ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ရှိလာပြီလို့ ပြောနေကြပေမယ့် သတင်းထောက်တွေ သတင်းရယူတဲ့အခါ ဟန့်တားပိတ်ပင်ခံရတာတွေ ရှိနေသေးပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းက လက်ပံတောင်းတောင် ကိစ္စမှာ ဖြစ်ပျက်ခဲ့တာဟာ အဓိက သာဓကတခု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟန့်တားပိတ်ပင်ခံရသူ သတင်းထောက် ကိုကျော်နိုင်၊ မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှုး ကိုမြင့်ကျော်တို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ကိုကျော်နိုင် ။ ။ ဒီကနေ ယာခင်တွေကိုသွားတဲ့ ပင်မလှည်းလမ်းမကြီးကို လုံထိန်းတွေက ရဲကင်းတဲဆောက်ပြီးတော့ ပိတ်ထားလိုက်တယ်။ ဆူးဒေါက်တိုင်တွေခတ်ပြီးတော့ ပိတ်ထားတဲ့အတွက် သွားရေလာရေလမ်းတွေ ခက်ခဲတဲ့အတွက်ကို သူတို့ဆန္ဒတွေ ထုတ်ဖော်တယ်။ အဲဒီနေ့မှာ ဆန္ဒထုတ်ဖော်မှုတွေက တအားပြင်းထန်လာပြီးတော့ ဒေသခံတွေဖက်က လုံထိန်းရဲတွေ တခုခုလုပ်ရင် သူတို့ဖက်ကလည်း ပြန်ပြီးခုခံမယ်ဆိုတဲ့ အတိုင်းအတာတွေ ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ မနက်ပိုင်းက ဖြစ်ခဲ့တဲ့ အရှိန်တွေကြောင့် ညဖက်ပိုင်းတွေမှာ လုံထိန်းရဲတွေက ရွာထဲကိုဝင်ဖို့ ကြိုးစားတယ်။ အဲဒီ လုံထိန်းရဲတွေ ရွာထဲကိုဝင်ဖို့ ဒေသခံတွေက အဝင်မခံဘဲနဲ့ ရွာထိပ်ကပိတ်ပြီးတော့ တားဆီးချိန်မှာ လုံထိန်းရဲ နဲ့ ရွာသားတွေ ည (၇) နာရီလောက် နိုဝင်ဘာလ (၁၄) ရက်နေ့မှာ အပြန်အလှန် လေးခွတွေနဲ့ ပတ်ခတ်မှု ဖြစ်ခဲ့တယ်။ ကျနော်တို့ဆီ သတင်းရောက်တာတော့ (၇) နာရီ (၁၅) လောက်မှာ သတင်းရတယ်။ ကျနော်က အဲဒီ အင်းကြင်တောင် သပိတ်စခန်းကိုသွားပြီးတော့ သတင်းရယူဖို့ သွားနေတဲ့အချိန်ပဲ ရှိသေးတယ်။ အဲဒီအချိန် ကျနော်နဲ့ အာရှအလင်းက ကိုဖုန်းဇော် နှစ်ယောက်က အဲဒီသတင်းရတဲ့အချိန်ကြတော့ အခင်းဖြစ်တဲ့နေရာ မိုးကြိုပြင် တောင်ရွာထိပ်ကို သွားလိုက်တယ်။
ကျနော်တို့ အဲဒီနေရာကို ရောက်တဲ့အချိန်က (၈) နာရီ (၁၀) မိနစ်လောက်မှာရောက်တယ်။ (၈) နာရီ (၁၅) လောက်မှာ ဝမ်းပေါင်ဆိုက်ထဲကနေ ရဲကားအစီး အကြီးအသေး (၁၇) စီး ရောက်လာပြီးတော့ ကားပေါ်ကနေ လုံထိန်းရဲတွေက ဆင်းဆင်းချင်းပဲ ဒေသခံတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တယ်။ လုံထိန်းရဲတွေက သူတို့ဖက်ကနေ လူစုခွဲခိုင်းတာတို့၊ ဘာတို့ လုံးဝမလုပ်ခိုင်းဘဲနဲ့ သူတို့ကနေ သေနတ်နဲ့ ပစ်ခတ်တာတွေကို ကျနော်တို့ တွေ့ခဲ့ရတယ်။ ကျနော်တို့က အဲဒီကနေ ပစ်ခတ်မှုတွေ ရပ်နားသွားချိန် တပ်ရင်းတွေရှိတဲ့ဖက်ကနေ သတင်းရယူပြန်တဲ့အချိန်မှာ လုံထိန်းရဲတွေက ကျနော်တို့ကို တားပြီးတော့ ရဲမှူးကြီးအဆင့်လောက်ရှိတဲ့ လူတယောက်က ကားပေါ်ကနေ ကျနော်တို့ ကင်မရာတွေကို ရိုက်ခွဲပြစ်လို့ သူ့ရဲ့ ရဲဘော်တွေကို အမိန့်ပေးတယ်။ ဒု-ရဲအုပ် (၃) ယောက်က ကျနော်တို့နား ကပ်လာပြီးတော့ ကျနော်တို့ကို ဆဲရေးတိုင်းထွာလုပ်တယ်။ ကျနော်တို့ရဲ့ ကင်မရာကို တောင်းတယ်။ ကျနော်တို့က မပေးတော့ SD card တွေကို တောင်းတယ်။ ကျနော်တို့က မပေးဘူး။ နောက်ထပ် ကျနော်တို့ရဲ့ အဲဒီမှာ ရိုက်ထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယိုဖိုင်တွေကို ဖျက်ခိုင်းတယ်။ ကျနော်တို့ အဲဒါတွေကို ဖျက်ပေးလိုက်တယ်။ သူတို့က ကျနော်တို့ကို ဆက်ဆံခဲ့တာတွေက မီဒီယာသမားတွေလို့ သိသိကြီးနဲ့ ကျနော်တို့ကဒ်တွေကို စစ်တယ်။ မီဒီယာမှန်းသိသိနဲ့ ကျနော်တို့ကို ဆက်ဆံတာတွေက ရိုင်းရိုင်းပြပြ ဆက်ဆံတာတွေရှိတယ်။ နောက်ပြီးတော့ မီဒီယာလွတ်လပ်ခွင့်ဆိုတဲ့ဟာတွေက တကယ်တမ်းကြတော့ သမ္မတကြီးဦးသိန်းစိန် ပြောနေတာနဲ့ အောက်ခြေအဆင့်မှာ ဖြစ်နေတာတွေက တခြားစီပဲ။
ဦးကျော်ဇံသာ ။ ။ ကိုကျော်နိုင်တို့ ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဗွီအိုအေ က မေးတယ်။ နယ်စပ်လုံခြုံရေးဝန်ကြီးလား၊ အဲဒီပုဂ္ဂိုလ်တယောက်က ဘာပြောသလဲဆိုတော့ သူကိုယ်တိုင်တော့ မရှိပါဘူး။ ဒါပေမဲ့ သူ့လူတွေ ဖြစ်တာကို သူသိသလောက် ပြောရမယ်ဆိုရင် သတင်းထောက်လို့ မပြောဘူး။ အရပ်သား (၂) ယောက်လာတယ်။ ဓါတ်ပုံရိုက်တယ်။ နောက်ပြီးတော့ ခင်များတို့ ရိုက်တဲ့ဟာတွေဟာ လုံထိန်းရဲတွေ၊ အာဏာပိုင်တွေဖက်က တဖတ်သတ် လုပ်နေတယ်ဆိုတဲ့ သဘောမျိုး ဖြစ်မှာကို သူတို့ စိုးရိမ်ကြတယ်။ အဲဒါကြောင့် လုပ်လိုက်တာလို့ သူက အခုလို ချေပတယ်။
“ကျနော်တို့က လုံခြုံရေးအရ ပြဿနာတစုံတရာ မကြီးထွားသွားအောင် ထိန်းသိမ်းနေတဲ့အချိန်မှာပဲ အရပ်သား (၂) ယောက် ရောက်လာတယ်။ အဲဒီမှာ လုံခြုံရေးအရ ဖမ်းဆီးစစ်ဆေးတဲ့အခါကြတော့ တွေ့တယ်။ ကျနော်ကတော့ အဲဒီအချိန်မှာ မရှိဘူး။ ကျနော့် တပည်တွေကပြောတာ ဒါ ကျနော်တို့ စိုးရိမ်တာကတော့ ဒီလိုမျိုး သွေးရိုးသားရိုး .. ရှင်းပြတယ်။ ရှင်းပြပြီးတော့မှ အတတ်နိုင်ဆုံး စောင့်ရှောက်ထားတယ်။ သူတို့အပေါ်မှာ ထိခိုက်မှုမရှိအောင် ကျနော်တို့ သတိကြီးစွာထားတဲ့အချိန်မှာ ဒီလိုမျိုး တိုက်ခိုက်မှုတွေ ဖြစ်လာတယ်။ ပြီးတော့ ဓါတ်ပုံတွေ ရသွားတဲ့အခါကြတော့ ဘာပဲပြောပြော ကြိုတင်ကြံစည်းပြီး ဆောင်ရွက်တယ်လို့ သဘောပေါက်တယ်။ တဦးတယောက်ရဲ့ အစီအမံနဲ့ ကြိုတင်စီစဉ် ဆောင်ရွက်တယ်လို့ သဘောပေါက်တဲ့အတွက်ကြောင့် ကျနော်တို့ ကလေးတွေက အဲဒီကဒ်တွေကို … ရဲတွေက မတရား သူတို့ကို အနိုင်ကျင့်တယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်ပေါ်မှာ စိုးတဲ့အတွက်”
အဲဒါကတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ ဝန်ကြီးက ဗွီအိုအေမြန်မာပိုင်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့၊ ကိုယ်တိုင်သတင်းသွားယူရင် ဒီလို တားဆီးဟန့်တားမှုတွေ ကြုံခဲ့ရတဲ့ သတင်းထောက် ကိုကျော်နိုင် ဘာပြောချင်ပါသလဲ။
ကိုကျော်နိုင် ။ ။ ကျနော်တို့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဖျက်သိမ်းခိုင်းတယ်ဆိုကတည်းက သူတို့တဖတ်သတ် လုပ်တာတွေ ပေါ်လွှင်မှာစိုးလို့၊ မှတ်တမ်းရသွားမှာစိုးလို့ ကျနော်တို့ မှတ်တမ်းတွေကို ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖျက်တယ်လို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကိုမြင့်ကျော် ခင်များ … သတင်းလွတ်လပ်ခွင့် မြန်မာနိုင်ငံမှာ ရှိလာပြီလို့ နိုင်ငံတကာက အသိအမှတ်ပြုလာချိန်မှာ ဒီလိုမျိုးဖြစ်တာ မကြာခဏ ဖြစ်နေကြလား။ ဒီတခါ ရှားရှားပါးပါး ဖြစ်တာလား။
ကိုမြင့်ကျော် ။ ။ သတင်းလွတ်လပ်ခွင့် ရှိလာပြီဆိုတာ ကျနော်တို့က နှစ်ပိုင်းကြည့်ပြီး ပြောကြတာ။ ပထမ ရေးခွင့်၊ ဖော်ပြခွင့်ကို မရကြတော့ အဲဒီ့ကာလကနေ အခုက ရေးခွင့်၊ ဖော်ပြခွင့် ရလာတဲ့တပိုင်း။ အဲဒီအပေါ်မှာ တော်တော်များများက အားရဝမ်းသာဖြစ်ကြတယ်။ ဒါက ပြည်တွင်းပြည်ပက လွတ်လပ်ခွင့် ရလာပြီလို့ပြောတယ်။ ဒါပေမဲ့ နောက်တဖတ် ရှိသေးတယ်။ သတင်းရယူခွင့်တွေ၊ ကျနော်တို့ သတင်းသမားတွေရဲ့ အခွင့်အရေးကို အစိုးရက လေးစားသလား၊ ကာကွယ်ပေးသလားဆိုတဲ့အပိုင်း။ အဲဒီအပိုင်းကတော့ ပြဿနာတွေ အများကြီး ရှိနေသေးတယ်။ ဥပမာ အချက်အလက် မပေးတာတို့။ တဖတ်နဲ့ တဖတ် လွှဲချတာတို့။ အခုလိုမျိုး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လာရင် ခြိမ်းခြောက်တာတို့ အဲဒီကိစ္စတွေက ရှိနေသေးတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ နားလည်းထားတာက အချက်အလက်နဲ့ ပတ်သက်ပြီးတော့က အမှန်တကယ် ဖော်ပြခွင့်ပြုတယ်။ ဒါပေမဲ့ နည်းနည်းအကဲဆတ်တဲ့ကိစ္စ၊ နိုင်ငံရေးကိစ္စတွေမှာ ဝေဖန်ပြီးတော့ ရေးမိတာ၊ သူတို့ဖက်က အားနည်းချက်ကို ထောက်ပြရေးတာတွေသာ ရေးခွင့်မရှိဘူး။ အဲဒါတွေသာ ဆင်ဆင်ခြင်ခြင် ရေးရတယ်လို့ ကျနော်တို့ ကြားနေမိတယ်။ အခုအတိုင်းဆိုရင် အချက်အလက်ရယူရေးမှာလည်း သူတို့ လွတ်လပ်ခွင့် မရှိသေးဘူးဆိုတဲ့ သဘောပေါ့။
ကိုမြင့်ကျော် ။ ။ အချက်အလက် ရယူခွင့်မှာ နိုင်ငံခြားမှာတော့ အင်္ဂလိပ်လို့ access to information ပြောကြတယ်။ ကျနော်တို့လည်း ဒီမှာတော့ နားလည်းသလိုပြောရင် သတင်းရယူခွင့်၊ သတင်းလွတ်လွတ်လပ်လပ် ရယူပိုင်ခွင့်၊ တချို့ အချက်အလက်တွေကို အစိုးရက ထုတ်ပေးရမယ့်၊ အသိပေးရမယ့် အချက်အလက်တွေကို ဖြန့်ပေးဖို့ ပျက်ကွက်တာတွေ၊ အဲဒီအပိုင်းမှာတော့ တော်တော်လေး အားနည်းနေသေးတယ်။ အဲဒီအပိုင်းကို ကျနော်တို့က ပြောရအုံးမယ်။ လောလောဆယ် အဲဒီဟာကို ကာကွယ်ပေးမယ့် ဥပဒေလည်း လောလောဆယ် မရှိသေးဘူး။ ဘယ်ဥပဒေနဲ့ ကျနော်တို့က သိပိုင်ခွင့်ရှိတယ်။ ယူပိုင်ခွင့်ရှိတယ်လို့ ပြောမလဲ။ ဥပဒေအရ ကာကွယ်ပေးတာတွေ မရှိသေးဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေထဲမှာတော့ အချက်အလက်ကို ရယူခွင့်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဖော်ပြထားပါသလဲ။ အချက်အလက်ကို လွတ်လပ်စွာ ရယူတဲ့နေရာမှာ အဟန့်အတားပြုခဲ့သည်ရှိသော ဘာလုပ်မယ်ဆိုတာမျိုး မပါဘူးလား။
ကိုမြင့်ကျော် ။ ။ အဲဒီဟာမျိုးကို ထောင်ဒဏ်တော့ မဟုတ်ဘူး။ ဒဏ်ငွေရိုက်ဖို့။ ဒဏ်ငွေပေးဆောင်ဖို့အတွက် ပြစ်ဒဏ်ထည့်သွင်းထားတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါကို ဆရာတို့ဖက်ကနေ တရားရုံးမှာ တရားဥပဒေအကြောင်းအရ လျှော်လဲှမယ်ဆိုရင် အဲဒီလို သူတို့တွေကို တာဝန်ရှိတဲ့ တရားရုံးက ခေါ်ယူစစ်ဆေးပြီးတော့ ပြစ်ဒဏ်ပေးနိုင်တဲ့ အခြေအနေ ရှိပါသလား။
ကိုမြင့်ကျော် ။ ။ အဲဒီဟာမျိုးက ဘယ်လိုပြောမလဲ။ တကြိမ်တခါမှာ ဒီမှာ မဖြစ်သေးဘူးဆိုတော့ အဲဒါမျိုးတွေက ကျနော်တို့ကလည်း တကယ့်ကို လုပ်ကြည့်ဖို့လိုတယ်။ ဆောင်ရွက်ကြည့်မှပဲ ဘယ်လို သူတို့ဖက်က တုန့်ပြန်မလဲဆိုတာ၊ ဥပဒေအရ ဘယ်လိုလုပ်မလဲဆိုတာကို သိမယ်။ ကျနော်တို့တတွေက အမြဲတမ်း ငုံ့ခံရတဲ့ဖက်ကပဲ နေခဲ့ကြတာဆိုတော့ မဖမ်းရင်ဘဲ တော်လှပြီလို့ အရင်ကတည်းက ယူဆခဲ့ကြတယ်ဆိုတော့။
ဦးကျော်ဇံသာ ။ ။ အခုတော့ ဆရာတို့ မြန်မာဂျာနယ်လစ်ကွန်ရက် ကနေ ကြေညာချက်ထုတ်တယ်။ စောစောက ဥပဒေကြောင်းအရ ပထမဦးဆုံး ဆောင်ရွက်မယ်လို့ စီစဉ်ထားပါသလား။
ကိုမြင့်ကျော် ။ ။ ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ဟာတော့ လောလောဆယ် မရှိသေးဘူး။ ဒါပေမဲ့ အခုဟာ ရဲချုပ်ဆီ စာပို့တယ်။ သူတို့ ဒီဟာကို အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းတယ်။ တောင်းဆိုတဲ့ဟာ စာပို့တယ်။ ဒီနေ့ နေ့စွဲနဲ့ထုတ်ပြီး ပို့တယ်။ သူတို့ဆီတော့ နောက်ရက်ပိုင်းတော့ ရောက်မယ်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံထဲက သတင်းတွေကို ကြည့်မယ်ဆိုရင် တရားဥပဒေအရသော်လည်းကောင်း၊ အုပ်ချုပ်ရေးက ညွှန်းကြားချက်တွေကိုသော်လည်းကောင်း အဓိက မလိုက်နာတာ ရဲတွေနဲ့ ပတ်သက်ပြီးတော့။ ဥပမာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်တဲ့ကိစ္စမှာလည်း ရဲဖက်က ထိထိရောက်ရောက် ဆောင်ရွက်ဖြေရှင်းတာ မရှိဘူးဆိုတဲ့ ညည်းညူသံတွေလည်း ကြားရပါတယ်။ အဲဒါနဲ့ တဆက်တည်းမှာ လူတွေက ဘာသုံးသပ်ကြသလဲဆိုတော့ ဒီရဲတို့၊ ပြည်ထဲရေးတို့ဆိုတာ သမ္မတခန့်တဲ့ ဌာနတွေ မဟုတ်ဘူး။ စစ်တပ်ရဲ့ လက်အောက်မှာ ရှိနေတဲ့အတွက်ကြောင့် သူတို့ရဲ့ အာဏာကို အရပ်ဖက်အာဏာကို မလိုက်လျော၊ မလိုက်နာချင်တဲ့သဘော ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီကိစ္စမှာ အဲဒါနဲ့ ယှဉ်တွဲသုံးသပ်လို့ ရပါသလား။
ကိုမြင့်ကျော် ။ ။ အဲဒီ ယူဆချက် ကျနော်လည်း မနေ့က အယ်ဒီတာတယောက်နဲ့ ဆွေးနွေးကြည့်တော့ အဲဒီယူဆချက် သူ့မှာလည်း ရှိပါတယ်။ ဆိုတော့ ဒီဟာကတော့ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ကိစ္စလို့ ကိစ္စတွေမှာ သမ္မတက အရေးယူဖို့ပြောတယ်။ ဒါပေမဲ့ ပဲခူးတိုင်းနောက်ခြမ်းကိစ္စတွေမှာ သူတို့က မြန်မြန်ဆန်ဆန် ကိုင်တွယ်မှုမပြုဘူးဆိုတော့ ဒီအထဲမှာ တခုခုများ ဘယ်နေရာမှာ မှားယွင်းနေသလဲပေါ့။ တခုခုများ မလိုက်နာတာ ရှိသလားဆိုတဲ့ အဲဒီ ယူဆချက်တော့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စမျိုးက သတင်းထောက်တွေ အန္တရာယ်ကျရောက်တဲ့ စာရင်းတွေ၊ နိုင်ငံတကာ သတင်းသမဂ္ဂတွေ၊ သတင်းအဖွဲ့အစည်းတွေက ထုတ်ပြန်ကြတဲ့အခါမှာ ဘယ်နိုင်ငံမှာ သတင်းထောက်တွေ အသတ်ခံရတယ်။ ဘယ်မှာ ဖမ်းဆီးထောင်ချခံရတယ်။ မြန်မာပြည်မှာ အခြေအနေ၊ ဒီအတိုင်းသာ လွှတ်ထားကြမယ်၊ ဒါကို ဘာမှ အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ရင် အခြေအနေ ပိုဆိုးလာတဲ့ အနေအထား ရှိပါသလား။ အခြေအနေ သူဟာသူ ကောင်းသွားမလား။ ဆရာ အနာဂတ်ကို ဘယ်လို မျှော်လင့်သလဲ၊ မြင်မိသလဲ။
ကိုမြင့်ကျော် ။ ။ ဒီဟာမျိုးကတော့ ကျနော်တို့တတွေ မပြောကြရင်တော့ ကြာရင် ဒီထက် အတင့်ရဲလာမယ်လို့ ပြောရလိမ့်မယ်။ မြန်မာပြည်မှာ အသတ်ခံရလိမ့်မယ်လို့တော့ မပြောနိုင်ဘူး။ သို့ပေမဲ့ တဖြည်းဖြည်းနဲ့ အရေးမယူဘူးဆိုရင်တော့ အတင့်ရဲလာမယ့် အနေအထားမျိုးတော့ ရှိတယ်။
ဦးကျော်ဇံသာ ။ ။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တယောက်ကတော့ အဲဒီ ဒေသက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တယောက်ကတော့ ဒီကိစ္စကို မေးတဲ့အခါ သူကတော့ တကယ်မကြုံလိုက်ရပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စဉ်းစဉ်းစားစားနဲ့ ဆင်ခြေပေးတာကတော့ အဲဒါမှာ အရပ်သားနှစ်ယောက်၊ သတင်းထောက်လို့ သူ မသုံးဘူး။ ပြဿနာ ဖြစ်နေတဲ့အခါမှာ အရပ်သားနှစ်ယောက် လာပြီးတော့ ဓါတ်ပုံတွေရိုက်တယ်။ ဒါပေမဲ့ သူတို့အထင် သူတို့လူတွေက အထင်ရောက်သွားတာကတော့ ရဲတွေ၊ တာဝန်ရှိသူတွေက တဖတ်သတ်ကြီး လုပ်နေတဲ့ ပုံစံမျိုး ဖြစ်မှာကို စိုးရိမ်လို့ အခုလို လုပ်တယ်လို့ ဆင်ခြေပေးပါတယ်။ အဲဒါကို ဘယ်လို ပြန်ပြောချင်ပါသလဲ။
ကိုမြင့်ကျော် ။ ။ အဲဒါက ကျနော် အဲဒီညက (၂) နာရီခွဲ (၃) နာရီလောက်။ သူတို့ဖြစ်တာက ည (၉) နာရီ။ (၂) နာရီခွဲ (၃) နာရီလောက်မှာ ဖုန်းကဝင်လာတယ်။ ညသန်းခေါင်တည်းက ဝင်လာတော့ အဲဒီ့ ကာယကံရှင်နဲ့ ဖုန်းပြောတော့ ကိုယ့်ကို သတင်းထောက်မှန်း သိသလားဆိုတော့ သူတို့သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ကဒ်တွေကို သူတို့ စစ်တယ်။ သတင်းမှန်သိလို့။ အကယ်၍ သတင်းထောက်မဟုတ်ဘူးဆိုရင် ဒီထက်တောင် ပိုပြီးတော့ အခြေအနေက ဆိုးနိုင်တယ်။ သတင်းထောက်မှန်းသိတယ်။ ပြီးတော့ ဘယ်မှာတည်လဲဆိုတဲ့ဟာမျိုး၊ ဘယ်မှာနေလဲဆိုတဲ့ဟာမျိုး၊ ဆိုင်ကယ်လိုင်စင် ရှိလာဟာမျိုး။ အဲဒါမျိုးတွေအထိ စစ်တယ်ဆိုတော့ သူတို့ မသိစရာအကြောင်းတော့ မရှိဘူး။ နှစ်ယောက်စလုံးက ခေါ်ပြောထားပြီးသာ။ သူတို့ကဒ်တွေလည်း စစ်ထားပြီးသာဆိုတော့။ ဒါကတော့ ဆင်ခြေပေးတာသက်သက်ပဲ ဖြစ်ပါတယ်။