ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ သတင်းလွတ်လပ်ခွင့် ပေါ်ထွန်းရေးအတွက် အစိုးရနဲ့ မီဒီယာလောကအကြား အပြန်အလှန် နားလည်မှု နဲ့ ယုံကြည်စိတ်ချမှု ရှိဖို့လည်း လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် က ပြောဆိုပါတယ်။ သတင်းလွတ်လပ်ခွင့် ဖန်တီးရေးမှာ တွေ့ကြုံရတဲ့ စိမ်ခေါ်မှုတွေ နဲ့ ပတ်သက်ပြီး ဦးရဲထွဋ် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်အတူ သတင်းလွတ်လပ်ခွင့်တွေကို ဖော်ဆောင်ပေးဖို့ဆိုပြီးတော့ လုပ်လာနေပါတယ်။ ဆိုတော့ နှစ်ပေါင်းများစွာ ရာစုဝက်နီးပါး သတင်းလွတ်လပ်မှုကို ပိတ်ပင်ထားခြင်းခံခဲ့ရတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ မီဒီယာလွတ်လပ်ခွင့်ကို ဖန်တီးဖို့ လုပ်ရတာဟာ လွယ်ပါရဲ့လား။ ဘယ်လို အခက်အခဲတွေ စိန်ခေါ်မှုတွေ တွေ့ရသလဲဆိုတာ ပထမဦးဆုံး ပြောပြပါလား။ အကျဉ်းရုံးလေး။
ဦးရဲထွဋ် ။ ။ တကယ်တော့ ကျနော်တို့ ဦးကျော်ဇံသာ ပြောသလိုပဲ နှစ်ပေါင်းများစွာ ကျနော်တို့ တံခါးပိတ်ထားခဲ့တဲ့ ထိန်းချုပ်မှုတွေ အရမ်းများခဲ့တဲ့ လူအဖွဲ့အစည်းတစ်ခုမှာ ကျနော်တို့ ဒီသတင်းလွတ်လပ်ခွင့်တွေ မီဒီယာလွတ်လပ်ခွင့်တွေ လုပ်တဲ့အခါမှာ ကျနော်တို့ စိန်ခေါ်မှုတွေ အများကြီးကြုံရပါတယ်။ ကျနော်တို့ဖက်က အစိုးရဖက်က စိန်ခေါ်မှုတွေကို စပြောရရင် ကျနော်တို့ဖက်မှာလည်းပဲ ဒီလို ကိုယ့်ကိုယ်ကို ဝေဖန်တဲ့ကိစ္စမျိုးတွေ မီဒီယာလွတ်လပ်ခွင့်တွေနှင့် ပတ်သက်လို့ရှိရင် အသားမကျသေးတဲ့ကိစ္စတွေ ကျနော်တို့ ရင်ဆိုင်ရပါတယ်။
တဖက်က ကျနော်တို့ ပြည်တွင်းက မီဒီယာတွေဖက်ကနေ ပြောရမယ်ဆိုရင်လည်း ပြန်ကြားရေးဝန်ကြီးဌာနက နှစ်ပေါင်းများစွာ မီဒီယာကို ထိန်းချုပ်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ်နှင့် ဆောင်ရွက်လာပြီးတော့မှ ကျနော်တို့က အသွင်ကူးပြောင်းရေးကို လုပ်တဲ့အခါမှာ ကျနော်တို့အပေါ် သံသယတွေ ရှိနေသေးတာလည်း ရှိပါတယ်။ ဒီနှစ်ခုကတော့ ကျနော်တို့ အကြီးမားဆုံး ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုပေါ့။ ကျန်တဲ့ အတက်ပညာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အတွေ့အကြုံနည်းပါးမှု စိန်ခေါ်မှုလေးတွေလည်း ကျနော်တို့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ကျနော် သတင်းသမားတွေဆီက တဆင့်ကြားတယ်။ နောက်ပြီး မြန်မာနိုင်ငံသတင်းသမားတွေ ပို့လာတဲ့ သတင်းတွေကိုကြည့်တော့ အချက်အလက်ကိုတော့ အတော်လေး လွတ်လွတ်လပ်လပ် သူတို့ ရေးသားထောက်ပြလာကြတာ တွေ့ပါတယ်။ ဒါပေမယ့် ဝေဖန်မှုတွေကြတော့ သူတို့ သိပ်ပြီးတော့ မလုပ်နိုင်တာ မလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဆိုတော့ စောစောက ဦးရဲထွဋ်ပြောသလို အစိုးရပိုင်းကလည်းပဲ ဒီကိစ္စ သူတို့ကို ထောက်ပြဝေဖန်တာနှင့် ပတ်သက်ပြီး သူတို့သိပ်ပြီးတော့ မယဉ်ပါးသေးဘူး။ အလေ့အကျင့် မရှိသေးဘူးဆိုတော့ ဒီကိစ္စကို ဘယ်လိုပြုပြင်လို့ ရနိုင်မယ်ထင်ပါသလဲ။
ဦးရဲထွဋ် ။ ။ ဒါကတော့ ကျနော်တို့ ပထမဦးဆုံးကတော့ အခု နိုင်ငံတော်သမ္မတကြီးကနေ သူကိုယ်တိုင် စံပြလုပ်ပြနေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ အထက်ပိုင်းမှာရှိတဲ့ တာဝန်ရှိသူတွေကတော့ မီဒီယာလွတ်လပ်ခွင့်ရယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မီဒီယာက အရေးပါတဲ့ကဏ္ဍက ပါဝင်တယ်ဆိုတာတော့ ဒါကျနော်တို့ ဒီထိပ်ပိုင်း မူဝါဒ ချမှတ်သူတွေအပိုင်းမှာတော့ သဘောပေါက်ပါတယ်။ အထူးသဖြင့် အလယ်အလတ်နှင့် ကျနော်တို့ ဒီအောက်ခြေအပိုင်းမှာတော့ မီဒီယာတွေက ငါတို့ကို အမြဲတမ်းပဲ ဝေဖန်မယ့်လူတွေပဲ အကောင်းပြောမှာ မဟုတ်ဘူး။ မီဒီယာကို ပြောလိုက်ရင်၊ မေးတဲ့ဟာကို ဖြေလိုက်ရင် တစ်ခုခုများ မှားသွားမလား။ သူတို့ပြောတဲ့ဟာကို မီဒီယာကနေပြီးတော့မှ လိုသလိုဆွဲပြီးရေးသားလိုက်မလား ဆိုတဲ့ဟာတွေကတော့ ကျနော်တို့ ကျန်နေဆဲဖြစ်ပါတယ်။ ဒါတွေအတွက်လည်း ကျနော်တို့တော့ ဒီဝန်ကြီးဌာနတွေက ပြောရေးဆိုခွင့်ရှိသူတွေ တာဝန်ထမ်းဆောင်တဲ့သူတွေကို သင်တန်းနှစ်ကြိမ် ပေးခဲ့ပြီးပါပြီ။
သို့သော် ဘာပဲပြောပြော ကျနော်တို့ဖက်ကကြီးပဲ ပြုပြင်လို့မရပဲနှင့် ဒီပုဂ္ဂလိက မီဒီယာတွေအပိုင်းကလည်း ဝန်ထမ်းတွေစိတ်ထဲမှာ ရှိနေတဲ့ စိုးရိမ်မှုတွေ ကြောင့်ကြမှုတွေ လုပ်ငန်းဆောင်ရွက်တဲ့အထဲမှာ ကြုံနေရတဲ့အခက်အခဲတွေကိုလည်း စာနာနားလည်ပေးပြီးတော့မှ လုပ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတဲ့ဆက်ဆံရေးရလာမှာပါ။ ပိုကောင်းတဲ့ဆက်ဆံရေးနှင့် အပြန်အလှန်နားလည်းမှု ပူးပေါင်းလိုက်ရင်တော့ ကျနော်တို့မှာ စံမီပြည့်မီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်တဲ့အဆင့်ကို တဖြည်းဖြည်းနှင့် ရောက်ရှိသွားမယ်လို့ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက တချို့ကထောက်ပြကြတယ်။ မြန်မာနိုင်ငံမှာ ဥပဒေတချို့က ပြုပြင်ဖို့လိုသေးတယ်။ မီဒီယာနှင့် ပတ်သက်လို့ ဥပမာအားဖြင့် Electronic Act လို့ ထင်ပါတယ်။ အဲဒီဟာဆိုလို့ရှိရင် မီဒီယာသမားတွေအတွက် စိုးရိမ်စရာရှိတဲ့အခြေအနေလို့ ပြောကြပါတယ်။ တချို့ကလည်းပဲ အခုထိ ဒါထုတ်တင်စနစ်ပေါ့။ Publish လုပ်ပြီးမှ သူတို့က အမြဲတမ်းခေါ်ပြီးတော့ စစ်ဆေးနိုင်တယ်ဆိုတဲ့အနေအထား ရှိနေသေးတယ်လို့ ပြောပါတယ်။ အဲဒီဟာတွေကို ဘယ်တော့ ပပျောက်နိုင်ဖို့ အလားအလာ ရှိပါသလဲ။
ဦးရဲထွဋ် ။ ။ ဟိုဖက်က Electronic ဥပဒေနှင့် ပတ်သက်လို့ကတော့ ကျနော်တို့ ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင် လွှတ်တော်ထဲမှာ ဖြေကြားသွားတဲ့အထဲမှာလည်း ပါပါတယ်။ ဒါကိုတော့ သူတို့ ပြန်ဆွဲပါမယ်။ ဒါကို ခေတ်နှင့်ကိုက်ညီအောင် ပြန်ဆွဲပြီးတော့မှ လုပ်ပါ့မယ်လို့ပြောသွားပါတယ်။ ကျနော်တို့ဖက်မှာ လက်ရှိ ထုတ်တင်ဆိုတာကတော့ တကယ်တော့ ကျနော် မှတ်တမ်းအတွက် တောင်းတဲ့ဟာပဲ ရှိပါတော့တယ်။ ကျနော်တို့မှာ ထုတ်တင်လုပ်တာက မှတ်တမ်းသိမ်းထားတယ်။ တချို့ဟာတွေကို အမျိုးသားစာပေစုနှင့် အမျိုးသားစာကြည့်တိုက်ကို ပေးတယ်။ လက်ရှိ ကျနော်တို့ လုပ်နေတာကတော့ ကျနော်တို့ဆီကို တစ်ယောက်ယောက်က Complain မလုပ်လို့ ရှိရင်ဆိုတော့ ကျနော်တို့ အဲဒါမျိုးတွေကို ဆင်ဆာလုပ်ပြီးတော့ လိုက်ကြည့်နေတာမျိုးတွေလည်း မရှိပါဘူး။ ဒီထုတ်တင်စနစ် ကျင့်သုံးပြီးတဲ့နောက်ပိုင်းမှာ ကျနော်ထင်တယ် ကျနော်တို့ဆီက ဒီရေးသားချက်နှင့်ပတ်သက်ပြီးတော့ ခေါ်ပြီးသတိပေးတယ်ဆိုတာ ကျနော်တို့ မရှိတော့ပါဘူး။ ကိစ္စလေး နှစ်ခု သုံးခုမှာပဲ လောင်းကစားလိုကိစ္စမျိုးတွေ ဒါမျိုးမှာတော့ ကျနော်တို့က နောက်တစ်ခါ အမျိုးသမီးတွေရဲ့ရုပ်ပုံတွေ ဖော်ပြတဲ့အထဲမှာ နည်းနည်း အလွန်အကျွံဖြစ်တဲ့ကိစ္စမျိုးတော့ ကျနော်တို့ စာနယ်ဇင်းကောင်စီကို အကြောင်းကြားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်ထင်တယ်။ ထုတ်တင်စနစ် ကျင့်သုံးနေတာဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ပေါ်မှာ ဘာမှသွားပြီး အနှောက်အယှက် မဖြစ်ဘူးလို့တော့ ကျနော် ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဒါပေမယ့် အဲဒီထုတ်ဝေသူတချို့နှင့် စာရေးသူတချို့ကတော့ အဲဒီဟာကိုလည်း သူတို့ နည်းနည်း စိတ်ထဲမှာ တခြိမ်းခြိမ်း ဖြစ်နေကြသေးတာတော့ အမှန်ပဲ။
ဦးရဲထွဋ် ။ ။ဒါကြောင့်လည်း ကျနော် ပြောတာပေါ့။ ကျနော်တို့ အသွင်ကူးပြောင်းရေးကာလ လုပ်တဲ့အခါမှာ ကျနော်တို့ကို လုပ်ဖော်ကိုင်ဖက်အဖြစ်မြင်ဖို့။ ကျနော်တို့ကို ယုံကြည်ဖို့ဆိုတဲ့ဟာက ကျနော်တို့ တော်တော်ကျော်လွှားနေရတဲ့ စိန်ခေါ်မှုပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံနှင့် ခံစားမှုတွေ ရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ အဲဒါတွေကို မကျော်လွှားနိုင်ပဲနှင့် သံသယတွေဖြစ်နေတယ်လို့ ကျနော်တော့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်အာဏာပိုင်တွေ အစိုးရတာဝန်ရှိတဲ့ လူတွေအပိုင်းက တချို့နိုင်ငံတွေမှာဆိုရင် သူတို့ကတော့ သိပ်အဆင့်မြင့်နေပြီလို့ ဆိုရမလား။ လူပြက်တွေကအစ ပျက်လုံးထုတ်တာ ပြင်သစ်တို့ ဘာတို့မှာဆိုလည်း ကာတွန်းရုပ်နှင့်အစ နိုင်ငံရေးခေါင်းဆောင်တွေကို သူတို့ ပြောကြ ဝေဖန်ကြတာတွေ ရှိပါတယ်။ အဲဒါကိုလည်းပဲ သူတို့ဟာ ဘာမှ အမှုမဲ့အမှတ်မဲ့ဘဲ ဒီလိုပဲ သူတို့ ပြောစရာရှိလို့ပြောတာပဲဆိုပြီးတော့ မျက်ကွယ်ပြုထားလိုက်ကြတာပဲ။ အဲဒီလို ပုံစံမျိုးဖြစ်လာဖို့တော့ အတော်ဝေးဦးမယ် ထင်ပါတယ် ဗမာပြည်မှာ။
ဦးရဲထွဋ် ။ ။ အဲဒါမျိုးကတော့လေ။ ဦးကျော်ဇံသာရေ။ ကျနော်တို့ အစိုးရတင်ပဲ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြည်သူ့ရဲ့မျက်စိအောက်မှာ နေနေရတဲ့ အနုပညာရှင်တွေရော နိုင်ငံရေးသမား အားလုံးပေါ့ နိုင်ငံရေးပါတီအသီးသီးက လူတွေကော စီးပွားရေးလုပ်ငန်းတွေမှာ လုပ်နေတဲ့လူတွေ နောက်တစ်ခါ Civil Society မှာ တာဝန်ယူနေရတဲ့သူတွေ ဒါတွေအားလုံးက ရင့်ကျက်ဖို့ လိုပါတယ် ခင်ဗျာ။ အစိုးရတစ်ခုတည်းကပဲ ဒီကာတွန်းဆွဲတာကို သည်းခံနိုင်မှ ရမယ်လို့တော့ ပြောလို့မရဘူး။ လူတွေအားလုံးရဲ့ အယူအဆ အမူအကျင့်ပေါ်မှာ မူတည်မယ် ထင်တယ်ခင်ဗျ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆိုတော့ ကျနော်က အဲဒါကြောင့်ပေါ့ ဒီလူအဖွ့ဲအစည်းကိုယ်၌်က ပိတ်ပင်ပြီးတော့နေခဲ့ရတယ်။ လူ့အဖွဲ့အစည်းအောက်မှာ နှစ်ပေါင်းများစွာကြောင့် ဒီလိုစရိုက်မျိုး ဖြစ်လာဖို့ကတော့ တစ်စုံတစ်ခု ကျနော်တို့ လုပ်ပေးဖို့လိုတယ် ထင်ပါသလား။ သို့မဟုတ် လွတ်လပ်ခွင့်ပေးထားရင် တစ်ချိန်ချိန်မှာ ဖြစ်သွားမယ်လို့ ထင်ပါသလား ဦးရဲထွဋ်။
ဦးရဲထွဋ် ။ ။ ဒါပေမယ့် ကျနော့် ပုဂ္ဂလိကအယူအဆ ပြောရင်တော့ ဒီကာတွန်းတို့ ရုပ်ပြောင်တို့ သရုပ်ပျက်တို့ စာတွေမှာ ကျနော်တို့ရဲ့ ဗမာမှာလည်း ထားရှိရတဲ့ လေးစားမှုတွေဟာတွေ ရှိသေးတာကိုး။ အဲဒါမျိုးတွေကို သွားပြီးတော့ ထိခိုက်နိုင်လောက်တဲ့အထိတော့ ကျနော်တော့ မဖြစ်စေချင်ပါဘူး။ ဒီလို ကာတွန်းနှင့် ပျက်လုံးတွေပေါ့ လူရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ပျက်လုံးမျိုးတွေ မထုတ်ဘဲနှင့်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကျင့်သုံးလို့ရတယ်။ စတုတ္ထမဏ္ဍိုင်ကို ဖြည့်ဆည်းရတယ်လို့တော့ ကျနော်ထင်ပါတယ်။ ဒါကို ကျနော်တို့ ပုဂ္ဂိုလ်တစ်ဦးချင်းအရ ပြောရင်တော့ ကျနော်တို့သည် ကျင့်သုံးတဲ့နေရာမှာ အဲဒီလောက်အထိ အမေရိကားတို့ ဒီ ဥရောပနိုင်ငံတွေမှာ လုပ်သလို ပုံကို ချစ်စနိုးနှင့်ရေးတဲ့ ကာတွန်းမျိုးကိုပြောတာမဟုတ်ဘူး။ Caricature ပြောတာမဟုတ်ဘူး။ သိက္ခာကို လှောင်ပြောင်တဲ့ ပုဂ္ဂိုလ်ရေး သိက္ခာကို လှောင်ပြောင်ရာကျတဲ့ ရေးသားမှုမျိုး၊ ပုံပျက်မှုမျိုး ပျက်လုံးမျိုးတော့ ကျနော်တော့ သိပ်ပြီးတော့ ဘဝင်မကျဘူးပေါ့။ လုပ်ရပ်ကိုထောက်ပြပြီး ဝေဖန်တဲ့ကာတွန်းမျိုး ပျက်လုံးမျိုးဆိုရင်တော့ ဒါကျနော်တို့ ဘာမှ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တစ်ခုမေးချင်တဲ့အပိုင်းကတော့ အစိုးရ အာဘောမီဒီယာဆိုတာ သတင်းလွတ်လပ်ခွင့် တကယ်ထွန်းကားလာရင် လိုအပ်ပါသေးသလား။ ဦးရဲထွဋ်တို့ သတင်းပြန်ကြားရေးအဖွဲ့အစည်း အနေနှင့်။
ဦးရဲထွဋ် ။ ။ ဒါကြောင့် ကျနော်တို့က ဒီကနေ့ BBC လို Public Service Media အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ကျနော်တို့ ကူးပြောင်းဖို့ လုပ်နေတယ်ဆိုတာဟာ ဒီမိုကရေစီကာလမှာ ကိုက်ညီမယ့် ဒီ မီဒီယာစနစ်တစ်ခု ဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ နိုင်ငံပိုင်အဖြစ်နှင့် ပြီးလို့ရှိရင် အာဏာရတဲ့အစိုးရဖက်ကနေပဲ ရပ်တည်ပြီးတော့ ပြောမယ်ဆိုတဲ့ဟာမျိုးကတော့ ဒီမိုကရေစီစနစ်မှာ မကိုက်ညီတော့ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ သမ္မတကြီး တာဝန်ယူတဲ့အချိန်ကစပြီးတော့ ကျနော် တဖြည်းဖြည်းနှင့် ပြောင်းလဲလာခဲ့တယ်။ အခုအချိန်မှာ ပိုင်ဆိုင်မှုအနေနှင့် နိုင်ငံပိုင်ဆိုပေမယ့် ကျနော်တို့ရဲ့ သွားနေတဲ့လမ်းကြောင်းတွေ အများပြည်သူဝန်ဆောင်ဖို့ကို သွားနေတယ်။ ရေးတဲ့ သတင်းပုံစံတွေကအစ တဖြည်းဖြည်းချင်းပြောင်းလဲနေပြီဆိုတာကို ဦးကျော်ဇံသာ တွေ့မှာပါ။ တချိန်ကြရင်တော့ ကျနော်တို့ ဒီ လုံးဝ BBC တို့လိုပဲ ဒီဝေဖန်ရေးအရရော အယ်ဒီတာကို လွတ်လပ်တဲ့ Public Service Media အဖြစ် ပြောင်းသွားဖို့ ကျနော်တို့ လုပ်နေပါတယ်။ ဒီမိုကရေစီစနစ်မှာတော့ Public Service Media ရဲ့ကဏ္ဍက ဆက်ပြီးတော့ ရှိနေမယ်လို့ ရှိလည်းရှိသင့်တယ်လို့ ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ BBC တို့ဘာတို့ ဒါ ရုပ်မြင်သင်ကြားတို့ ရေဒီယိုတို့ကတော့ ဟုတ်ပြီ။ သတင်းစာတွေကိုကော Privatize လုပ်ဖို့ ပုဂ္ဂလိကလက်ထဲကို ပြန်အပ်ဖို့ ရည်ရွယ်ချက်ရှိပါသလား။ နိုင်ငံပိုင်သတင်းစာဆိုတာ ဆက်လက်ပြီးထားဖို့ ရည်ရွယ်ထားပါသလား။
ဦးရဲထွဋ် ။ ။ သတင်းစာတွေကိုလည်း အခုနကလို ဒီအများပြည်သူဝန်ဆောင်မှု သတင်းစာအဖြစ်နှင့် ကျနော်တို့ပြောင်းပါမယ်။ ဒါကတော့ နိုင်ငံတကာမှာ တော်တော်ရှားတဲ ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ အရင် နိုင်ငံတကာမှာ ကျနော်တို့ လိုက်လေ့လာကြည့်ဦးမယ်။ ဥပမာ ဖောင်ဒေးရှင်းတစ်ခု တာဝန်ယူပြီးတော့မှ သတင်းစာလေးတစ်ခုကို စီးပွားရေးလုပ်ငန်းကြီးကနေပြီး သိမ်းပိုက်ပြီးတော့မှ ကာကွယ်တဲ့အနေနှင့် ဖောင်ဒေးရှင်ဘာတွေ စေတနာရှင်တွေကနေ ဝင်ဝယ်ပြီးတော့ လုပ်ပေးတာမျိုးပဲရှိတယ်။ BBC တို့လို ကျနော်တို့ NHK တို့လိုမျိုး ဒီ Public Service Media အစစ်အဖြစ်နှင့် လုပ်တဲ့သတင်းစာဆိုတာ မတွေ့ဘူး။ ဒါမို့လည်း ကျနော်တို့ UNESCO ဘာတို့နှင့် လုပ်ပြီးတော့မှ ဟိုဖက်အသံလွှတ်မှာရှိတဲ့ အခြေခံမူတွေကို သတင်းစာမှာ ဘယ်လိုပုံစံနှင့် ကျနော်တို့ ကျင့်သုံးလို့ရမလဲဆိုတာကို ကျနော်တို့ စဉ်စားပြီးတော့လုပ်နေတယ်။ အဲဒီတော့ ဒီသတင်းစာတွေကတော့ အများပြည်သူဝန်ဆောင်မှု သတင်းစာအဖြစ်နှင့် အသံလွှတ်ဌာနလိုပဲ ဆက်ပြီးတော့ ရှိသွားမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် အဲဒီ Editorial Freedom ပေါ့လေ။ စောစောကပြောတဲ့ အယ်ဒီတာ တည်းဖြတ်တဲ့ သတင်းတည်းဖြတ်တဲ့အပိုင်း၊ လွတ်လပ်ခွင့်ကိုကော အတိအကျပေးပါ့မလား။ ပွင့်ပွင့်လင်းလင်း။
ဦးရဲထွဋ် ။ ။ အခု BBC ဒါကို Charter နှင့် ကာကွယ်ထားသလိုပဲ ကျနော်တို့ အများပြည်သူဝန်ဆောင်မှု သတင်းစာနှင့် အများပြည်သူဝန်ဆောင်မှု အသံလွှင့်ဌာနအဖြစ် ပြောင်းလဲမယ့်ဟာတွေကို အဲဒီလိုမျိုး Charter သို့မဟုတ် ဥပဒေမျိုးနှင့် ဘယ်အစိုးရတက်တက် ဘယ်သူပဲတာဝန်ယူယူ ကာကွယ်နိုင်တဲ့ မှန်ကန်တဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဖြစ်အောင် ကျနော်တို့ လုပ်ရမယ့်ကိစ္စတွေကို ကျနော်တို့ အခု နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် ပေါင်းပြီးတော့မှ ကျနော်တို့ ရေးဆွဲတာ လေ့လာတာတွေ ကျနော်တို့ လုပ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက မြန်မာပရိသတ် မြန်မာပြည်သူတွေရဲ့ မီဒီယာအပေါ်မှာ သဘောထားကော ဘယ်လိုမြင်ပါသလဲ။ အရင်တုန်းကတော့ ဒါသူတို့က ပြည်ပကသတင်းထောက်ကို နားထောင်ကြတယ်။ နောက်ပြီး တချို့သတင်းတွေလည်းပဲ ဒါ အတိုက်အခိုက်နှင့် ပြောတဲ့သတင်းတွေကို သူတို့ ပိုပြီး စိတ်ဝင်စားကြတယ်ဆိုတာကတော့ ဒါ အမှန်အတိုင်း ဝန်ခံကြမှာ ဖြစ်ပါတယ် ကျနော်လည်း သတင်းသမားပါ။ နောက် အစိုးရပြောတဲ့ သတင်းကို သူတို့ လုံးဝ အယုံအကြည် မရှိတက်ကြဘူး။ အခုကော ပြုပြင်ပြောင်းလဲရေးတွေလုပ်လာတော့ ဦးရဲထွဋ် ဘယ်လိုသုံးသပ်မိပါသလဲ။ လူထုရဲ့မီဒီယာအပေါ်သဘောထား။
ဦးရဲထွဋ် ။ ။ ကျနော်လေ့လာမိသလောက်တော့ ကျနော်တို့ ဒီ မီဒီယာတွေကို စပြီးတော့ ဖြေလျော့မှုတွေလုပ်တဲ့ အစပိုင်းမှာတော့ လူတွေက အရင်တုန်းကလိုပဲ ကျနော်တို့ ပွဲဆူမဲ့သတင်းမျိုးပေါ့။ အဲဒီလိုမျိုးတွေ ဝေဖန်တိုက်ခိုက်တဲ့ သတင်းမျိုးတွေကို ပိုပြီးတော့မှ ဖတ်ချင်ကြတယ်။ စိတ်ဝင်စားတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီဖက်ပိုင်းတွေမှာ သမ္မတကြီးရဲ့ မူဝါဒတွေအပေါ်မှာ ပြည်သူတွေက ယုံကြည်မှုရလာတယ်။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ဒီဖက် ပြည်သူလွှတ်တော်ထဲကို ဝင်လာပြီးတော့မှ ဒီ နိုင်ငံတည်ဆောက်ရေးမှာ ဝင်ပါပြီး လုပ်လာတယ်။ ကိုမင်းကိုနိုင်တို့လို ၈၈ မျိုးဆက်တွေကလည်း ဒီ Civil Society ထဲမှာ ဝင်လာတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ကျနော်တို့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်လာတယ်ဆိုတဲ့အချိန်မှာ လူတွေဟာ အခုချိန်မှာတော့ စိတ်လှုပ်ရှားရမယ့် သတင်းမျိုး ပွဲဆူအောင်လုပ်တဲ့ သတင်းမျိုးထက် အဖြစ်တစ်ခုကို မှန်မှန်ကန်ကန်နှင့် ယထာဘူတ၊ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်တာမျိုးကို ပိုပြီးတော့ တန်ဖိုးထားလာကြပြီလို့တော့ ကျနော်ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နိုင်ငံပိုင် မီဒီယာတွေကော ပုဂ္ဂလိက မီဒီယာတွေကော ပြည်ပမှာအခြေစိုက်နေတဲ့ မြန်မာမီဒီယာတွေအားလုံးက နောင်ကျရင်တော့…. သတင်းရဲ့တန်ဖိုး သတင်းရဲ့အဆင့်အတန်း သတင်းရဲ့ခိုင်မာမှုတွေနှင့်ပဲ ပြိုင်ကြရတော့မယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတစ်ခုကတော့ အဲပုဂ္ဂလိကသတင်းစာ မကြာခင်ထွက်မယ် ကြားပါတယ်။ ဘယ်တော့လောက် တွေ့ရမှာလဲ။
ဦးရဲထွဋ် ။ ။ ကျနော်တို့ကို အခု လျှောက်လွှာတင်ထားတာ ကျနော်ထင်တယ် ရှစ်ခု ကိုးခုလောက် ရှိပါတယ်။ အဲဒီအထဲမှာ ကျနော်တို့ကတော့ သူတို့တွဲပြီးတော့ တင်လိုက်တဲ့ ကျင့်ဝတ်တွေ နောက်တစ်ခါ လုပ်ငန်းလုပ်ကိုင်ပုံစည်းမျဉ်း Code of Conduct တွေဟာ အများလက်ခံနိုင်တဲ့ စံချိန် ဖြစ်မဖြစ် ကျနော်တို့ ဖတ်ရှုပြီးတော့ စီစစ်နေပါတယ်။ နောက်တစ်ခါ တခြား ဒီစစ်ဆေးရမယ့် အချက်တွေပေါ့။ သူတို့ရဲ့ ပိုင်ဆိုင်မှုကိစ္စတွေ ဘာတွေ ဒါတွေလည်း ကျနော်တို့ ပြန်ကြည့်နေတယ်။ အဲဒါတွေ ကြည့်ပြီးလို့ရှိရင် အချက်လက်မပြည့်စုံတဲ့သူရှိရင် ကျနော်တို့ ပြန်တောင်းမယ်။ ပြည့်စုံလို့ အားလုံးပေးနိုင်တဲ့သူတွေရှိလို့ရှိရင်တော့ ကျနော်တို့က ဒါ ရှေ့လထဲမှာခွင့်ပြုမယ်။ သူတို့ ဧပြီလ (၁) ရက်နေ့မှာ စပြီးတော့မှ ထုတ်နိုင်အောင် ကျနော်တို့ လုပ်ပေးသွားမှာ ဖြစ်ပါတယ်။