သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေမြတ်နိုးပြဿနာ ဘာသင်ခန်းစာ ယူမလဲ

Myanmar Runaway Beauty Queen
1/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
2/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
3/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
4/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
5/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
6/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
7/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
May Myat Noe, Myanmar's first international beauty queen, winner of the 2014 Miss Asia Pacific World, sits with her crown that she allegedly ran away with, during a press conference in Yangon, Myanmar, Sept. 2, 2014.
8/15 May Myat Noe, Myanmar's first international beauty queen, winner of the 2014 Miss Asia Pacific World, sits with her crown that she allegedly ran away with, during a press conference in Yangon, Myanmar, Sept. 2, 2014.
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
9/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Women take pictures of trees decorated with lights for the upcoming Chinese Lunar New Year at a shopping mall in Beijing, China.
10/15 Women take pictures of trees decorated with lights for the upcoming Chinese Lunar New Year at a shopping mall in Beijing, China.
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
11/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
12/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
13/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
14/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Myanmar Runaway Beauty Queen
15/15 Myanmar Runaway Beauty Queen
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ
Previous slide
Next slide

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ တောင်ကိုရီးယား နိုင်ငံ အခြေစိုက် Miss Asia Pacific World အဖွဲ့ တာဝန်ရှိသူတွေနဲ့ အလှမယ် မေမြတ်နိုးတို့ရဲ့ အငြင်းပွားမှုပါ။ ဒီ အငြင်းပွားမှု ပြသနာဟာ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်လွန်သွားပြီး တောင်ကိုရီယားနဲ့ အာရှ သတင်းမီဒီယာတွေမှာ ဖော်ပြခံရသည်အထိ အာရုံစူးစိုက်ခံရပါတယ်။ အခြားတစ်ဖက်မှာလည်း ပွင့်လင်း လွတ်လပ်စ မြန်မာနိုင်ငံမှာ အလှမယ် ရွေးချယ်၊ စပွန်ဆာ ပေးပြီး နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ ဝင်ရောက်နိုင်အောင် စီစဉ်ပေးတဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာသလို၊ အဲဒီ ကုမ္ပဏီတွေနဲ့ အလှမယ်တွေကြား အငြင်းပွားမှုတွေကလည်း အတောမသတ်အောင် ပေါ်ပေါက်နေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ အဲဒီ ကိစ္စတွေနဲ့ ပါတ်သက်ပြီး အလှမယ် မေမြတ်နိုး ပြသနာကနေ ဘာတွေ သင်ခန်းစာ ယူသင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

မေမြတ်နိုးပြဿနာ ဘာသင်ခန်းစာ ယူမလဲ
please wait

No media source currently available

0:00 0:06:26 0:00
တိုက်ရိုက် လင့်ခ်

အလှမယ် မေမြတ်နိုးနဲ့ တောင်ကိုးရီးယား အေးရှားပစိတ်ဖိတ်မယ် အဖွဲ့ ဖြစ်ပွားရတဲ့ ပြသနာ အကျဉ်းချုပ် ပြန်ဖော်ပြပါမယ်။ လွန်ခဲ့တဲ့ ၃ လ အဲဒီ မယ်ရွေးပွဲ တောင်ကိုရီးယားမှာ သွားရောက်ယှဉ်ပြိုင်ဖို့ မြန်မာပြည်ကိုယ်စား တာဝန်ယူရသူဟာ Miss Global Myanmar Organization တည်ထောင်ထားသူ ဒေါ်လှနုထွန်းပါ။ သူ့ရဲ့ အဓိက စီးပွားရေးဟာ နိုင်ငံတကာက အလှမယ် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာပြည်ထဲက အလှမယ် တစ်ယောက်ရွေး၊ လေ့ကျင့်ပေးပြီး၊ သွားရောက် ယှဉ်ပြိုင်ခိုင်းစေတာမျိုးပါ။ သူ့အဖွဲ့က ရွေးချယ်လိုက်ပြီဆိုတာနဲ့ အဲဒီ မယ်ဟာ မြန်မာပြည် ကိုယ်စားပြု မယ် ဖြစ်သွားပြီး ဒေါ်လှနုထွန်းရဲ့ Organization နဲ့ ၃ နှစ်တာ စာချုပ်ချုပ်ရလေ့ရှိပါတယ်။ အဲဒီစာချုပ်မှာ မြန်မာပြည် ကိုယ်စားပြုမယ် ရမယ့် အခွင့်အရေး အကျိုးစီးပွားတွေကို Organization က အချိုးကျ ခွဲဝေယူဖို့ ထည့်သွင်း ချုပ်ဆိုလေ့ရှိပါတယ်။

ပြောရရင် ဒေါ်လှနုထွန်းရဲ့ Organization ဟာ ကိုရီးယားမှာ ကျင်းပမယ့် Miss Asia Pacific World ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စား မေမြတ်နိုးကို ရွေးချယ်ခဲ့ပြီး သွားရောက်ယှဉ်ပြိုင်စေပါတယ်။ အဲဒီ ပြိုင်ပွဲမှာ မေမြတ်နိုး “မယ်” အဖြစ် သရဖူ အပ်နှင်း အရွေးခံရပါတယ်။ မယ်သရဖူ ရပြီး နောက်တော့ မြန်မာနိုင်ငံ ပြန်လာပါတယ်။ မြန်မာနိုင်ငံပြန်အရောက် ဒေါ်လှနုထွန်းရဲ့ Organization ဟာ မေမြတ်နိုးနဲ့ စာချုပ်ချုပ်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် အဆင်မပြေဖြစ် စာချုပ် မချုပ်နိုင်တော့တဲ့အခါ နှစ်ဖက် အခြေအတင် အပစ်တင် စကားများကြပါတယ်။ နောက်ပိုင်း ဒေါ်လှနုထွန်းက မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်အပ်ရအောင် လုပ်မယ်လို့ ပြောဆိုပြီး ကိုရီးယား အဖွဲ့ဘက်ကိုလည်း မေမြတ်နိုး ဟာ စည်းကမ်းလိုက်နာသူ မဟုတ်တဲ့အကြောင်း၊ သရဖူ ပြန်သိမ်းသင့်ကြောင်း အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် သရဖူ ပေးထားတဲ့ ကိုရီးယား အဖွဲ့က ပြန်ရုပ်သိမ်းတာမျိုး မလုပ်ခဲ့ပါဘူး။ မေမြတ်နိုးနဲ့ မြန်မာပြည် ဒါရိုက်တာ တာဝန်ယူထားသူ ဒေါ်လှနုထွန်း တို့သာ အကွဲအပြဲ ဖြစ်ခဲ့ပြီး ဒေါ်လှနုထွန်းက မေမြတ်နိုးကိစ္စ သူနဲ့ လုံး၀ မသက်ဆိုင်တော့ဘူး ကြေငြာသည် အထိ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံး သရဖူ ပေးအပ်ထားတဲ့ အဖွဲ့က မေမြတ်နိုးကို ကိုရီးယား ခေါ်ပါတယ်။ နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွေမှာ မေမြတ်နိုးရဲ့ ပြန်လည် ရှင်းပြချက်အရ အဲဒီ အဖွဲ့ဟာ သူ့ကို ရင်သားကအစ တစ်ကိုယ်လုံး ပလပ်စတစ် ဆာဂျရီနည်းနဲ့ ခွဲစိတ် ပြုပြင်ပေးမယ်၊ အဲဒီအတွက် အကုန်အကျ ခံပေးမယ်၊ ခွဲစိတ်ပြုပြင်ပြီးရင် ပို လှလာမယ်၊ လှလာရင် မေမြတ်နိုးအနေနဲ့ ကိုရီးယားမှာ နေထိုင်တဲ့ စားရိတ်၊ အနုပညာ အလုပ်တွေ လုပ်ဖို့ စားရိတ်တွေအတွက် စပွန်ဆာ ရှာရတာ ပိုလွယ်ကူမယ် လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ စပွန်ဆာ ရှာတဲ့နည်းကလည်း ကိုရီးယားက အဲဒီမယ်ကို သဘောကျတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေခေါ်ရင် အဖော်ပြုပေးရမယ် ဆိုတဲ့ သဘောမျိုးပါ။ နောက် ကိုရီးယား ဗီဇာ အချိန်ကြာကြာရအောင် ဂျပန်ကို စတေးရှောင်ပြီး ဂျပန်ကနေ တစ်ခါ ဗီဇာ ပြန်လျောက်ရမယ်၊ ဂျပန်မှာလည်း ကိုရီးယားမှာလို စပွန်ဆာ ရှာရမယ်လို့ ဆိုပါတယ်။ ဒီအတွက် ကိုရီးယားကို မေမြတ်နိုးနဲ့ အတူ လိုက်ပါသွားတဲ့ မိခင်ဖြစ်သူကို မြန်မာနိုင်ငံ ပြန်ခိုင်းပြီး မေမြတ်နိုး တစ်ယောက်တည်း နေရစ်ခဲ့ရမယ်လို့ တောင်းဆိုပါတယ်။

အဲလို တောင်းဆိုမှုတွေ ရှိခဲ့ပြီးနောက်ပိုင်း မေမြတ်နိုးနဲ့ သူ့မိခင် ကိုရီးယားက ပြန်လာခဲ့ကြတာပါ။ သူတို့ ပြန်လာပြီးနောက် ကိုရီးယား Miss Asia Pacific World Organization ဟာ မေမြတ်နိုးဟာ စည်းကမ်းတွေ မလိုက်နာဘူး၊ သူတို့ရဲ့ ဒေါ်လာ တစ်သိန်းတန် သရဖူ ခိုးပြေးတယ် ဆိုပြီး ကြေငြာချက် ထုတ်ပြန်ပါတယ်။ တစ်ဆက်တည်း အဲဒီ သရဖူ မြန်မာပြည် ဒါရိုက်တာ ဒေါ်လှနုထွန်းကို အပ်ပေးဖို့ တောင်းဆိုပါတယ်။ အဲဒီကနေ တဆင့် မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ရှင်းရတဲ့ အဆင့်အထိ ရောက်သွားတာပါ။

မေမြတ်နိုး ကိစ္စ အပါအဝင် အခြား မယ်တွေ ဖြစ်တဲ့ ပြသနာတွေနဲ့ ပါတ်သက်ပြီး ထောက်ပြစရာ အချက်တစ်ချို့ တွေ့ရပါတယ်။ တကယ်ဆို မေမြတ်နိုးဟာ အသက် ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ လာမယ့် ၂၀၁၄ အောက်တိုဘာ ထဲမှာမှ ၁၆ နှစ် ပြည့်မှာပါ။ ဒါကို မိခင်ဖြစ်သူက မယ်ပြိုင်ပွဲ ဝင်ခိုင်းပါတယ်။ အလွန်မှားယွင်းတဲ့ လုပ်ဆောင်ချက်ပါ။ နေရှင်နယ် ဒါရိုက်တာ ဒေါ်လှနုထွန်းကလည်း ဒီအချက်ကို သိပါလျက် ကိုရီးယား Organization နဲ့ ညှိပြီး အသက်လိမ် ပြိုင်ပွဲဝင်စေပါတယ်။ ကိုရီးယား Organization ကလည်း ဒါကို သိသိကြီးနဲ့ ပြိုင်ပွဲမှာ လက်ခံလိုက်ရုံမက မယ်အဖြစ်ပါ ရွေးချယ်ပေးလိုက်ပါသေးတယ်။ ဒီ ကိစ္စ ပါဝင်ပါတ်သက်သူ အားလုံး မရိုးသားကြတဲ့ ပြသနာပါ။ ကြားထဲက ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် ပြသနာပေါ် နစ်နာမှု ဖြစ်စေခဲ့ပါတယ်။

နောက်တစ်ချက်က ကိုရီးယား အခြေစိုက် Miss Asia Pacific World Organization ပြသနာပါ။ အဖွဲ့တည်ထောင်တာ ၄ နှစ်လောက်အတွင်း ပြသနာနဲ့ အပုပ်နံ့ထွက်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ၂၀၁၁ ခုနှစ် ပထမဦးဆုံး မယ်ရွေးချယ်ပွဲမှာ ရွေးချယ်ခံရတဲ့ တောင်ကိုရီးယား အလှမယ် ဂျန်အန်းအာ ဟာ ထိပ်ဆုံးအဆင့်ရွေးချယ်ခံရဖို့ ကာမနဲ့ လဲလှယ်ခံရတယ် ဆိုပြီး စွတ်စွဲမှုတွေ ရှိခဲ့တဲ့အတွက် ပြိုင်ပွဲက နှုတ်ထွက်ခဲ့ဖူးပါတယ်။ တစ်ဆက်တည်း ဗြိတိန်အလှမယ် အေမီဝီလာတန်ကလည်း ပွဲစီစဉ်တဲ့ လူတွေ သူ့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ထွက်ပြေးရတဲ့ အဆင့်ထိ ရောက်ခဲ့ပြီး ဟိုးလေးတကြော် ဖြစ်ခဲ့ဖူးပါတယ်။ နောက် သူတို့ ပြိုင်ပွဲ ထူးခြားချက်ကလည်း သရဖူရတဲ့ မယ်ကို ဘာ ဆုကြေးမှ မပေးဘူး ဆိုတာပါ။ အနုပညာ အလုပ်တွေ လုပ်ဖို့ မြေတောင်မြှောက်ပေးမယ် ဆိုတဲ့ မက်လုံးပဲ ရှိပါတယ်။ ပြောရရင် မြန်မာပြည်ထဲက အလှမယ် Organization တွေဟာ ဒီလို အပြည့်အ၀ မယုံကြည်ရတဲ့ အဖွဲ့အစည်းတွေက ကျင်းပတဲ့ အလှမယ် ရွေးပွဲတွေကို သွားရောက် ယှဉ်ပြိုင်ခိုင်းဖို့ မသင့်တော်ပါဘူး။ နောင်ဒါမျိုး မဖြစ်အောင် ဆင်ခြင်ကြဖို့ လိုပါမယ်။

နောက်ဆုံးပြသနာက အလှမယ်တွေနဲ့ ပြည်တွင်းက Organization တွေ စာချုပ်ချုပ်တဲ့ ကိစ္စပါ။ လျှို့ဝှက်ပြီး ချုပ်ကြတယ်၊ စာချုပ်ကို မပေါက်ကြားစေရဘူး ဆိုပေမယ့် စီးပွားရေး အရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ မျှတတဲ့ စာချုပ်တွေ ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် အခု မေမြတ်နိုး၊ ထားထက်ထက်၊ ခင်ဝင့်ဝါ တို့လိုပဲ နောက်ထပ် အလှမယ်တွေဟာလည်း ပြသနာပေါင်းစုံ ဖြစ်လာနိုင်တဲ့ အနေအထား ရှိနေသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG