အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ငြိမ်းချမ်းစွာ ပူးပေါင်းလုပ်ကိုင်ရေးကို တရုတ်က အဓိကထားတယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံ စီးပွားရေးမှာ အပြန်အလှန် မှီခိုကြပါတယ်။ တရုတ်ကလည်း အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ယုံကြည်မှုရရှိအောင် အထူးကြိုးပမ်းပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာတော့ နယ်စပ်ဒေသတည်ငြိမ်ရေးကို အဓိကထားပါတယ်။ ဒါပေမဲ့ မိမိရည်မှန်းချက် မအောင်မြင်တဲ့အခါမှာတော့ တရုတ်ဖက်က အကျပ်ကိုင်ဖိအားပေးတာမျိုးတွေ လုပ်လာတာတွေ့ရပါတယ်။
၂၀၁၁ ဇွန်လကစပြီး KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာအစိုးရတပ်တို့ တိုက်ကျခိုက်ကျတဲ့အတွက် စစ်ပြေးဒုက္ခသည် ကချင်တိုင်းရင်းသားတွေ ထောင်သောင်းချီပြီး ယူနန်ပြည်နယ်မှာ ခိုလှုံကြပါတယ်။ ဒါပေမဲ့ ကချင်ဒုက္ခသည်ကို ယူနန်အာဏာပိုင်က လူမှုအကူအညီ မပေးတဲ့အပြင် အပြည်ပြည်ဆိုင်ရာ အကူအညီပေးတာကိုလည်း လက်မခံကြောင်း Human Rights Watch က သြဂုတ်လ (၂၄) ရက်နေ့က ဖော်ပြပါတယ်။ နောက်တော့ ယူနန်ပြည်နယ် နောင်တောင်းခရိုင်က ကချင်ဒုက္ခသည်တွေကို KIO အကူအညီနဲ့ ကချင်ပြည်နယ်ကို ပြန်ပို့လို့ တရုတ်အစိုးရကို ဝိုင်းဝန်းဝေဖန်ကြပါတယ်။
ယူနန်အာဏာပိုင်တွေက ကချင်ဒုက္ခသည်ကို ဆက်ဆံပုံနဲ့ ကိုးကန့်တရုတ်ကို ဆက်ဆံပုံဟာ အလွန်ကွာခြားပါတယ်။ တရုတ်အများအပြားနေထိုင်တဲ့ ကိုးကန့်ဒေသကို ဗမာစစ်အစိုးရက ၂၀၀၉ သြဂုတ်လမှာ ထိုးစစ်ဆင်တော့ ကိုးကန့်တရုတ် သုံးသောင်းကျော် ယူနန်ပြည်နယ်မှာ ဝင်ရောက်ခိုလှုံကြပါတယ်။ ယူနန်ပြည်နယ် (၇) နေရာမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးခဲ့ပါတယ်။ ကချင်ဒုက္ခသည် ကြုံနေရတဲ့ ပြဿနာမျိုးတွေ ကိုးကန့်ကိစ္စမှာ မရှိခဲ့ပါဘူး။ ကိုးကန့်ဒုက္ခသည် တသောင်းကနေ နှစ်သောင်းအထိ စခန်းတွေမှာမနေဘဲ အမျိုးမိတ်ဆွေအိမ်တွေမှာ တည်းခိုကြတယ်လို့ သိရပါတယ်။ ကိုးကန့်ကိစ္စမှာ တရုတ်အစိုးရက အကြီးအကျယ်မကျေနပ်ဖြစ်ပေမယ့် နှစ်နိုင်ငံဆက်ဆံရေး အပျက်မခံတာကို တွေ့ရပါတယ်။ ဒီဇင်ဘာမှာ တရုတ် ဒု-သမ္မတ နေပြည်တော်သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ပါတယ်။
ယူနန်အစိုးရဟာ ကချင်တွေအပေါ် ထောက်ထားစာနာစိတ် ရှိတယ်လို့ဆိုပါတယ်။ ကချင်ဆေးဝန်ထမ်းတွေကို တရုတ်ပြည်ကို နှစ်စဉ်စေလွှတ်ပြီး သင်တန်းတက်ခိုင်းပါတယ်။ ကုမင်တက္ကသိုလ်နဲ့ ဆက်ထားတဲ့ တရုတ်ကျောင်း လိုင်ဇာမှာရှိကြောင်း သိရပါတယ်။ မြန်မာဖက် ကချင်နဲ့ တရုတ်ဖက်က ဂျင်းဖောတို့ဟာ မျိုးနွယ်တူတွေဖြစ်တာကြောင့် သွေးစည်းမှုရှိကြတယ်လို့ ဆိုပါတယ်။ ဒီ ဆက်စပ်မှုတွေကြောင့် တရုတ်ဟာ KIO နဲ့ ရေရှည်ဆက်ဆံရေး မြှင့်တင်လိုတာ သိသာတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ မြစ်ဆုံဆည်စီမံကိန်းကို ကချင်တိုင်းရင်းသားတွေက တောက်လျှောက်ဆန့်ကျင်ခဲ့ကြပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းတိုင်းလိုလိုမှာ ယူနန်စက်မှုပစ္စည်း တင်ပို့ရေးကုမ္မဏီဟာ အနည်းအများ ပါဝင်နေတာ တွေ့ရပါတယ်။ တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္မဏီ (၅) ခုစလုံး မြန်မာ့ရေအားလျှပ်စစ်မှာ ရင်းနှီးမြှုပ်နှံထားတာမို့ ကချင်ပြည်နယ်စစ်ပွဲဟာ တရုတ်အစိုးရ အထူးသဖြင့် ယူနန်ပြည်နယ်အစိုးရကို ရတက်ပွေစေပါတယ်။
တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက်သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်အစိုးရတို့ အငြင်းပွားနေကြပါတယ်။ ဖိလစ်ပိုင်ရဲ့ မိုင် (၂၀၀) အထူးစီးပွားရေးဇုန်အတွင်းက စကားဘရားရေတိမ်ဒေသမှာ တရုတ်သင်္ဘောတွေ ငါးဖမ်းမှုကြောင့် နှစ်ဖက်စစ်ရေယာဉ်တွေ ထိပ်တိုက်တွေ့ကြပါတယ်။ ဖိလစ်ပိုင်က အလျော့မပေးတဲ့အတွက် တရုတ်ဟာ စီးပွားရေးအရ အကျပ်ကိုင်ပါတော့တယ်။ ဖိလစ်ပိုင်က တင်ပို့တဲ့ ငှက်ပြောသီးတွေကို ပိုးပါတယ်ဆိုပြီး အဝင်မခံပါဘူး။ သင်္ဘောသီး၊ သရက်သီး၊ အုန်းသီးတို့ကိုလည်း အချိန်ယူစစ်ဆေးပါတယ်။ ဖိလစ်ပိုင် ငှက်ပြောသီး (၃၀) ရာခိုင်နှုန်းကျော် တရုတ်ပြည်ကို တင်ပို့နေတာကြောင့် ဖိလစ်ပိုင်လုပ်ငန်းရှင်တွေ နစ်နာဆုံးရှုံးကြပါတော့တယ်။ နောက်ဆုံးမှာ လုပ်ငန်းရှင်ရဲ့ တောင်းဆိုချက်ကို လိုက်လျောပြီး စကားဘရားရေတိမ်က ဖိလစ်ပိုင်သင်္ဘောတွေကို ရုတ်သိမ်းလိုက်ရပါတယ်။ ဒါပေမဲ့ တရုတ်ငါးဖမ်းသင်္ဘောကတော့ ရှိနေဆဲဖြစ်လို့ တရုတ်အနိုင်ရသလို ဖြစ်နေပါတယ်။
ကချင်ပြည်နယ်မှာ စစ်ပြန်ဖြစ်ပြီး မြစ်ဆုံဆည်ရပ်ဆိုင်းပြီးတဲ့နောက်ပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးကို တရုတ်ဖက်က ချုပ်ချယ်ကန့်သတ်မှု လုပ်လာတာတွေ့ရပါတယ်။ တင်သွင်းနေကျ မြန်မာ့ဆန်ကို အရည်အသွေးညံ့ဖျင်းတယ်လို့ အကြောင်းပြပြီး ပိတ်ပင်ထားတဲ့အတွက် မူဆယ်၊ လွယ်ဂျယ်၊ လိုင်ဇာစတဲ့ နယ်စပ်ဂိတ်တွေမှာ ဆန်တွေပုံနေကြောင်း သိရပါတယ်။ မြန်မာပြည်က တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို အခွန်တိုးမြှင့်ကောက်ခံနေတာဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြောင်းလဲလာတဲ့ တရုတ်ရဲ့လမ်းစဉ်တခုဖြစ်ပါတယ်။ မြန်မာဆန်ကို (၆၅) ရာခိုင်နှုန်း အခွန်ကောက်ယူပြီး အခြားတွင်းထွက်ပစ္စည်းတွေကိုလည်း အခွန်တိုးမြှင့်ကောက်ခံနေပါတယ်။
ဗမာစစ်အစိုးရဟာ ဆက်လက်ရပ်တည်ရေးအတွက် နိုင်ငံရေး စီးပွားရေးနဲ့ စစ်ရေးမှာ တရုတ်ကို အားကိုးခဲ့ပါတယ်။ အနောက်တိုင်းက ဒဏ်ခတ်အရေးယူနေတုန်း တရုတ်အကူအညီနဲ့ အသက်ဆက်နိုင်ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ဗမာအစိုးရသစ်လက်ထက်မှာ တရုတ်ဖက်က နစ်နာတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်အစိုးရပဲတက်တက် နိုင်ငံရေးပထဝီအရ တရုတ်ဟာ မြန်မာပြည်အတွက် အရေးကြီးတာမို့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ဖို့ တရုတ်-မြန်မာ ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပါတယ်။