သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ကိုမြင့်ဇော် Goldman ဆုရရှိ


ကိုမြင့်ဇော် - ဧရာဝတီမြစ် ကယ်ဆယ်ရေးအဖွဲ့ (ဓာတ်ပုံ - http://www.goldmanprize.org)
ကိုမြင့်ဇော် - ဧရာဝတီမြစ် ကယ်ဆယ်ရေးအဖွဲ့ (ဓာတ်ပုံ - http://www.goldmanprize.org)

မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တဦးကို နိုင်ငံတကာက ထင်ရှားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆုကြီးတခုကို ချီးမြှင့်လိုက်ပါတယ်။

မြစ်ဆုံဆည်တည်ဆောက်ရေး ဆန့်ကျင်လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ဧရာဝတီမြစ် ကယ်ဆယ်ရေးအဖွဲ့က ကိုမြင့်ဇော်အနေနဲ့ Goldman ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆုကြီး ချီးမြှင့်ခံလိုက်ရတယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ ဆုပေးပွဲကိုတော့ ဒီညမှာ San Francisco မြို့မှာ ပြုလုပ်မှာဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့ညမှာတော့ ဝါရှင်တန်ဒီစီမှာ ထပ်လုပ်မှာ ဖြစ်ပါတယ်။

တကယ်တော့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ခဲ့တဲ့ ဒီဆည်ကြီးကြောင့် မြန်မာနိုင်ငံမှာ အရေးအပါဆုံးနဲ့ အရှည်ဆုံး ဧရာဝတီမြစ်ကြီးကို ပျက်စီးစေနိုင်ပြီး၊ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုဘ၀ ရပ်တည်မှုတွေကို ပျက်ပြားစေနိုင်တယ်လို့ ကိုမြင့်ဇော် အပါအဝင် မြန်မာနိုင်ငံက ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဝေဖန်ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG