သွေးလွန်တုပ်ကွေး ရောဂါအတွက် တီထွင်ထားတဲ့ ဆေးအမျိုးအစားအသစ်ကို နောက်ဆုံးအဆင့်အဖြစ် စမ်းသပ်အသုံးပြုရာမှာ ကလေးငယ် ထက်ဝက်ကျော်ကို အကာအကွယ်ပေးနိုင်ခဲ့တဲ့အကြောင်း ပြင်သစ်နိုင်ငံက ဆေးကုမ္ပဏီတခုဖြစ်တဲ့ Sanofi Pasteur ကပြောပါတယ်။
ကျန်းမာရေး အဖွဲ့အစည်းတွေကတော့ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝှမ်းက ခန့်မှန်းခြေ ကလေးငယ် သန်း ၄၀၀ လောက်ဟာ ခြင်ကတဆင့် ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေကြရတယ်လို့ ခန့်မှန်းထားတာပါ။
ဆေးအမျိုးအစာအသစ်နဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ကလေးပေါင်း ၁ သောင်းကျော်ကို စမ်းသပ်ရာမှာတော့ ၅၆% ကို အကာအကွယ်ပေးနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေကတော့ ၅၀% အကာအကွယ် ပေးနိုင်တယ်ဆိုရင်ပဲ ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုနေကြတာပါ။
ပြင်သစ်ဆေးကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Olivier Charmeil ကတော့ သွေးလွန်တုပ်ကွေးဟာ ကာကွယ်ဆေးနဲ့ ဟန့်တားနိုင်တဲ့ ရောဂါအဆင့် ရောက်လာစေဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုက ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) ကတော့ ကမ္ဘာ့လူဦးရေ ၃ ပုံ ၁ ပုံလောက်ရှိတဲ့ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ နေထိုင်ကြသူတွေဟာ သွေးလွန်တုပ်ကွေး အန္တာရာယ်နဲ့ ရင်ဆိုင်နေရသလို၊ ရောဂါကြောင့် သေဆုံးမှုတွေနဲ့လည်း ကြုံရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။