လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့သဘောထားရယူပွဲ ကျင်းပပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စစ်တပ်ပြုပြင်ရေးကို ဟောပြောသွားပါတယ်။ နောက်တော့ အခြေခံဥပဒေပြင်ဆင်ရေး အဆင်ပြေဖို့အတွက် သမ္မတ၊ NLD ဥက္ကဋ္ဌ၊ စစ်တပ်အကြီးအကဲနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ တွေ့ဆုံဆွေးနွေးဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ NLD က ကမ်းလှမ်းတဲ့စာ ပေးပို့ပါတယ်။ အာဏာရအဖွဲ့အစည်းဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ စစ်တပ်ဦးဆောင်မှုကို လက်ခံပြီး စစ်တပ်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့ ယုံကြည်ပါတယ်။
ဗမာစစ်တပ်အရောင်အသွေး ပြောင်းလဲပုံက အံ့သြစရာ ဖြစ်နေပါတယ်။ လွတ်လပ်ရေးရဖို့ဆိုတဲ့ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်လက်အောက်မှာ ဗမာစစ်တပ်ကို တည်ထောင်ပါတယ်။ အင်္ဂလိပ်စစ်နိုင်လို့ ဗမာစစ်တပ်ကို ပြန်လည်ဖွဲ့စည်းတဲ့အခါ နိုင်ငံရေးကင်းရှင်းတဲ့ စစ်မှုထမ်းတပ်ကိုသာ အင်္ဂလိပ်က လိုလားပါတယ်။ ဗြိတိသျှစစ်မစ်ရှင်နဲ့ ဗမာအရာရှိတွေ လက်တွဲပြီး ကြီးကြပ်တဲ့ ၁၉၄၈-၁၉၅၅ အထိဖြစ်တဲ့ (၇) နှစ်ကာလမှာ ဗမာစစ်တပ်ဟာ စစ်မှုထမ်းသက်သက် ဖြစ်ပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ရှိတဲ့ စစ်ဗိုလ်အချို့ဟာ တောခိုပြီး ကွန်မြူနစ်နဲ့ လက်တွဲပါတယ်။
အာဏာရအစိုးရအဖွဲ့ဖြစ်တဲ့ ဖဆပလအဖွဲ့ချုပ် နှစ်ခြမ်းကွဲသွားတဲ့အခါ ၁၉၅၈ စက်တင်ဘာလမှာ စစ်အာဏာသိမ်းပြီး စစ်ဗိုလ်ဦးဆောင်တဲ့ အိမ်စောင့်အစိုးရဖွဲ့ပါတယ်။ အောက်တိုဘာလရောက်တော့ မိတ္ထီလာ တပ်မှူးများ ညီလာခံမှာ 'တပ်မတော်ရဲ့ ဝါဒနဲ့လုပ်ငန်းစဉ်' ဆိုတဲ့ နိုင်ငံရေးယုံကြည်ချက်ကို ကြေညာပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ ထွန်းကားရေး၊ ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်ရေးစတဲ့ ဒို့တာဝန်အရေး (၃) ပါး ဖြစ်ပါတယ်။ ဒီမိုကရေစီထူထောင်ရေးနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးကို စစ်တပ်ကသာ လုပ်နိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တယ်လို့လည်း ဆိုပါတယ်။ စစ်ဗိုလ်ဦးဆောင်တဲ့ အိမ်စောင့်အစိုးရက ၁၉၆၀ မှာ ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရတဲ့ ဦနုပါတီကို အာဏာလွှဲပြောင်းပေးတဲ့အတွက် ဗမာစစ်တပ်ကို ကမ္ဘာက ချီးကျူးကြပါတယ်။
ဒါပေမဲ့ ၁၉၆၂ မတ်လမှာ စစ်တပ်က အာဏာသိမ်းပြန်တဲ့အတွက် ဦးနုအစိုးရဟာ (၂) နှစ်နီးပါးသာ အုပ်ချုပ်လိုက်ရပါတယ်။ ၁၉၅၈ က ကြေညာခဲ့တဲ့ စစ်တပ်ရဲ့ နိုင်ငံရေးယုံကြည်ချက်ဟာ (၄) နှစ်သာ ခံပါတယ်။ ၁၉၅၈ တပ်မှူးများညီလာခံက မယုံကြည်ဘူးလို့ ကြေညာခဲ့တဲ့ တပါတီအာဏာရှင်စနစ်ကို ၁၉၆၂ တပ်မှူးများညီလာခံက ယုံကြည်ကြောင်း ကြေညာပါတယ်။ အာဏာရဖို့အတွက် ဗမာစစ်တပ်ဟာ ဘာမဆိုလုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ ဖြစ်လာပါတယ်။ ဆိုရှယ်လစ်ဝါဒကို ယုံကြည်လာအောင် (၂၆) နှစ် သင်တန်းပေးခဲ့ပေမယ့် ၁၉၈၈ အရေးတော်ပုံကြောင့် တပါတီစနစ် ပျက်စီးသွားတဲ့အခါ စစ်အာဏာရှင်ခေတ် ပြန်ရောက်သွားခဲ့ပြန်ပါတယ်။ အဲဒီအခါမှာ (၂၆) နှစ်လုံးလုံး မယုံကြည်ပါဘူးဆိုပြီး ပြစ်တင်ရှုတ်ချခဲ့တဲ့ အရင်းရှင်ဈေးကွက်စီးပွားရေးကို ကျင့်သုံးမယ်လို့ စစ်တပ်က ကြေညာပါတယ်။
၁၉၆၂ မှာ စစ်တပ်အာဏာသိမ်းပြီး ၁၂ နှစ်ကြာတော့မှ ၁၉၇၄ အခြေခံဥပဒေကို ပြဌာန်းပြီး ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနေဝင်း ကို အာဏာလွှဲပေးပါတယ်။ ဦးနေဝင်း အရပ်သားအစိုးရဖွဲ့စည်းချိန်မှာ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျလို့ ပေါ်ပေါက်လာတဲ့ အလုပ်သမား နဲ့ ကျောင်းသားအုံကြွမှုတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းပါတယ်။ ဒါပေမဲ့ အနောက်တိုင်း၊ အရှေ့တိုင်းအစိုးရတွေနဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ဦးနေဝင်းအစိုးရရဲ့ ဆိုရှယ်လစ်မျက်လှည့်ကို အဟုတ်မှတ်ပြီး ငွေကြေးထောက်ပံ့ကြပါတယ်။ နိုင်ငံခြား ထောက်ပံ့မှုကြောင့် မဆလအစိုးရ သက်ဆိုးရှည်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ အနှစ် (၂၀) မင်းလုပ်ပြီးမှ ၂၀၀၈ အခြေခံဥပဒေကို ပြဌာန်းပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို အာဏာလွှဲပေးတာကြောင့် သံတူကြောင်းကွဲ ဖြစ်နေပါတယ်။
ဗမာစစ်တပ်ရဲ့ အစဉ်အလာကိုကြည့်ရင် မိမိရပ်တည်ရေးအတွက် ယုံကြည်ချက်အမျိုးမျိုး အရောင်အသွေးအမျိုးမျိုး ပြောင်းလဲလာတာကို တွေ့နိုင်ပါတယ်။ ဗမာစစ်တပ်မှာ နိုင်ငံရေးယုံကြည်ချက် မရှိဘဲ ကိုယ်ကျိုးစီးပွားသာ ရှိပါတယ်။ နိုင်ငံရေးယုံကြည်ချက် မရှိဘဲ ဒီမိုကရေစီစနစ် တည်ဆောက်လို့ မရနိုင်ပါဘူး။ လက်ရှိပါတီစုံစနစ်ဟာ မဆလ တပါတီစနစ်ထက် ပိုပြီးပွင့်လင်းမြင်သာ ပျော့ပျောင်းပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့နေရာမှာလည်း ပိုပြီးပညာသာပါတယ်လို့ ပြောနိုင်ပါတယ်။ တခြမ်းပဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာမို့ တခြမ်းက ပြုပြင်ရေးလုပ်နေတုန်း ကျန်တခြမ်းက အရင်အတိုင်း စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက် ဆက်လုပ်နိုင်အောင် ဖန်တီးထားတဲ့ အစီအစဉ်သာ ဖြစ်နေပါတယ်။
လက်ရှိ စစ်အုပ်စုရဲ့ အားသာချက်တွေကတော့ ဓါတ်ငွေ့သိုက် တွေ့ရှိမှု၊ နိုင်ငံခြားအရင်းအနှီးနဲ့ အထောက်အပံ့ရရှိမှု၊ ပညာတတ်အရပ်သားကို အသုံးပြုနိုင်မှု၊ အခြေအနေလိုက်ပြီး အပြောင်းအလဲ လုပ်နိုင်မှု စတာတွေ ဖြစ်ပါတယ်။ မျက်မှောက်ခေတ် မြန်မာသမိုင်းကိုကြည့်ရင် စစ်တပ်က ပြဌာန်းတဲ့ နိုင်ငံရေးစနစ်ကိုသာ တိုင်းပြည်မှာ ကျင့်သုံးနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်းသူပြည်သားတွေအနေနဲ့ မိမိယုံကြည်တဲ့ နိုင်ငံရေးစနစ်ကို ပြဌာန်ခွင့်ရှိမရှိဆိုတာကို စောင့်ကြည့်ဖို့သာ ရှိပါတယ်။