သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီးသစ် အမေရိကန် အထက်လွှတ်တော် အတည်ပြု


အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်း ချက် ဟေဂယ် (၃၁ ဇန်နဝါရီ ၂၀၁၃)
အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်း ချက် ဟေဂယ် (၃၁ ဇန်နဝါရီ ၂၀၁၃)
အမေရိကန် အထက်လွှတ်တော်က ချက် ဟေဂယ် (Chuck Hagel) ကို ကာကွယ်ရေးဝန်ကြီး အဖြစ် ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၄၁ မဲနဲ့ အတည်ပြုပေးလိုက်ပါတယ်။ ဒါဟာ အစိုးရ အသုံးစရိတ် အလိုအလျောက် ဖြတ်တောက်မှုတွေ မစတင်ခင် ရက်ပိုင်း အနည်းငယ် အလိုမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ အသုံးစရိတ် ဖြတ်တောက်မှုတွေထဲက တဝက်ဟာ အမျိုးသား လုံခြုံရေး အသုံးစရိတ် ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့တော့ အထက်လွှတ်တော်ကနေ ဗွီအိုအေ သတင်းထောက် မိုက်ကယ်လ် ဘိုးမန်း (Michael Bowman) သတင်းပေးပို့ထားတာ ကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

အထက်လွှတ်တော်အမတ်ဟောင်း ချက် ဟေဂယ် (Chuck Hagel) ကို အမေရိကန် အထက်လွှတ်တော်က နောက်တက်မယ့် အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၄၁ မဲနဲ့ အင်္ဂါနေ့က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရက် အထက်လွှတ်တော်အမတ် ဟယ်ရီ ရိ (Harry Reid) က -

“၃ ရက်အကြာမှာ ကာကွယ်ရေး အသုံးစရိတ်တွေကို ဖြတ်တောက်မှု စတင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြတ်တောက်မှုတွေကို အကောင်အထည် ဖော်နိုင်ဖို့ ကာကွယ်ရေးဌာနက ရင့်ကျက်တဲ့
ခေါင်းဆောင်တဦး လိုအပ်ပါတယ်။”

ဒီမိုကရက်တွေ ထိန်းချုပ်တဲ့ အထက်လွှတ်တော်မှာ သီတင်းပတ်ပေါင်း များစွာတိုင်အောင်ပဲ ရီပတ်ပလစ်ကန်တွေဘက်က ချက် ဟေဂယ် (Chuck Hagel) ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မှုကို အပြင်းအထန် ကန့်ကွက်ခဲ့ကြတာပါ။ ကန့်ကွက်တဲ့သူတွေထဲမှာ ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန် ကောန်နင် (John Cornyn) လည်း ပါဝင်ပါတယ်။

သူက ဒီလ စောစောပိုင်းက ကျင်းပခဲ့တဲ့ အတည်ပြု ကြားနာ စစ်ဆေးပွဲမှာ ချက် ဟေဂယ် (Chuck Hagel) ရဲ့ ထွက်ဆိုချက်တွေကို ထောက်ပြခဲ့ပါတယ်။

“အထက်လွှတ်တော်အမတ် ဟေဂယ် (Hagel) က လူသတ်တဲ့ အကြမ်းဖက်မှုကို ပံ့ပိုးပေးနေတဲ့ အီရန် ဘာသာရေး ခေါင်းဆောင်တွေကို တရားဝင် ရွေးကောက် တင်မြှောက်ခံရတဲ့ အစိုးရ ဖြစ် တယ်လို့ ပြောခဲ့တယ်။ ဒီလို ပြောတာဟာ အသက်စွန့်ပြီး သတ္တိရှိလှတဲ့ အီရန် ဒီမိုကရေစီ လှုပ်ရှား မှုတွေကို စော်ကားရာ ရောက်ပါတယ်။ ဒါကို ဘယ်လိုမှ နားကြားကောင်းအောင် ပြောလို့မရပါဘူး။ အထက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီရှေ့မှောက် အထက်လွှတ်တော်အမတ်ရဲ့ ထွက်ဆိုချက်တွေဟာလည်း သိပ်ကို မဆီလျော်ပါဘူး။ ဒီလို ကာကွယ်ရေးဝန်ကြီး တာဝန် ရာထူးအတွက် အရည်အချင်း မပြည့်တဲ့သူကို မခန့်အပ်သင့်ပါဘူး။”

ဒါ့အပြင် ရီပတ်ပလစ်ကန် အများစုက အီရန် နျူကလီးယားအရေးအပြင် အစ္စရေးလ်က အမေရိကန် နိုင်ငံရေးအပေါ် လွှမ်းမိုးမှုနဲ့ပတ်သက်လို့ ဟေဂယ် (Hagel) ရဲ့ ထွက်ဆိုချက်တွေကို လည်း ဝေဖန်ခဲ့ကြပါတယ်။ ဒီမိုကရက်တွေကတော့ ဟေဂယ် (Hagel) ရဲ့ ထွက်ဆိုချက်ကို အဓိပ္ပါယ်ကောက်ယူတာ လွဲမှားတယ်လို့ တုံ့ပြန်ကြပါတယ်။

ဒီမိုကရက် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ တွန် ကာပါ (Tom Carper) က သမ္မတအနေနဲ့ သူ့ဝန်ကြီးအဖွဲ့မှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

“ဘယ်နိုင်ငံရေး ပါတီကပဲဖြစ်ဖြစ် သမ္မတအနေနဲ့ သူ လိုအပ်တဲ့ အစိုးရအဖွဲ့ဝင်တွေကို ခန့်အပ် သင့်ပါတယ်။ သူတို့ကို ခေါင်းဆောင်ဖို့ ရွေးကောက်တင်မြှောက်ထားတာမို့ သူတို့ကို ခေါင်းဆောင်ဖို့ အခွင့်အလန်း ပေးသင့်ပါတယ်။ သူတို့ဘက်က ပျက်ကွက်ခဲ့ရင်တော့ သူတို့ တာဝန်ခံရမှာပေါ့။”

ဗီယက်နမ် စစ်ပြန်ထမ်းဟောင်းတဦးဖြစ်တဲ့ ဟေဂယ် (Hagel) ဟာ ၂၀၁၁ ခုက ကာကွယ်ရေး ဝန်ကြီးဖြစ်ခဲ့သူ လီယွန် ပန်နစ်တာ (Leon Panetta) ရဲ့ ရာထူးကို ဆက်ခံမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG