သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS ကိုတိုက်ဖို့ အိမ်နီးချင်း ကာ့ဒ်တွေ အင်အားဖြည့်


ဆီးရီးယားနိုင်ငံ၊ Kobani မြို့ စစ်ဒဏ်ခံနေရတဲ့မြင်ကွင်းနဲ့ နယ်စပ်မြို့ Mursitpinar မြို့မှာ တူရကီစစ်သုံးယာဉ် နေရာအသင့်ယူထားစဉ်။ (အောက်တိုဘာ ၂၉၊ ၂၀၁၄)
ဆီးရီးယားနိုင်ငံ၊ Kobani မြို့ စစ်ဒဏ်ခံနေရတဲ့မြင်ကွင်းနဲ့ နယ်စပ်မြို့ Mursitpinar မြို့မှာ တူရကီစစ်သုံးယာဉ် နေရာအသင့်ယူထားစဉ်။ (အောက်တိုဘာ ၂၉၊ ၂၀၁၄)

ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်စပ် ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ သီတင်းပတ်တွေနဲ့ချီ တိုက်ပွဲတွေဖြစ်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေဘက်ကနေ အားဖြည့်ကူညီတိုက်ခိုက်ဖို့ နောက်ထပ် ကာ့ဒ်တပ်ဖွဲ့တွေ ရောက်လာနေပါတယ်။

လွတ်လပ်သော ဆီးရီးယားတပ်မတော်အဖွဲ့က တိုက်ခိုက်ရေးသမား ၅၀ တူရကီနိုင်ငံကို ဖြတ်ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ကိုဘာနီမြို့ကို ရောက်လာခဲ့တာပါ။

ဒီအဖွဲ့ဟာ လွန်ခဲ့တဲ့ သုံးနှစ်ခွဲတုန်းက ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ကို ရာထူးကဖယ်ရှားဖို့ ဆီးရီးယားအစိုးရတပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခု IS အဖွဲ့ ချေမှုန်းရေးမှာ ပူးပေါင်းပါဝင်လာတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေကို ကူညီဖို့ အီရတ်က ကာ့ဒ်တပ်ဖွဲ့တွေဟာလည်း တူရကီနိုင်ငံအရှေ့တောင်ပိုင်းက လေဆိပ် တခုကို ဒီကနေ့ ရောက်ရှိလာခဲ့ပြီး တူရကီလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စောင့်ကြပ်မှုနဲ့ ဆီးရီးယား နယ်စပ်ကို ခရီးဆက်ခဲ့ကြတာပါ။ လက်နက်ကြီးတွေနဲ့အတူ နောက်ထပ် တပ်ဖွဲ့တသုတ်ဟာလည်း မြေပြင်လမ်းကြောင်းနဲ့ တူရကီနိုင်ငံကို ဖြတ်ပြီး ဆီးရီးယားနယ်စပ်ကို ထွက်ခွာခဲ့ကြပါတယ်။

ကိုဘာနီမြို့က တိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်ဖို့ သူ့ကိုယ်ပိုင်တပ်ဖွဲ့တွေကိုတော့ စေလွှတ်မှာမဟုတ်ဘူးလို့ တူရကီအစိုးရက ပြော ထားပေမဲ့ အီရတ်က ကာ့ဒ်တိုက်ခိုက်ရေး တပ်ဖွဲ့ ၁၅၀ ကို သူ့နိုင်ငံထဲကနေ ဖြတ်သန်းသွားလာခွင့် ပြုဖို့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ သဘောတူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG