သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုန်သွယ်ရေး အရာရှိ မြန်မာနိုင်ငံရောက်


Deputy U.S. Trade Representative Demetrio Marantis
Deputy U.S. Trade Representative Demetrio Marantis
အမေရိကန် နဲ့ မြန်မာနိုင်ငံကြားမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အတွက် အမေရိကန်နိုင်ငံရဲ့ကုန်သွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိ Demetrios Marantis ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန် ကုန်သွယ်ရေးထိပ်တန်းသံတမန် Marantis ဟာ နေပြည်တော်ကို မနေ့ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး၊ မြန်မာအစိုးရ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့် နဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်သိန်း တို့ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုအတွင်း - မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေး ဆိုင်ရာ အထူးအခွင့်အရေး (Generalize System of Preferences – GSP အစီအစဉ် ပေးအပ်ဖို့ကိစ္စ အပါအဝင် ၂ နိုင်ငံကြား ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ရရှိရေး နဲ့ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် ၂၀၁၄ မှာ စီးပွားရေးဆက်ဆံမှု တိုးမြှင့်ရေး အလားအလာကောင်းတွေကိုလည်း တဲ့အခါမှာ စဉ်းစားနေတယ်လို့ သူက ပြောခဲ့ပါတယ်။ GSP အစီအစဉ်အရ ဖွံ့ဖြိုးဆဲ့နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံကနေ အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ထုတ်ကုန်တွေကို အခွန်မပေးရဘဲ တင်သွင်းခွင့်ရမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Mr.Marantis ဟာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အပါအဝင် ၊ မြန်မာနိုင်ငံက ပါမောက္ခတွေနဲ့ ကျောင်းသားလူငယ်တွေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်စင်တာမှာ တွေ့ဆုံမှာကြမှာဖြစ်ပါတယ်။
XS
SM
MD
LG