သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သယံဇာတ ထုတ်လုပ်မှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု


ပစ္စုပ္ပန်နဲ့ အနာဂတ် မျိုးဆက်တွေအတွက် ကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင် ဖြစ်ပေါ်စေဖို့နဲ့ သဘာဝနဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို လွန်ခဲ့တဲ့ မတ်လ (၃၀) ရက်နေ့မှာ ဦးသိန်းစိန်အစိုးရက ပြဋ္ဌာန်းလိုက်ပါတယ်။ အနှစ် (၂၀) ကျော် သယံဇာတ ထုတ်လုပ်မှုကြောင့်

သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကို ပြန်လည်ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့ ဥပဒေဖြစ်ပါတယ်။ ဒီ ဥပဒေအရ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌလုပ်တဲ့ ပတ်ဝန်းကျင်

ထိန်းသိမ်းရေးကော်မတီနဲ့ ပတ်ဝန်းကျင်ရေးရာကိစ္စရပ်တွေကို ဆောင်ရွက်မယ့် ပြည်ထောင်စုဝန်ကြီးဋ္ဌာနတခု ပေါ်ထွက်လာပါတယ်။

ဝန်ကြီးဌာနမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန်အတော်များများရှိတဲ့အထဲမှာ စီမံချက်အကောင်အထည်ဖော်မှုကြောင့် လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိမရှိ ဆန်းစစ်လေ့လာရေး၊

အငြင်းပွားမှု ဖြေရှင်းရေး ထိခိုက်နစ်နာသူကို လျော်ကြေးပေးရေး၊ သယံဇာတကရတဲ့ငွေ တစိတ်တပိုင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းမှာအသုံးပြုရေး စတာတွေ

ပါဝင်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ဥပဒေကို မလိုက်နာဘဲ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် (၅) နှစ်နဲ့ ဒဏ်ငွေကျပ်သိန်း (၂၀) အများဆုံး ပေးဆောင်ရမယ်လို့

သတ်မှတ်တာကတော့ ဝင်ငွေအများဆုံးရတဲ့ လုပ်ငန်းကို ဒဏ်ငွေအနည်းဆုံး ဆောင်ခိုင်းသလို ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှုးကြီးရဲ့ စစ်အစိုးရလက်ထက် ၁၉၉၀ မှာ ပတ်ဝန်းကျင်ရေးရာ ကော်မရှင်ကိုဖွဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်ရေးဆွဲပါတယ်။ ပတ်ဝန်းကျင်ဥပဒေ

ပြဋ္ဌာန်းရေး စံသတ်မှတ်ရေး၊ အသိပညာပေးရေး၊ ဆင်းရဲမှုနည်းပါးရေး၊ အခြားလုပ်ငန်းကဏ္ဍတွေနဲ့ ညှိနှိုင်းရေး စတာတွေကို စီစဉ်တာတွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ရာမှာ

အခက်အခဲ ရှိပါတယ်။ လက်တွေ့အခြေအနေဟာ အစိုးရလမ်းစဉ်နဲ့ တခြားစီ ဖြစ်နေပါတယ်။ ကုလသမဂ္ဂခေါင်းဆောင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး

လှုပ်ရှားမှုလုပ်လာတဲ့အတွက် ကမ္ဘာပေါ်မှာ သိက္ခာတက်ချင်တာကြောင့် ပတ်ဝန်းကျင်ရေးရာ ကော်မရှင်ကို တီထွင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ရေးရာ

စည်းမျဉ်းဥပဒေ အနည်းငယ်ရှိပေမယ့် ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပေးမယ့် သီးခြားဌာနမရှိတာ ထင်ရှားချက်တခု ဖြစ်ပါတယ်။

တရားဥပဒေ စိုးမိုးမှု၊ သိသာမြင်သာမှု၊ လွတ်လပ်စွာ တရားစီရင်မှု၊ ပြည်သူလူထုပါဝင်မှု စတာတွေရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားကုမ္မဏီကို သဘာဝသယံဇာတ ရောင်းစားတဲ့

စစ်အစိုးရလုပ်ရပ်ဟာ သိသာမြင်သာမှုနဲ့ တာဝန်ယူမှုမရှိတဲ့အတွက် ကိုယ်ကျိုးရှာကျိုတ်ဝိုင်းလို ဖြစ်နေပါတယ်။ ဒီကျိတ်ဝိုင်းစနစ်ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရပါတယ်။

စစ်အာဏာရှင်အစိုးရက ဒီကျိတ်ဝိုင်းဖန်တီးတာဖြစ်လို့ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ အောင်မြင်ဖို့ အလားအလာရှိနိုင်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရဲ့

အခြေခံလိုအပ်ချက်ဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပါတယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးစီမံကိန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်နဲ့လည်း

တိုင်းတာနိုင်ပါတယ်။

စစ်အုပ်စုကို စားပေါက်ထွင်ပေးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုထဲမှာ မိုင်းလုပ်ငန်းဟာ ပဉ္စမနေရာ လိုက်နေပါတယ်။ ကချင်ပြည်နယ်က မြေပေါ်မြေအောက် သဘာဝသယံဇာတကို

အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေက ရောင်းချပြီး ရန်ပုံငွေရှာကြပါတယ်။ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့ စီးပွားပြိုင်ကြတာဟာလည်း လက်နက်ကိုင်ပဋိပက္ခကို

သက်ဆိုးရှည်စေပါတယ်။ ဝင်ငွေကောင်းတဲ့ သယံဇာတ လုပ်ငန်းမှာ တရုတ်အရင်းရှင်နဲ့ ဒေသခံအာဏာပိုင်တွေသာ အကျိုးခံစားကြရပြီး ဒေသခံပြည်သူလူထုကတော့

ရွှေတူးဖော်ရေးလုပ်ငန်းနဲ့ တိုက်ရိုက်ပတ်သက်တယ်ဆိုတဲ့ လေ့လာချက်လည်း ရှိပါတယ်။

သယံဇာ ထုတ်ယူတဲ့လုပ်ငန်းဟာ ဘယ်လောက်ပဲ ဂရုတစိုက်လုပ်လုပ် လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်ကို အနည်းနဲ့အများ ထိခိုက်တာ တွေ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို

အန္တရာယ်အပေးဆုံးလုပ်ငန်းဟာ သစ်ထုတ်လုပ်ရေး၊ မိုင်းလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်ပါတယ်။ ရွှေရှာဖွေရေးလုပ်ငန်းကလည်း အန္တရာယ်ပေးနိုင်ပါတယ်။

စစ်အစိုးရခေတ် သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းမှာ ပြည်တွင်းက အခွင့်ထူးခံတစုနဲ့ နိုင်ငံခြားကုမ္မဏီအချို့သာ အကျိုးခံစားရပြီး ပြည်သူလူထုဟာ လျစ်လျူရှုခံခဲ့ရပါတယ်။

ဦးသိန်းစိန်အစိုးရကတော့ ပြည်သူ့သဘောထား လေးစားတဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကြိုးပမ်းနေတာမို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးအနက်ထားမယ်ပုံ

ပေါ်နေပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဟာ ဆက်စပ်နေပါတယ်။ ကောင်းမွန်တဲ့ အစိုးရစနစ်ကသာ ပတ်ဝန်းကျင်ကို

ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။ သဘာဝသယံဇာတကို အစိုးရကသာ ပိုင်တာမဟုတ်ပါဘူး။ သယံဇာတအကျိုးကို လက်ရှိမျိုးဆက်သာမကဘဲ အနာဂတ်မျိုးဆက်တွေပါ

အကျိုးခံစားနိုင်ရအောင် စီမံနိုင်တဲ့အစိုးရသာလျှင် ပြည်သူထောက်ခံမှုကို ရရှိနိုင်ပါလိမ့်မယ်။ လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင် သဟဇာတမဖြစ်ရင် လူ့ယဉ်ကျေးမှုတခုလုံး

ပျက်စီးတဲ့ သာဓကတွေ ရှိပါတယ်။
XS
SM
MD
LG