သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလ်ငလျင် သေဆုံးသူ ၄,၀၀၀ ကျော်ပြီ


ဒဏ်ရာရသူကို နီပေါလ်စစ်သားတွေ သယ်ဆောင်လာစဉ်း။
ဒဏ်ရာရသူကို နီပေါလ်စစ်သားတွေ သယ်ဆောင်လာစဉ်း။

နီပေါလ်ငလျင်ဒဏ်ကြောင့် အသက်မသေပဲ ကျန်နေခဲ့သူတွေကို အကူအညီပေးဖို့ နိုင်ငံတကာက လူသားချင်းစားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေ ရောက်လာနေချိန်မှာပဲ အာဏာပိုင်တွေက သေဆုံးသူတွေကို အစုလိုက် အပြုံလိုက် မီးသင်္ဂြိုလ်နေပြီ ဖြစ်ပါတယ်။ အခုချိန်ထိ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် မြေပြိုထားတာတွေနဲ့ အဆောက်အဦးပျက်တွေက လမ်းတွေကို ပိတ်နေတဲ့အတွက် မြို့တော် ခတ္တမန္ဓူရဲ့ အပြင်ဖက် ဝေလံခေါင်ဖျားတဲ့ ဒေသတွေကို အကူအညီပေးရေးအဖွ့ဲတွေ သွားနိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့ ဒေသခံ သတင်းမီဒီယာတွေက ပြောပါတယ်။

ကျေးလက် ဒေသတွေမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့ အတွက် သေဆုံးသူ အရေအတွက် ဒီထက် ပိုနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဆေးဝါး အထောက်အပံ့နဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အကူအညီတွေ လိုအပ်နေတယ်လို့ နီပေါလ် အမျိုးသား မြေငလျင်အဖွဲ့က ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာ Ramesh Guragain က ဗွီအိုအေကို ပြောပါတယ်။ ခတ္တမန္ဓူမြို့ပေါ်မှာရှိတဲ့ ဆေးရုံတွေဟာလည်း ဒဏ်ရာသူတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။

ခတ္တမန္ဓူမြို့ရဲ့ လေဆိပ်ဟာလည်း အကူအညီပေးရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ လေယာဉ် အတော်များများလည်း ဆင်းခွင့်မရပဲ ပြန်လှည့် သွားခဲ့ကြရတာတွေ ရှိသလို တချို့လေယာဉ်တွေကတော့ သယ်လာတဲ့ ပစ္စည်းတွေကိုချပြီး ဒဏ်ရာရနေတဲ့သူတွေကို တင်ဆောင်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG