သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Auschwitz အကျဉ်းထောင် လာရောက်သူများပြား


Auschwitz-Birkenau Nazi Death Camp near Oswiecim, southern Poland.
Auschwitz-Birkenau Nazi Death Camp near Oswiecim, southern Poland.
ဒုတိယကမ္ဘာစစ်အတွင်း သေမင်းတမန် အကျဉ်းထောင်အဖြစ် ကျော်ကြားတဲ့ ပိုလန်နိုင်ငံက Auschwitz-Birkenau ကို ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်လာရောက်မှုဟာ အမြင့်ဆုံးအဆင့် ကို ရောက်ရှိခဲ့ကြောင်း အကျဉ်းထောင်အရာရှိတွေက ပြောလိုက်ပါတယ်။ ပိုလန်တောင်ပိုင်း မှာ ရှိတဲ့ လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ Auschwitz-Birkenau အကျဉ်းထောင် ကို မနှစ်တုန်း က လူပေါင်း တသန်းခွဲ လောက် အလည် လာရောက်ခဲ့ကြောင်း သောကြာနေ့က ပြတိုက်ရဲ့ အင်တာနက် ဝဘ်ဆိုတ်မှာ ဖော်ပြထားပါတယ်။ ဧည့်သည်တွေဟာ ပိုလန်၊ ဂရိတ် ဗြိတိန်၊ အမေရိကန်၊ အီတလီ၊ ပြင်သစ်၊ အစ္စရေး၊ စပိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ တောင်ကိုရီးယား စတဲ့ ကမ္ဘာအနံှ့က လာရောက်ခဲ့ကြတာ ဖြစ်ကြပါတယ်။

Auschwitz-Birkenau အကျဉ်းထောင်ဟာ ဥရောပတခုလုံးအတွက် ပြန်လည် အောက်မေ့ဖွယ်ရာ အဓိက နေရာတခု ဖြစ်လာ နေကြောင်းနဲ့ လူမှုအသိုက်အမြုံကြီးတခုလုံး အခုချိန်ထိ ရင်ဆိုင် ခံစားနေရဆဲဖြစ်တဲ့ စိန်ခေါ်မှုတွေကို မီးမောင်း ထိုးပြနေတယ်လို့ ညွှန်ကြားရေးမှူး (Piotr Cywinski) က ပြောပါတယ်။

Auschwitz-Birkenau အကျဉ်းထောင်အတွင်းမှာ ဂျူးလူမျိုး အများစုပါဝင်တဲ့ လူပေါင်း ၁ သန်းကျော်ဟာ ၁၉၄၅ ခု၊ ဇန်နဝါရီလ အတွင်း ဆိုဗီယက် တပ်ဖွဲ့ဝင်တွေက လာရောက် ကယ်တင်ချိန်မတိုင်ခင်အထိ နာဇီဂျာမနီစစ်သားတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီ အကျဉ်းထောင် ပြတိုက် အတွင်းမှာ စာအုပ်တွေ၊ ရှူးဖိနပ်တွေ၊ ဆံပင်ရှင်းတဲ့ ဘရပ်ရှ်တွေလိုမျိုး စခန်းထဲမှာ နေထိုင်သွား ကြပြီး ဓာတ်ငွေ့ပေးအသတ်ခံခဲ့ရသူတွေ ပိုင်ဆိုင် သုံးစွဲခဲ့ကြတဲ့ ပစ္စည်းတွေကို ပြသထားပါတယ်။
XS
SM
MD
LG