သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီးသစ် အကဲစမ်းမှုတွေနဲ့ တာဝန်စတင်


ကာကွယ်ရေးဝန်ကြီးသစ် ချက် ဟေဂယ် က ကာကွယ်ရေးဌာန ဝန်ထမ်းတွေကို စကားပြောကြားစဉ် (၂၇ ဖေဖော်ဝါရီ ၂၀၁၃)
ကာကွယ်ရေးဝန်ကြီးသစ် ချက် ဟေဂယ် က ကာကွယ်ရေးဌာန ဝန်ထမ်းတွေကို စကားပြောကြားစဉ် (၂၇ ဖေဖော်ဝါရီ ၂၀၁၃)
အမေရိကန် အထက်လွှတ်တော် အမတ်ဟောင်း ချက် ဟေဂယ် (Chuck Hagel) ဟာ ဗုဒ္ဓဟူးနေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး တာဝန်ကို စတင် ယူခဲ့ပါတယ်။

အောက်လွှတ်တော်ဘက်က ဆုံးဖြတ်ချက် တစုံတရာ မချဘူးဆို ရင် သောကြာနေ့ကစပြီး အစိုးရ အသုံးစရိတ် အလိုအလျောက် ဖြတ် တောက်မှုကို ခံရမယ့် ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ စိန်ခေါ် မှုတွေကို ရင်ဆိုင်နေရတယ် ဆိုတာကို သူ့အနေနဲ့ သိပါတယ်လို့ ကာကွယ်ရေးဌာန ဝန်ထမ်းတွေကို မစ္စတာ ဟေဂယ် က ပြောကြားခဲ့ပါတယ်။

လက်တွေ့ဖြစ်လာတဲ့ အခြေအနေတွေကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို သူ့ရဲ့ ကာကွယ်ရေးဌာန အနေနဲ့ အဖြေရှာရမယ်လို့ ပြော ကြားခဲ့ပါတယ်။ ရှေ့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်ဆိုတာကို လည်း ကာကွယ်ရေးဝန်ကြီး တာဝန် စယူတဲ့နေ့မှာ ဝန်ကြီး ဟေဂယ် (Hagel) က ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာကြီးနဲ့ ထိတွေ့မှု ရှိနေဖို့ လိုအပ်ပြီး သူ့ရဲ့ မဟာမိတ်တွေနဲ့ အတူ လက်တွဲ ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ရေးဌာနနဲ့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်တဲ့ ခေါင်းဆောင် တယောက်ဖြစ်အောင် ထိုက်တန်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် ချက် ဟေဂယ် (Chuck Hagel) က ကတိပေးခဲ့ပါတယ်။
XS
SM
MD
LG