ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်မှုကိစ္စဟာ အစိုးရနှင့်တကွပြည်သူတရပ်လုံး စိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားလိုက်ပါတယ်။ ရခိုင်မြောက်ပိုင်း ပြဿနာကိုလည်း တရားဥပဒေ စိုးမိုးရေးအခြေခံမူနှင့် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘဲ အကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်နှိမ်နင်းမှုကိုသာ ပြုခဲ့တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ဒီအကြောင်းတွေနှင့် ပတ်သက်ပြီး မစ္စတာ Quintana နှင့် ဦးကျော်ဇံသာတို့ ဆွေးနွှေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Quintana မြန်မာနိုင်ငံမှာ Rule of Law လို့ခေါ်တဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဘယ်လိုဖြစ်နေသလဲ။ ဘယ်လောက်အရေးပါ ပါသလဲ။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခ တွေနှင့် ပတ်သက်ပြီးတော့ Rule of Law တည်ဆောက်ဖို့ လိုတယ်ဆိုတာ လူတိုင်းပြောနေကြပါတယ်။ ပါမောက္ခရဲ့အမြင်ကို ကြားပါရစေ။
Tomas Ojea Quintana ။ ။ Rule of Law တရားဥပဒေ စိုးမိုးရေးဆိုတာဟာ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တရပ်ပဲ ဖြစ်နေသေးတယ်လို့ ကျနော်မြင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ တရားဥပဒေ စိုးမိုးရေးဆိုတာ မရှိပါဘူး။ စစ်အစိုးရရဲ့ လက်အောက်မှာ ဆယ်စုနှစ်နှင့်ချီ ကျရောက်ခဲ့ပြီးတဲ့နောက် တရားဥပဒေ စိုးမိုးရေး ဆိတ်သုန်းသွားခဲ့ပါပြီ။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးဟာ စိန်ခေါ်မှုတရပ်ပါ။ အစိုးရအတွက်သာမက တခြားသက်ဆိုင်သူ ပတ်သက်သူ အားလုံးအတွက်လည်း အကျုံးဝင်ပါတယ်။ ပါလီမန်လွှတ်တော်အတွက်လည်း စိန်ခေါ်မှုပါ။ လွှတ်တော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အထူးပြုပြီး တရားဥပဒေစိုးမိုးရေး ကော်မတီတရပ် ဖွဲ့ထားပါတယ်။ ဒါနှင့်ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှုကို ဖော်ဆောင်နိုင်မယ့် အခြေခံဘောင်တစ်ခုတော့ ချမှတ်ကြရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေတယ်ဆိုတာ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ပျက်နေမှုတွေဟာ သတ်သေပြနေပါတယ်။ အဲဒီမှာ တရားဥပဒေ စိုးမိုးရေးမူဝါဒနှင့် လိုက်လျောညီထွေဖြစ်တဲ့ လုပ်ဆောင်ချက်တွေ မတွေ့ရပါဘူး။ လူမျိုးစုနှစ်ခုအကြား ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ၊ စစ်တပ်တွေ အပါအဝင် အာဏာပိုင်တွေက လက်တုံ့ပြန်မှုနှင့် အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတာကိုပဲ တွေ့ရပါတယ်။ အမှန်တကယ် အစိုးရအနေနှင့် တရားဥပဒေ စိုးမိုးရေးကို အခြေခံတဲ့ မူဝါဒအရ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတာပါ။
ဦးကျော်ဇံသာ။ ။ ပါမောက္ခ ပြောတဲ့ထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေက ထိန်းသိမ်းဖို့ ကြိုးစားတဲ့အခါမှာ သူတို့တွေက တရားဥပဒေ စိုးမိုးရေးဆိုတဲ့မူအတိုင်း တရားဥပဒေအတိုင်း မလိုက်နာဘူးလို့ ဆိုလိုတဲ့ သဘောလား။
Quintana ။ ။ ကျနော် ရရှိတဲ့ သတင်းအချက်အလက်တွေအရ ဆိုရင်တော့ သမ္မတဦးသိန်းစိန်က လုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြားတယ်။ အမိန့်ပေးတယ်လို့ သိရပါတယ်။ ဒါဆိုရင်တော့ ယုတ်စွအဆုံး စစ်တပ်တွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေဟာ ပထမပိုင်းတော့ သမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်နာခဲ့တယ်လို့ ဆိုရမှာပါ။ အခု ပြဿနာရှိနေတာက ဒေသဆိုင်ရာ အဆင့်မှာပါ။ အောက်ခြေအဆင့်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေကို လိုက်နာခြင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီလို လိုက်နာမှုမရှိတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အင်အားကိုတလွဲသုံးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါက လောလောဆယ် ပြဿနာတွေပါ။ ရေရှည်မှာ အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေး ပြဿနာကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ လုပ်ရမှာက ပြဿနာရဲ့ အခြေခံကို သုံးသပ်ပြီး ကိုင်တွယ်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် ဥပဒေပြဋ္ဌာန်းချက်တစ်ခု စတင်ဆွေးနွေး ကြရပါလိမ့်မယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေတွေမှာ ဘာတွေပြဋ္ဌာန်းထားသလဲ။ ဒါကို ဘယ်အတိုင်းအတာအထိ ပြုပြင်ဖို့လိုလဲဆိုတာတွေကို ကြည့်ရပါလိမ့်မယ်။ အခုအခါ မြန်မာနိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်ကို လှမ်းနေချိန် ဖြစ်ပါတယ်။ ၁၉၈၂ ဥပဒေဆိုတာဟာ နှစ်ပရိစ္ဆေဒ ကြာမြှင့်စွာ အုပ်စိုးခဲ့တဲ့ စစ်အစိုးရက ဖန်တီးခဲ့တဲ့ ဥပဒေပါ။ ရခိုင်မြောက်ပိုင်း ပြဿနာကို ဖြေရှင်းဖို့အတွက် ဒီဥပဒေကို ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်။
ဦးကျော်ဇံသာ။ ။ အဲဒီ ဥပဒေ။ ၁၉၈၂ မြန်မာနိုင်ငံသား ဖြစ်မှုဥပဒေကို ပြန်ကြည့်မယ်ဆိုရင် အဓိကတစ်ခုတွေ့ရမှာကတော့ မြန်မာနိုင်ငံအတွင်းကို ပြောင်းရွှေ့ အခြေကျနေလာတဲ့ လူတွေရဲ့ တတိယမျိုးဆက် အဆင့်ရောက်တဲ့အခါမှာ သူတို့ကို နိုင်ငံသားအဖြစ် အသိမှတ်ပြုမယ်လို့ ဆိုထားပါတယ်။ ဒီအချက်ကို ပါမောက္ခ Quintana အနေနှင့် လက်မခံနိုင်ဘူးလား။ ကန့်ကွက်စရာ ရှိပါလား။
Quintana ။ ။ အဲဒီပြဋ္ဌာန်းချက်က ပြန်ပြီးသုံးသပ်ရမယ့် အချက်တရပ် ဖြစ်နိုင်ပါတယ်။ ဒါကို အဖြေပေးရမှာက ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်ဖြစ်တဲ့ ကျနော်ရဲ့ သဘောမဟုတ်ပါဘူး။ ခင်ဗျာတို့ မြန်မာပြည်သူတွေရဲ့ သဘောသာ ဖြစ်ပါတယ်။ အစိုးရတစ်ခုတည်းသာမက ပတ်သက်သူ၊ သက်ဆိုင်သူတွေ အားလုံး၊ တိုင်းရင်းသား လူ့အဖွဲ့အစည်း အားလုံးရဲ့ သဘောဆန္ဒ ပါဝင်ဖို့လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်တချို့က ၁၉၈၂ ဥပဒေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက်တရပ် ထုတ်ပြန်ထားပါတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ပြည်သူလူထုနှင့် တကွ လွှတ်တော်က ဆွေးနွေးဆုံးဖြတ်ရမယ့် ကိစ္စပါ။ လူ့အခွင့်အရး အခြေခံမူတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနှင့် ကိုက်ညီအောင် လုပ်ရပါလိမ့်မယ်။
ဦးကျော်ဇံသာ။ ။ဒီပြဿနာမှာ တဘက်နိုင်ငံကလူတွေ ဥပဒေမဲ့ ခိုးဝင်ပြောင်းရွှေ့ နေထိုင်မှုဟာလည်းပဲ အကြောင်းတရပ်ဖြစ်တယ်လို့ လူတွေက ထောက်ပြနေကြပါတယ်။ ဒါကိုလည်း ဖြေရှင်းရလိမ့်လို့ ပြောနေကြပါတယ်။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းမယ့်ကိစ္စကိုကော တရားဥပဒေစိုးမိုးမှုအောက်မှာ ထည့်နိုင်ပါသလား။ ပါမောက္ခ ဘယ်လို ပြောလိုပါလဲ။
Quintana ။ ။ ဥပဒေမဲ့ ခိုးဝင်နေမှုဟာ တကယ်ဖြစ်နေတဲ့ ပြဿနာတရပ်ပါ။ ကမ္ဘာတဝှမ်းလုံးက နိုင်ငံတွေမှာ ဒီပြဿနာအတွက် အဓိကမူဝါဒတွေ ရှိကြပါတယ်။ ကျနော့်အမြင်ကတော့ မြန်မာနိုင်ငံ အရပ်သား အစိုးရတပ်ဟာ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြန်ပြီးစီစစ်သင့်ပါတယ်။ ဘယ်သူက နိုင်ငံသားဖြစ်တယ်၊ ဘယ်သူဟာ နိုင်ငံသား မဟုတ်ဘူးဆိုတာကို လူတိုင်းသိနိုင်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လုပ်သင့်ပါတယ်။ နောက်ပြီး တရားဝင်ပြောင်းရွှေ့ ဝင်ရောက်သူတွေကော ဘယ်လို အခွင့်အရေးမျိုးပေးမလဲ။ သူတို့ရဲ့လူ့အခွင့်အရေးကိုလည်း ခွင့်ပြုရမှာပါ။ ဆိုတော့ ဒါတွေဟာ မူဝါဒနှင့် ဆိုင်ပါတယ်။ စစ်အစိုးရခေတ်က ချမှတ်ခဲ့တဲ့ ဥပဒေတွေကို ပြန်လည်စီစစ်ရေးနှင့် ဆိုင်ပါတယ်။ အရပ်သားအစိုးရ ခေတ်နှင့်အညီ ဒီမိုကရေစီနှင့်အညီ ဖြစ်အောင် ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါမှတာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်တဲ့ ခင်ဗျာတို့ တိုင်းပြည် သာယာငြိမ်းချမ်းနိုင်ပါလိမ့်မယ်။ အခုတော့ ဒါတွေကို မဆောင်ရွက်နိုင်တဲ့အတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ရခိုင်ပြည်နယ်မှာ တွေ့နေရတာပါ။ ဗုဒ္ဓဘာသာဝင်တွေကော၊ မွစ်စလင်တွေပါ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ် ခံနေကြရပါတယ်။
ဦးကျော်ဇံသာ။ ။ နောက်တခုက ပါမောက္ခ ကင်သားနားတို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အတိုင်းအဝိုင်း International Community က မြန်မာနိုင်ငံမှာ ဒီလို ကိစ္စတွေကို ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့အကြောင်း အစိုးရကိုဘဲ၊ အာဏာပိုင်တွေကိုဘဲ ဖိပြီးတော့ ပြောနေကြတယ်။ တိုက်တွန်းနေကြတယ်။ ဆက်သွယ်ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ တနည်းပြောရရင် State and Society လို့ ရှိတဲ့နေရာမှာ State ကို ပြောင်းလဲဖို့ ကြိုးစားနေကြတယ်။ Society လို့ခေါ်တဲ့ သာမန်အရပ်သားတွေ၊ လူ့အဖွဲ့အစည်းကိုကော သူတို့ရဲ့ သဘောထားပြောင်းလဲလာအောင် လုပ်ဖို့ မလိုအပ်ဘူးလား။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့။ ဒီမြန်မာပြည်သူတွေရဲ့ သဘောထား၊ အစဉ်အလာတည်ရှိလာခဲ့တဲ့ သဘောထားကို ခေတ်နှင့် လျော်ညီအောင် ပါမောက္ခ ပြောသလို ပြောင်းလဲဖို့အတွက် ဘယ်လိုများ လုပ်နိုင်မယ်ထင်ပါသလဲ ခင်ဗျာ။
Quintana ။ ။ ခင်ဗျာ မေးတဲ့မေးခွန်းက သိပ်ကိုအရေးကြီးတဲ့ မေးခွန်းပါ။ လူတိုင်းလူတိုင်းမှာ သူတို့ကြိုက်သလို နေထိုင်ခွင့်၊ သူတို့ဘဝ နေမှုထိုင်မှု ပုံစံ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒါကို မေးခွန်းထုတ်စရာ မရှိပါဘူး။ အခု ဖြစ်နေတဲ့ ပြဿနာအတွက် တကယ်အရေးကြီးတာက ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုဟာ ပြဿနာအတွက် အဖြေမဟုတ်ပါဘူး။ အကြမ်းဖက်မှုဟာ အားလုံးကို ဒုက္ခရောက်စေမှာပါ။ ပြောရရင် ဒါဟာ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပါဘဲ။ ဗုဒ္ဒဘာသာဝင် လူအုပ်စုတွေကော တိုင်းရင်းသားတွေပါ အကြမ်းဖက်မှုကို စွန့်လွှတ်ရပါလိမ့်မယ်။ ရိုဟင်ဂျာအုပ်စုဝင်တွေကလည်း အကြမ်းဖက်မှုကို ရှောင်ကြဉ်ဖို့ အထူးတာဝန် ရှိပါတယ်။ Strong Responsibility ပါ။ သူတို့ကလည်း အကြမ်းဖက်မယ်ဆိုတဲ့ သဘောထားမျိုး ရှိနေပါတယ်။ အကြမ်းဖက်မှုကြောင့် မိသားစုတွေ ဘဝနေထိုင်မှုတွေ ဒုက္ခရောက်ရပါတယ်။ ဒါကြောင့် ဒါဟာ စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ ဒါကို ပြုပြင်ဖြေရှင်းဖို့အတွက် အရပ်သားလူ့အဖွဲ့အစည်းတွေနှင့် ကျနော်တို့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဘာသာခွဲ လူမျိုးခွဲတွေအပေါ် သည်းခံဖို့။ သူတို့ကို လက်ခံနိုင်ဖို့။ တချိန်တည်းမှာလည်း ကိုယ်ပိုင်အစဉ်အလာ ယုံကြည်မှုတွေကို မထိခိုက်စေဘဲ မတူကွဲပြားမှုတွေကို လက်ခံဖို့။ ဒါဟာ အရေးကြီးပါတယ်။ တခြားတဘက်မှာလည်း တရားဥပဒေမဲ့ ခိုးဝင်လာမှုတွေကို ဟန့်တားနိုင်ဖို့လည်း ဆောင်ရွက်ရပါလိမ့်မယ်။ ဒါပေမယ့် အကြမ်းဖက်မှုကိုတော့ မသုံးရပါဘူး။ ဒါဟာ စိန်ခေါ်မှုပါဘဲ။ ဒီနေရာမှာ ခင်ဗျာ ပြောတာမှန်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အာဏာပိုင် အစိုးရနှင့်ဘဲ ဆက်သွယ်ဆောင်ရွက်နေလို့ မရပါဘူး။ အရပ်သား အဖွဲ့အစည်းတွေနှင့်လည်း ပူးပေါင်းဆောင်ရွက် ညှိနှိုင်းရမှာဖြစပါတယ်။
ဦးကျော်ဇံသာ။ ။ ဆိုတော့ အခု ပါမောက္ခကိုယ်တိုင် မြန်မာပြည်ထဲကို သွားနေ၊ ဆောင်ရွက်နေတာတွေရှိတော့ အခု လက်ရှိ အခြေအနေမှာ ဒီနိုင်ငံတကာ အသိုင်းအဝိုင်းတွေဟာ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း အရပ်သားအသိုင်းအဝိုင်းနှင့် ဒီလို သဘောထားပြောင်းလဲလာဖို့၊ အကြမ်းဖက်မှုကို မလုပ်ဖို့ဆိုတဲ့ ကိစ္စအတွက် ဆောင်ရွက်နေတာတွေ ဘာများရှိပါသလဲ။
Quintana ။ ။ လူမှုအခြပြုအဖွ့ဲအစည်းတွေ၊ အုပ်စုတွေ မြန်မာနိုင်ငံအတွင်းမှာ ဒေသအနှံ့ အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းရဲ့ တစိတ်တဒေသ ပံ့ပိုးမှုနှင့် လုပ်နေကြတာပါ။ ဒီနေရာမှာလည်း ကျနော် ထပ်ပြောချင်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမှာ အာဏာပိုင်တွေဟာ သိပ်အရေးကြီးပါတယ်။ သူတို့ဟာ Neutral Position ကြားနေတဲ့ ရပ်တည်ချက်ကို ဖန်တီးရပါလိမ့်မယ်။ အစွန်းမရောက်တဲ့ ရပ်တည်မှုနှင့် ပြဿနာကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ အခု အစိုးရကဖွဲ့စည်းပေးထားတဲ့ လွတ်လပ်သော စုံစမ်းရေး ကော်မရှင် ၂၇ ဦးပါ ကော်မရှင်ဟာ သူတို့ အစီရင်ခံစာ ထုတ်ပြန်ဖို့ နှေးကွေးတုံ့ဆိုင်းနေပါတယ်။ ရခိုင်ပြည်နယ်ဖြစ်ခဲ့တဲ့ ပြဿနာရဲ့ အဓိက အကြောင်းအရင်းက ဘာလဲ၊ ဘယ်လိုဖြေရှင်းရမလဲ။ ဒါတွေကို အမြန်ဆုံးဖော်ထုတ်ကြဖို့ လိုအပ်ပါတယ်။ ဒါတွေကို ဖော်ထုတ်တင်ပြဖို့ နှေးကွေးနေတဲ့အတွက် ကျနော် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီကော်မတီဟာ လူမျိုးစုံ ဘာသာစုံကို ကိုယ်စားပြုထားတဲ့အဖွဲ့ပါ။ သူတို့က အမြန်ဆုံး အဖြေရှာသင့်ပါတယ်။
ဦးကျော်ဇံသာ။ ။ ပါမောက္ခ Quintana ကို ကျနော် နောက်ဆုံး မေးခွန်း (၂) ခု မေးချင်ပါတယ်။ ဒုတိယ နောက်ဆုံးမေးခွန်းက အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အနှောက်အယှက်ဖြစ်စေတယ်။ နောက်တွန့်သွားစေလိမ့်မယ်။ ဒီမိုကရေစီ ပြုပြင်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့ပေးနေတဲ့ ကိစ္စကို ဒီနေရာမှာ ဆိုင်းငံ့ထားသင့်တယ်။ အလောတကြီး မပေးသင့်ဘူး ဆိုပြီးတော့ ပြောနေကြတယ့်သူတွေ ရှိပါတယ်။ ပါမောက္ခ အနေနှင့်ကော အခုရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အခြေအနေတွေကြောင့် နိုင်ငံတကာက ပေးမယ့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အထောက်အပံ့တွေကို ရပ်ဆိုင်းပစ်သင့်တယ်လို့ ထင်ပါလား။
Quintana ။ ။ အပြုသဘောဆောင်တဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကို ကျနော်တို့က ကူညီထောက်ပံ့ဖို့ လိုအပ်ပါတယ်။ အစိုးရရဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးအားပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထားက သိပ်ကိုရှင်းပါတယ်။ ဒီလိုအချိန်မျိုးမှာ ရခိုင်ပြည်နယ်က ပြဿနာဟာ အစိုးရအဖို့ ထိန်းမနိုင် သိမ်းမရတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ ဒါဟာ စစ်အစိုးရဘက်က ထားရစ်ခဲ့တဲ့ နောက်ဆက်တွဲ ပြဿနာလို့တာ ကျနော်တို့ မြင်သင့်ပါတယ်။ စစ်အစိုးရဟာ အရပ်သားအဖွဲ့အစည်းတွေနှင့် ညှိနှိုင်းတိုင်ပင်ခြင်း မရှိခဲ့ပါဘူး။ ပြဿနာကို မှန်ကန်တဲ့ နည်းလမ်းနှင့် ဖြေရှင်းဖို့ မလုပ်ဆောင်ခဲ့ပါဘူး။ အဓိပ္ပာယ်ရှိရှိ မစဉ်းစားခဲ့ပါဘူး။ ဒါကြောင့် ဒီလက်ရှိ အခြေအနေဟာ မြန်မာနိုင်ငံရဲ. ပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းတိုးတက်မှုကို ထိပါးစေတယ်လို့တော့ ကျနော် တကယ်ပဲ မထင်ပါဘူး။ ဒါပေမဲ့ ဒီရခိုင်မြောက်ပိုင်း ပြဿနာမျိုးဟာ ကျန်တဲ့ဒေသတွေ၊ တိုင်းရင်းသား နယ်မြေတွေကိုပါ ပျံ.နှံ့ကူးစက်သွားနိုင်မယ့် အန္တရာယ် ရှိတယ်ဆိုတာကိုတော့ သတိထားရပါလိမ့်မယ်။ စောစောက ပြောခဲ့သလို အစိုးရက ပြတ်သားရှင်းလင်းတဲ့ မှန်ကန်သင့်မြတ်တဲ့ မူဝါဒနှင့် မဖြေရှင်းနိုင်ရင်တော့ ပြန့်နံှကူးစက်သွားနိုင်ပါတယ်။
ဦးကျော်ဇံသာ။ ။နောက်ဆုံး မေးချင်တဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံကို ပါမောက္ခ Quintana ဘယ်တော့ ပြန်သွားဦးမလဲ ခင်ဗျာ။ အစီအစဉ်ကော ရှိပါသလား။
Quintana ။ ။ ကျနော် ဖေဖော်ဝါရီလကျရင် နောက်တကြိမ် သွားရောက်နိုင်ဖို့အတွက် အစိုးရနှင့် ညှိနှိုင်းနေပါတယ်။ အခုအချိန်ထိတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကျနော်ဟာ ရခိုင်အခြေအနေကို နေ့စဉ်နေ့တိုင်း စောင့်ကြည့်နေပါတယ်။ အလားတူစွာဘဲ ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတာလည်း ကျနော် စိုးရိမ်မကင်းဖြစ်ရတဲ့ ကိစ္စတရပ်ပါ။