သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉၅ နှစ်ပြည့် Nelson Mandela ကျန်းမာရေးတိုးတက်


 Mandela မွေးနေ့ ဆုတောင်းနေသူများ။
Mandela မွေးနေ့ ဆုတောင်းနေသူများ။
ကြာသာပတေးနေ့မှာ အသက် ၉၅ နှစ်ထဲကို ရောက်ရှိ သွားပြီဖြစ် တဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလား ရဲ့ ကျန်းမာရေး အခြေအနေဟာ တစထက်တစ ပိုပြီးတော့ ကောင်းမွန် လာနေပြီ လို့ တောင်အာဖရိကအစိုးရ က ပြောပါတယ်။ မစ္စတာ မန်ဒဲလားရဲ့ မွေးနေ့ အခါသမယမှာ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား က မွေးနေ့ ဆုမွန်ကောင်း တောင်းလိုက်သလို မစ္စတာ နယ်လ်ဆင်မန်ဒဲလားကို နိုင်ငံတကာ က ကြည်ညိုလေးစားရတဲ့ ခေါင်းဆောင်တယောက် အဖြစ် အသိအမှတ်ပြုခံရတဲ့အတွက် တောင်အာဖရိက က ဂုဏ်ယူတဲ့အကြောင်း ကိုလည်း သူ့ရဲ့ကြေညာချက်မှာ ထည့်သွင်းဖေါ်ပြထားပါတယ်။

မစ္စတာမန်ဒဲလားဟာ အဆုတ်ရောဂါဝေဒနာ ခံစားနေရတဲ့အတွက် ဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှု ခံယူနေရတာ အခုဆိုရင် တလကျော်လာခဲ့ပါပြီ။ သူ့ရဲ့ကျန်းမာရေးအခြေအနေဟာ ပုံမှန်အခြေအနေရှိနေတယ်ဆိုပေမယ့် စိုးရိမ်ရ သေးတယ်လို့ တာဝန်ရှိသူတွေကပြောကြပါတယ်။

သမီးဖြစ်တဲ့ ဇန်ဇီမန် ဒဲလားကလည်း သူမအဖေရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာကြောင်း ကြာသာပတေးနေ့မှာ အတည်ပြုပြောဆိုသလို၊ မကြာခင် သူ့အဖေ အိမ်ပြန်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

မစ္စတာမန်ဒဲလားရဲ့ မွေးနေ့ဖြစ်တဲ့ ကြာသာပတေးနေ့မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြဖို့ တောင်အာဖရိက နိုင်ငံသားတွေ ပြင်ဆင်နေကြပါတယ်။
မန်ဒဲလား အထိမ်းအမှတ်နေ့မှာ လူတိုင်းလူတိုင်းက သူတို့ရဲ့ အချိန်ထဲက ၆၇ မိနစ် ဒါမှမဟုတ် မစ္စတာမန်ဒဲလားအနေနဲ့ လူမှုရေး တရားမျှတမှု အတွက်ဆောင်ရွက်ခဲ့တဲ့ နှစ်တနှစ်စီအတွက် တမိနစ် အချိန်ပေးပြီး အများပြည်သူအတွက် တစုံတခု ပြုလုပ်ပေးကြဖို့ တိုက်တွန်းထားပါတယ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG