သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
အာကာသသူရဲကောင်း Neil Armstrong ကွယ်လွန်
နောက်ဆုံးရသတင်း

အာကာသသူရဲကောင်း Neil Armstrong ကွယ်လွန်


လပေါ်မှာ ပထမဆုံး လမ်းလျှောက်နိုင်ခဲ့တဲ့ အမေရိကန် အာကာသ သူရဲကောင်း Neil Armstrong ဟာ အိုဟိုင်းအိုး ပြည်နယ်က သူ့ရဲ့အိမ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Armstrong ဟာ သူနေထိုင်ရာ Cincinnati မြို့အပြင်ဘက်က နေအိမ်မှာ စနေနေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ မိသားစုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ Armstrong ဟာ လပေါ်ကို Apollo 11 ဆိုတဲ့ အာကာသယာဉ်နဲ့ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တဲ့ သူပါ။ အဲဒီနောက် သူက “ဒါဟာ ကမ္ဘာလူသားတွေ အတွက် ကြီးမားတဲ့ ခြေလှမ်းကြီးတရပ် ဖြစ်တယ်” ဆိုတဲ့ သမိုင်း တွင်ကျန်ရစ်ခဲ့တဲ့ သတင်းစကားကို ရေဒီယိုကနေ တဆင့် ပေးပို့ခဲ့ပါတယ်။

မစ္စတာ Armstrong ဟာ သူနဲ့အတူ လိုက်ပါလာတဲ့ အာကာသာယာဉ်မှူး Edwin Buzz Aldrin နဲ့ အတူ လပေါ်မှာ နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒါကိုလည်း တကမ္ဘာလုံးက ကြည့်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာတော့ Armstrong ဟာ အပြင်ကို သိပ်မထွက်ပဲ အိမ်ထဲမှာပဲ အချိန် အတော်များများ နေခဲ့ပါတယ်။
XS
SM
MD
LG