဘဲ တရားမျှတစွာဖြေရှင်းနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ် ထားကြောင်း၊ အထင်အမြင်လွဲမှားမှုများ၊ သံသယများပေါ်ပေါက်နိုင်တဲ့ တဘက်သတ် သုံးသပ်ချက်ကိုတွေ့ရှိရတဲ့အတွက် ကန့်ကွက်လိုက် တာဖြစ်တယ် လို့ ပြောထားပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ၊ အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကြိုးပမ်း အားထုတ်မှုတွေကို ပံ့ပိုးကူညီလျှက်ရှိကြောင်း ၊ သို့သော်လည်း မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတခု အနေနဲ့ အသုံးချကာ သွေးခွဲခြင်း၊ ပဋိပက္ခဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်မိတယ်လို့ ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန် နဲ့ ဆွီဒင်နိုင်ငံ သံရုံးတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် အားပေးထောက်ခံမှုကို အသိအမှတ်ပြုပေမယ့်၊ အပြုသဘောမဆောင်တဲ့ မလိုလားအပ်တဲ့ အခြေအနေများဖြစ်ပေါ်စေနိုင်တာကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG