သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zikaဗိုင်းရပ်စ်နဲ့ သန္ဓေသား ချို့ယွင်းမှု အဆက်အစပ်သစ် တွေ့ရှိ


ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦး။
ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦး။

ဇီကာဗိုင်းရပ်စ်နဲ့ ချို့ယွင်းချက် ရှိတဲ့ ကလေးငယ်တွေ မွေးဖွားမှုတိုးများလာမှုကြား ချိတ်ဆက်မှု ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားသစ်တွေ တွေ့ရှိရတယ်လို့ New England Journal of Medicine ရဲ့ ဆောင်းပါး တခုမှာ ဖော်ပြ လိုက်ပါတယ်။ ဆလိုဗေးနီးယား သုတေသန ပညာရှင် အဖွဲ့ တခုရဲ့ ဆောင်းပါး ကိုတော့ သူတို့ရဲ့ လေ့လာတွေ့ရှိမှုကို ထောက်ခံတဲ့ အမေရိကန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့တခုရဲ့ အာဘော်နဲ့ အတူ မနေ့ ဗုဒ္ဓဟူးနေ့က ထုတ်ဝေတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မိခင်နဲ့ ပုံမှန် မဟုတ် တာကြောင့် ဖျက်ချလိုက်တဲ့ သန္ဓေသားကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီလ်းနိုင်ငံက ဇီကာဗိုင်းရပ်စ် ကူးစက် ပျံ့ပွားမှု အများဆုံး ဖြစ်နေတဲ့ နိုင်ငံပါ။ ဇီကာဗိုင်းရပ် ကူးစက်ခံရမှုတွေ မြင့်တက်လာတာနဲ့ အတူ မွေးကင်းစ ကလေးငယ်တွေမှာ ဦးနှောက် ဖွံ့ဖြိုးမှုမရှိတဲ့ Microcephaly ဖြစ်ပွားမှု ကလည်း မြင့်တက် လာတာနဲ့လည်း ဘရာဇီလ်းနိုင်ငံ ကြုံတွေ့နေရတာပါ။

ခြင်ကနေ တဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားနေတာကြောင့် ၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ် ပွဲတော် ကျင်းပမယ့် ဘရာဇီးလ် နိုင်ငံကို ကိုယ်ဝန်ဆောင် မိခင်တွေ၊ နောက် ကလေးယူဖို့ စိတ်ကူးထားတဲ့ အမျိုးသမီးတွေ ခရီးမသွားကြဖို့လည်း ကျန်မာရေး ဆိုင်ရာ ကျွမ်းကျင်သူ တချို့က အကြံပြုထားပါတယ်။

ဇီကာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အတွက် ခြင်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်ရမယ်လို့ အမေရိကန် လူထု ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် လွှတ်တော် ကော်မတီရှေ့မှောက်မှာ အစီရင်ခံခဲ့ပါတယ်။

XS
SM
MD
LG