အခုတလော ထင်ရှားတဲ့သတင်းတွေထဲမှာ မကြာမီက ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဥပဒေလည်း ပါဝင်ပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရက ပြဌာန်းခဲ့တဲ့ ဥပဒေကို ပြင်ဆင်ရေးဆွဲတာ ဖြစ်ပါတယ်။ ၂၀၁၁ ဇန်နဝါရီလမှာ အထူးစီးပွားရေးဇုန်ဥပဒေကို ပြဌာန်းပါတယ်။ ၁၉၈၈ က အနှစ် (၂၀) ကျော်အတွင်း ဒေါ်လာသန်းပေါင်း (၃) သောင်းကျော် နိုင်ငံခြားက ရင်းနှီးမြှုပ်နံှခဲ့ကြောင်း သိရပါတယ်။ နိုင်ငံခြားအရင်းအနှီး ဆွဲဆောင်တဲ့အနေနဲ့ စင်္ကာပူအခြေစိုက် Center for Management Technology ကုမ္မဏီက ကြားပွဲစားလုပ်ပြီး ဇွန်လက ရန်ကုန်မှာ ပထမအကြိမ် ရင်းနှီးမြှုပ်နံှမှုညီလာခံ ကျင်းပပါတယ်။ လာမယ့် (၁၂) ရက်နေ့ နေပြည်တော်မှာ EuroMoney ကုမ္မဏီက ရင်းနှီးမြှုပ်နံှမှု ညီလာခံ ကျင်းပပါလိမ့်မယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာမှာလည်း ရန်ကုန်မှာ ရင်းနှီးမြှုပ်နံှမှု ညီလာခံတွေ ကျင်းပပါလိမ့်မယ်။
တိုးတက်ဖွံ့ဖြိုးပြီး အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ စစ်အစိုးရခေတ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကို ဆွဲဆောင်နိုင်တဲ့ စီးပွားရေးအခြေခံကို အလုံအလောက် မတည်ဆောက်နိုင်ခဲ့ပါဘူး။ ဒဏ်ခတ်မှုမရှိပေမယ့် စီးပွားရေးအခြေခံမကောင်းရင် နိုင်ငံခြားအရင်းအနှီး ဆွဲဆောင်ဖို့ ခက်ခဲနိုင်ပါတယ်။
အာဆီယံအသင်းရဲ့ နောက်တိုးနိုင်ငံ လေးနိုင်ငံထဲမှာ မြန်မာဟာ ဗိယက်နမ်နဲ့အသွင်တူပြီး လာအို၊ ကမ္ဘောဒီးယားတို့ထက် သာတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်အရေးယူ ခံခဲ့ရတာကြောင့် မြန်မာပြည်မှာ တရုတ်၊ အာဆီယံ နဲ့ အခြားနိုင်ငံတွေအသာ အများဆုံး ရင်းနှီးမြှုပ်နံှခဲ့ပါတယ်။ ဒီပဲယင်းလုပ်ကြံမှုကြောင့် မြန်မာ့သွင်းကုန်ကို အမေရိကန်ပိတ်ပင်တဲ့အတွက် အထည်ချုပ်လုပ်ငန်း၊ ခဏထိခိုက်နစ်နာသွားပုံကို ဂျပန်စီးပွားရေးပညာရှင် နှစ်ဦးက ဇူလိုင်လ သုံးသပ်ချက် ထုတ်ဝေထားပါတယ်။ ၁၉၉၀ ကနေ ၂၀၀၀ အထိ ဆယ်နှစ်အတွင်း အဝတ်အထည်တင်ပို့မူဟာ (၁၃) ဆ တိုးပွားလာပြီး ပို့ကုန်ရဲ့ ရာခိုင်နှုန်း (၄၀) ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်မှုကြောင့် ရုတ်တရက်ကျဆင်းသွားပါတယ်။ ၂၀၀၀ ခုနှစ်မှာ ဗိယက်နမ်ဟာ မြန်မာထက် (၂) ဆသာခဲ့ရာက ၂၀၁၀ မှာ အဆပေါင်း (၂၀) သာသွားပါတယ်။
အလုပ်အကိုင်တွေပေးပြီး တိုးတက်ဖွံ့ဖြိုးအောင်လုပ်ရာမှာ အထည်ချုပ်လုပ်ငန်းအရေးကြီးတာကို ဖွံ့ဖြိုးစနိုင်ငံတွေ သဘောပေါက်ကြပါတယ်။ နိုင်ငံခြားကုမ္မဏီ အရင်းအနှီးစိုက်ထုတ်ပြီး အိမ်ရှင်နိုင်ငံမှာ အထည်ပုံစံကို ဖြတ်၊ စက်နဲ့ချုပ်၊ ထုတ်ပိုးပြီးတင်ပို့ရတဲ့ ကုန်ပစ္စည်းဖြစ်လို့ နိုင်ငံခြားကုမ္မဏီဟာ အဓိကဖြစ်ပါတယ်။ အထည်ကို ဖြတ်၊ ချုပ်၊ ထုတ်ပြီး နိုင်ငံခြားကုမ္မဏီက ဈေးကွက်ရှာပါတယ်။ ဒါကြောင့် အမေရိကန်ဈေးကွက် ပိတ်သွားပေမယ့် ၂၀၁၁ မှာ အထည် (၄၅) ရာခိုင်နှုန်း ဂျပန်ကိုတင်ပို့ပြီး ၃၀ ရာခိုင်နှုန်းကျော် တောင်ကိုရီးယားကို တင်ပို့နိုင်တဲ့အထိ တိုးတက်လာပုံကို ဂျပန်ပညာရှင် Toshihiro Kudo နဲ့ Kenta Goto တို့က လေ့လာထားပါတယ်။ အထည်လုပ်ငန်း တိုးတက်နှေးကွေးတာဟာ ပြည်တွင်းအခြေအနေကြောင့်လို့ ဆိုပေမယ့် တတိယအများဆုံး တင်ပို့နိုင်တာ တွေ့ရပါတယ်။
အစပိုင်းမှာ အခြေအနေ မတိမ်းမယိမ်းဖြစ်နေရာက ဗိယက်နမ်အထည်လုပ်ငန်းတွေက မြန်မာထက်အဆ (၂၀) သာသွားပုံရပုံကို ဂျပန်ပညာရှင် (၂) ဦးက ဆန်းစစ်ထားပါတယ်။ ဘဝတူဖြစ်ခဲ့တဲ့ ဗိယက်နမ်ဟာ ဗမာအစိုးရအတွက် သင်္ခန်းစာကောင်းတခု ဖြစ်တယ်လို့ဆိုပါတယ်။ ဗိယက်နမ်အထည်လုပ်ငန်းဟာ ကုန်ပစ္စည်းအရည်အသွေး တိုးမြှင့်အောင် လုပ်နိုင်စွမ်းရှိပါတယ်။ မြန်မာကတော့ အိမ်နီးချင်းတွေထက် နှိမ့်ကျနေပါတယ်။ လျှပ်စစ်ဓါတ်အား မလုံလောက်မှု၊ သယ်ယူပို့ဆောင်ရေး ညံ့ဖျင်းမှု၊ လုပ်နည်းကိုင်နည်း ကြန့်ကြာမှု စတာတွေကြောင့် မတိုးတက်နိုင်တာ ဖြစ်ပါတယ်။ စစ်အစိုးရခေတ် (၂၂) နှစ်မှာ စီးပွားရေး အခြေခံအဆောက်အအုံ မတည်ဆောက်ခဲ့တာဟာ အားနည်းချက်ဖြစ်ပါတယ်။ ဗိယက်နမ်မှာ နိုင်ငံခြားသားက ကြီးကြပ်နေသလို မြန်မာပြည်မှာ မလုပ်နိုင်တာဟာလည်း အားနည်းချက်လို့ ဆိုပါတယ်။ နောက်တချက်က ပြည်တွင်းဒေါ်လာဈေးတည်ငြိမ်ဖို့ နိုင်ငံခြားကုမ္မဏီတွေအတွက် အရေးကြီးပါတယ်။
စစ်အစိုးရလက်ထက်မှာ ဒဏ်ခတ်အရေးယူခံရမှုနဲ့ ချုပ်ချယ်ကန့်သတ်မှုတွေ ရှိနေပေမယ့် မြန်မာပြည်မှာ အထိုက်အလျောက် နိုင်ငံခြားက ရင်းနှီးမြှုပ်နံှကြပါတယ်။ လွန်ခဲ့တဲ့ မေလအထိ (၂၂) နိုင်ငံက ရင်းနှီးမြှုပ်နံှကြပါတယ်။ ဒီအထဲမှာ တရုတ်ပြည်မက (၄၅) ရာခိုင်နှုန်း၊ ဟောင်ကောင်က (၂၀) ရာခိုင်နှုန်း၊ တောင်ကိုရီးယား (၁၀) ရာခိုင်နှုန်း၊ အာဆီယံ (၁၅) ရာခိုင်နှုန်းနဲ့ ကျန် (၁၂) နိုင်ငံက (၁၀) ရာခိုင်နှုန်း မြှုပ်နံှထားကြပါတယ်။ အာဆီယံအသင်းမှာ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗိယက်နမ် နဲ့ ဖိလစ်ပိုင် (၆) နိုင်ငံကသာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှထားကြပါတယ်။
စစ်အစိုးရခေတ်မှာ သဘာဝသယံဇာတ ထုတ်ယူတဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နံှတာများတဲ့အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး တိုင်းသူပြည်သားအကျိုးခံစားရတာ အလွန်နည်းပါတယ်။ ဒါကြောင့် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရင်းနှီးမြှုပ်နံှမှုနဲ့ အတူပါလာမယ့် အကျိုးဆက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ ဆွေးနွေးကြပါတယ်။ နိုင်ငံခြားကုမ္မဏီတွေ ရင်းနှီးမြှုပ်နံှလာအောင် ဆွဲဆောင်ရာမှာ တိုင်းပြည်တည်ငြိမ်ဖို့၊ အထောက်အကူပြုတဲ့ အခြေခံကောင်းမွန်ဖို့၊ သိသာမြင်သာဖို့နဲ့ ခန့်မှန်းနိုင်ဖို့ကလည်း လိုအပ်ကြောင်း သုံးသပ်ကြပါတယ်။