သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ၁၅၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ပို့


မြန်မာ့ရေတပ်က ထိန်းသိမ်းပြီး ရခိုင်ပြည်နယ်အတွင်းမှာ စောင့်ရှောက်ထားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေကို နေရပ်ရင်းပြန်ပို့စဉ်။ (ဇွန် ၈၊ ၂၀၁၅)
မြန်မာ့ရေတပ်က ထိန်းသိမ်းပြီး ရခိုင်ပြည်နယ်အတွင်းမှာ စောင့်ရှောက်ထားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေကို နေရပ်ရင်းပြန်ပို့စဉ်။ (ဇွန် ၈၊ ၂၀၁၅)

မြန်မာ့ပင်လယ်ပြင်မှာ ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ လှေစီးပြေးဒုက္ခသည် ၉၀၀ ကျော်ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ဦးကို ဒီကနေ့ တဘက်နိုင်ငံကို ပြန်လည်လွဲှအပ်လိုက်ပြီဖြစ်ပါတယ်။ ကျန်ရှိနေသူတွေကို စိစစ်လျှက်ရှိနေပြီး မကြာခင် လွဲှပြောင်းဖို့ ပြင်ဆင်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လှေစီးပြေးဒုက္ခသည်တွေကို မေလ ၂၁ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းက ၂ဝဝ ကျော်နဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့အနီး ပင်လယ်ပြင်က ၇၀၀ ကျော်ကို မြန်မာရေတပ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

လူမှောင်ခိုကုန်ကူးခံရသူတွေလက်ထဲက မြန်မာ့ရေတပ်မတော်က ကယ်တင်ထားတဲ့ အဘ္ဘဒူလာမင်က စစ်တွေ ဒုက္ခသည်စခန်းအတွင်းမှာ သူမှတ်မိတဲ့သူတွေကို ညွှန်ပြေနေစဉ်။
လူမှောင်ခိုကုန်ကူးခံရသူတွေလက်ထဲက မြန်မာ့ရေတပ်မတော်က ကယ်တင်ထားတဲ့ အဘ္ဘဒူလာမင်က စစ်တွေ ဒုက္ခသည်စခန်းအတွင်းမှာ သူမှတ်မိတဲ့သူတွေကို ညွှန်ပြေနေစဉ်။

ဖမ်းဆီးရမိသူတွေကို မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေကစစ်ဆေးတဲ့အခါ ပထမအသုတ်ဖမ်းဆီးရမိတဲ့ လှေစီးပြေး ဒုက္ခသည် ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံသားတွေဖြစ်တာကြောင့် သူတို့ကို နေရပ်ရင်း ပြန်ပို့နိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ လှေစီးပြေး ဒုက္ခသည် ၁၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွဲှပြောင်းပေးအပ်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောပါတယ်။

“သုံးနာရီမှာပေါ့နော်၊ တဘက်နိုင်ငံကိုပေါ့- ဘင်္ဂလားဒေ့ရှ်ဘက်ကို ၁၅၀ ဦးကို အပြီးလွဲှပြောင်းပြီး ဖြစ်ပါတယ်။ ဟိုဘက်က အဖွဲ့တွေကတော့ ၁၁ နာရီ၊ ၄၅ မှာ ရောက်ပါတယ်။ ရောက်ပြီးတော့ ၁ နာရီခွဲမှာ လက်မှတ်တွေ ထိုးပါတယ်။ လက်မှတ်ထိုးပြီးတော့မှ ၁၅၀ ကို ကား ၆ စီးနဲ့လာခေါ်သွားတာ ၃ နာရီမှာ အပြီး လွဲှပြောင်းပြီးဖြစ်ပါတယ်။ အခု ကျနော်တို့ကလည်း ဒီ ၅၀ ကို အမြန်ဆုံးလွဲှပြောင်းလက်ခံဖို့ပေါ့နော်၊ ပြောနေပါတယ်ခင်ဗျ။ ဒါလေးကတော့ သူတို့ဆီက ကောင်စစ်ဝန်ကိုယ်နှိုက် ဒီမှာလာပြီးတော့ စိစစ်ပြီးတော့မှ တင်ပြတာလေ။ ကျန်တဲ့ ၅၀ ကိုလည်း ကျနော်တို့က အမြန်ဆုံး စိစစ်လက်ခံဖို့ပေါ့၊ ဒါတွေ ပြောနေပါတယ်ခင်ဗျ။”

ဘင်္ဂလီလှေစီးပြေးဒုက္ခသည်တွေ ဘင်္ဂလား-မြန်မာ နယ်စပ်ဖြတ်ပြီး နေရပ်ရင်းကို ပြန်ကြစဉ်။ (ဇွန် ၈၊ ၂၀၁၅)
ဘင်္ဂလီလှေစီးပြေးဒုက္ခသည်တွေ ဘင်္ဂလား-မြန်မာ နယ်စပ်ဖြတ်ပြီး နေရပ်ရင်းကို ပြန်ကြစဉ်။ (ဇွန် ၈၊ ၂၀၁၅)

ဒုတိယအသုတ်ဖမ်းစီးရမိသူ ၇၀၀ ကျော်ကိုစိစစ်ရာမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀၀ ကျော်ပါဝင်ပြီး သူတို့ကို အမြန်ဆုံးလွဲှပြောင်းဖို့ ဆောင်ရွက်နေတယ်လို့ ဦးခင်စိုးက ဆက်ပြောပါတယ်။

“ကျနော်တို့ စိစစ်ပြီးသွားပါပြီ။ ကျနော်တို့ဆီမှာ စိစစ်တာက ကျနော်တို့ မြန်မာနိုင်ငံဘက်က ဘင်္ဂလီက ၁၈၇ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဘင်္ဂလီက ၅၄၆ ဦးပေါ့။ ဒါလေးတွေ တဦးချင်း ကိုယ်ရေးမှတ်တမ်းတွေ ကျနော်တို့ ဖြည့်တာပေါ့။ အဲဒါက ဘင်္ဂလားဒေ့ရှ်ဘာသာနဲ့ကော၊ ကျနော်တို့ဘက်က မြန်မာဘာသာနဲ့ရော ပြုစုပြီးတော့မှ ထားပါတယ်။ ထားတဲ့အခါကျ သူတို့ဘက်က ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်က စစ်တွေ ကနေလာပြီးတော့ အပြီးစစ်ပြီးသွားပြီ။ စစ်တာကတော့ ၆ ရက်နေ့က စပြီးစစ်တယ်။ ၆ ရက်၊ ၇ ရက်၊ ၂ ရက်စစ်တာပေါ့။ ကျနော်တို့

နှစ်နိုင်ငံအစိုးရက သေချာစိစစ်ပြီးတဲ့နောက် နေရပ်ရင်းကို ပြန်လည်ထွက်ခွာသွားကြတဲ့ ဘင်္ဂလီ လှေစီးပြေးသူများ။
နှစ်နိုင်ငံအစိုးရက သေချာစိစစ်ပြီးတဲ့နောက် နေရပ်ရင်းကို ပြန်လည်ထွက်ခွာသွားကြတဲ့ ဘင်္ဂလီ လှေစီးပြေးသူများ။

ဘက်ကတော့ သူတို့ဘက်ကို လူစာရင်းပေးထားပြီးတော့ အမြန်ဆုံး လွဲှပြောင်းလက်ခံပေးဖို့ သူတို့ကို ပြောလိုက်တာပေါ့ဗျာ။ သူတို့ကလည်းပဲ သူတို့ဒီမှာ လာစစ်တဲ့ ဘင်္ဂလားဒေ့ရှ်က စစ်တွေကောင်စစ်ဝန်ကလည်း သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကို အကြောင်းကြားရတယ်။ အဲဒီကမှတဆင့် သူတို့နိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အမြန်ဆုံးစိစစ်ပြီးတော့ လက်ခံဖို့ ဆောင်ရွက်နေတာပါခင်ဗျ။”

တောင်ပြိုလက်ဝဲမှာ ထိန်းသိမ်းထားသူ ၇၀၀ ကျော်အနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး စခန်းက နေထွက်ပြေးသွားတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေ ကတော့ ပထမအသုတ်ဖမ်းဆီးလိုက်တဲ့ လှေစီးပြေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအရ ရခိုင်ပြည်နယ်မှာ ထိန်းသိမ်းထားတာကို လက်ခံပြီး ဧရာဝတီတိုင်း ပင်လယ်ပြင်က ဖမ်းဆီးလိုက်တဲ့လှေစီးပြေး ၇၀၀ ကို ရခိုင် ပြည်နယ်ကို ပို့ဆောင်တာကို လက်မခံနိုင်တာကြောင့် ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ စစ်တွေမြို့က မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ လူသားချင်းစာနာတယ်ဆိုရင် ဧရာဝတီတိုင်းမှာ လက်ခံထားပေးလို့ရတယ်လေ။ အခုဟာက ရခိုင်လူထုရဲ့အမြင်က ဘာဖြစ်နေပြီလဲဆိုတော့ အဲဒီ မွတ်ဆလင်တွေကို တွေ့တယ်ဆိုရင်ပဲ ရခိုင်ပြည်ကို ပို့ပေးရတော့မယ်ဆိုတဲ့ အစဉ်အလာကြီးတခုကို ကျနော်တို့က မနှစ်သက်တာပါ။”

ဒီလ ၁၄ ရက်နေ့ကိုဆန္ဒထုတ်ဖော်မယ့်ရက်အဖြစ် သတ်မှတ်ထားပြီး ရခိုင်တပြည်နယ်လုံး ပါဝင်လာစေဖို့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ လှေစီးပြီး ထွက်ပြေးသူတွေအရေး ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာကိုဖြေရှင်းရာမှာ တစိတ်တပိုင်း အဖြစ်နဲ့ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံဖို့ကို ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက ဖိအားပေးဆောင်ရွက်နေပါတယ်။

ဒီလ ၆ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လှေစီးတွေဟာ ဖိနှိပ်မှုကြောင့် ထွက်ပြေးကြရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အများစု ဖြစ်တယ်လို့ နိုင်ငံတကာမှာ ပြောဆိုနေကြတာတွေဟာ မမှန်ကန်ကြောင်း နိုင်ငံတကာ သံတမန်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG