သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီးသစ် ၃ ဦး ခန့်အပ်


 ပြည်ထောင်စုလွှတ်တော် (ဓါတ်ပုံ-MOI)
ပြည်ထောင်စုလွှတ်တော် (ဓါတ်ပုံ-MOI)

ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားတဲ့ ဝန်ကြီးဌာန ၄ ခုထဲက ၂ ခုဖြစ်တဲ့ ပညာရေးနဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးတွေအတွက် ဝန်ကြီးတွေကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါပြီ။

ပညာရေးဝန်ကြီးဌာနအတွက် ဒေါက်တာမျိုးသိမ်းကြီးနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအတွက် ဦးဖေဇင်ထွန်းတို့ကို ခန့်အပ်ဖို့ ကန့်ကွက်သူမရှိတာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်၊ ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဒုတိယရှေ့နေချုပ်ဟောင်း ဦးထွန်းထွန်းဦးနဲ့ စာရင်းစစ်ချုပ်အဖြစ် စီးပွားရေးတက္ကသိုလ်ပါမ္ခောချုပ်ဟောင်း ဦးမော်သန်းတို့ကို ခန့်အပ်ဖို့လဲ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပညာရေးဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာမျိုးသိမ်းကြီးဟာ ပညာရေးလောကသားတွေအကြားမှာရော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေအကြားမှာပါ အငြင်းပွားစရာ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ အထူးသဖြင့်တော့ သမ္မတဦးသိန်းအစိုးရလက်ထက် အမျိုသားပညာရေးဥပဒေပေါ်ပေါက်ရေးနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ဦးဆောင်ခဲ့သူဖြစ်တာတာမို့၊ ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့သူတဦးဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးမှာ ကျောင်းသားတွေ အခြားပညာရှင်တွေနဲ့ အဆင်ပြေပြေ ဆောင်ရွက်နိုင်ပါ့မလား စိုးရိမ်မှုတွေရှိပါတယ်။ ပြည်ထောင်စုရှ့နေချုပ်ဖြစ်လာတဲ့ ဦးထွန်းထွန်းဦးဟာဆိုရင်လည်း ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒုတိယ ရှေ့နေချုပ်အဖြစ်တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။ သူဟာ စစ်တပ်မှာ ဗိုလ်ချုပ်ရာထူးအထိ တာဝန်ထမ်းခဲ့သလို၊ စစ်ဥပဒေချုပ်အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG