သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမြို့ကြီးတွေ ၂၀၁၆ နှစ်သစ်ကြို


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကနေ သြစတြေးလျနိုင်ငံအဆုံး ကမ္ဘာ့တလွှားက လူ သန်းပေါင်းများစွာဟာ လုံခြုံရေး တင်းကျပ်မှုတွေအောက်မှာ အကြမ်းဖက်ဖြစ်ရပ် တစုံတရာမရှိခဲ့ဘဲ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။

နယူးယောက်မြို့မှာ နှစ်သစ်ကူး ကောင့်ဒေါင်းလုပ်တဲ့ ခရစ္စတယ် ဖန်ဘောလုံးကြီး တဖြည်းဖြည်း ကျသွားတဲ့အချိန် မြို့လယ် Time Square မှာ လူထောင်ပေါင်း များစွာ နှစ်သစ်ကို ကြိုဆိုခဲ့ကြသလို၊ သြစတြေးလျနိုင်ငံမှာတော့ ဆစ်ဒနီ ဆိပ်ကမ်းမှာ ကောင်းကင်တခုလုံး လင်းထိန်သွားတဲ့အထိ မီးရှူး မီးပန်းတွေ ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ မှာလည်း နှစ်သစ်ကူးချိန်မှာ ကောင်းကင်ယံထက် မိုးပျံပူဖောင်းတွေ လွှတ်တင်ပြီး ကြိုဆိုခဲ့ကြတာပါ။

ဘယ်လ်ဂျီယံနိုင်ငံမှာတော့ အကြမ်းဖက်တိုက်ခိုက်တာတွေနဲ့ ကြုံရနိုင်တယ် ဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် နှစ်သစ်ကူးအကြိုညမှာ မီးရှူးမီးပန်း ဖောက်မယ့်အစီအစဉ်ကို ဖျက်လိုက်ရပြီးတဲ့နောက် နှစ်သစ်ကူးပွဲတော် ဆင်နွှဲတာတွေလည်း မရှိခဲ့ပါဘူး။

ဂျာမနီနိုင်ငံ Munich မြို့မှာတော့ မီးရထားဘူတာရုံနှစ်ခုမှာ နှစ်သစ်ကူးည အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ ခိုင်မာတဲ့ ခြိမ်းခြောက်မှု သတင်းတွေ ရခဲ့တာကြောင့် အဲဒီဘူတာရုံတွေကနေ ခရီးသည်တွေကို ဘေးလွတ်ရာ ထွက်ခွာဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားခဲ့ရပါတယ်။ အဲဒီနောက် အကြမ်းဖက်ဖြစ်ရပ် တစုံတရာတော့ မရှိခဲ့ပါဘူး။

အကြမ်းဖက်ဖြစ်ရပ်တွေ ဖြစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံမှာဆိုရင်တော့ Champs-Élysées လမ်းမပေါ်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်မယ့် အစီအစဉ်ကို ဖျက် လိုက်ရပေမဲ့ လူတွေအများအပြားကတော့ ၂၀၁၆ နှစ်သစ်ကို ကြိုဆိုတဲ့ရုပ်ပုံတွေနဲ့ ဆလိုက် ထိုးထားတဲ့ နံမည်ကျော် Arc de Triomphe မုဒ် ဦးကြီးအနီး လာရောက်စုဝေးပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။

XS
SM
MD
LG