ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ကြဖို့ စဉ်းစားကြတဲ့အခါ တိုင်းရင်းသားတွေ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်ရေးဟာ အဓိကကျတဲ့အချက်တချက် ဖြစ်တယ်ဆိုတာ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာ က ပြောကြားလိုက်ပါတယ်။ KIO ဥက္ကဌဟောင်း ဒေါက်တာတူးဂျာနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်မှာ အဆိုတင်သွင်းလာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြိုဆိုသလား။ သတိထား ကြိုဆိုသလား စသဖြင့် အကြမ်းမျဉ်းပြောပါ ဆရာ။
ဒေါက်တာတူးဂျာ ။ ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ဆိုတာကတော့ ကြိုဆိုသင့်ပါတယ်။ ပြင်ဆင်လိုအပ်တဲ့ ပုဒ်မတွေလည်း အများကြီး ရှိပါတယ်။ အဲဒီတော့ ပြင်တယ်ဆိုတဲ့ နေရာမှာတော့ ဘယ်အဆင့်အထိ ပြင်မလဲဆိုတဲ့အပိုင်းကို စဉ်းစားကြရမယ်။ ဥပမာ ဒီမိုကရေစီကျကျ ဖြစ်စေချင်တယ်ဆိုချင်တော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ပုဒ်မတွေကို ဦးစားပေးပြီးတော့ ပြင်ရမယ်။ ဥပမာဆိုရင် စစ်တပ်က ၂၅ ရာခိုင်နှုန်းပါထားတဲ့ကိစ္စတွေ။ နောက်ပြီး ဖယ်ဒရယ် စံချိန်စံနှုန်းမှီအောင် ပြင်ကြမယ်ဆိုလို့ရှိရင်လည်း ဒါက ဖယ်ဒရယ်စနစ်ရဲ့ ပုံစံကိုကြည့်ပြီးတော့ လိုအပ်တာတွေကို ပြင်ရင်တော့။ နောက်တခုကတော့ အခြေခံဥပဒေကို လွယ်လွယ်နဲ့ ပြင်နိုင်အောင်လို့ ပြင်တဲ့နေရာမှာ အခက်ကြီးမဖြစ်အောင် ဒါကိုလည်း စဉ်းစားဖို့လိုတယ်။
ဦးကျော်ဇံသာ ။ ။ ပြင်ပုံပြင်နည်း။ အစတုန်းကတော့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ပြင်လို့ရနိုင်တယ်ဆိုတဲ့ ကိစ္စပြင်ဖို့လိုတယ်ဆိုတော့ အခု လွှတ်တော်မှာ မဲအများစုရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်တိုင်က ဒီကိစ္စကို ဦးဆောင်ဦးရွက်ပြုပြီးတော့ ဆွေးနွေးလာတယ်ဆိုတော့ ၇၅ ရာခိုင်နှုန်း ရနိုင်မယ့် အလားအလာတော့ မြင်ရပြီပေါ့ ဆရာ။
ဒေါက်တာတူးဂျာ ။ ။ အဲဒါ သူတို့အပေါ်မှာ ဒီပါတီအပေါ်မှာ မူတည်မယ်ထင်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ တကယ် ပြည်သူလူထုအကျိုးကို ဖြည့်နိုင်မှ ဒီအခြေခံဥပဒေကို ပြည်သူလူထု လက်ခံနိုင်တဲ့ ပုံစံဖြစ်လာအောင် စေတနာမှန်မှန်ကန်ကန်နဲ့ ပြင်မယ်ဆိုလို့ရှိရင် ပြင်လို့ရနိုင်တယ်လို့ ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ အခုနပြောခဲ့တဲ့အထဲမှာ အဓိက နှစ်ချက်ကတော့ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတဲ့ကိစ္စကို ဆရာထောက်ပြပါတယ်။ နောက်တခုက တိုင်းရင်းသားကိစ္စ။ စစ်တပ်က အာဏာယူထားတဲ့ကိစ္စကို အရင်ပြောကြရအောင်ပါ ဆရာ။ အဲဒီကိစ္စကို ဘယ်လောက်ဖြစ်နိုင်ပါသလဲ။ ဒီတကြိမ်ပြင်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းကို သူတို့ ရုတ်သိမ်းမယ် ထင်ပါသလား။ နောက်တခုက အဲဒါထက် ပိုအရေးကြီးတာက တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ပေါ်ပေါက်တယ်ဆိုရင် စစ်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်မယ်ထင်ရင် သူကိုယ်တိုင် အာဏာသိမ်းယူနိုင်တယ်ဆိုတဲ့ အခွင့်အရေးတရပ်လည်း ပါနေပါတယ်။ ဒီ နှစ်ရပ်လုံးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့အနေနဲ့ တကယ် လှိုက်လှိုက်လဲလဲ ပြင်နေတယ် ထင်ပါသလား။ စစ်တပ်ကရော လက်ခံနိုင်မယ် ထင်ပါသလား။
ဒေါက်တာတူးဂျာ ။ ။ အခု အခြေခံဥပဒေ ပြင်တယ်ဆိုတဲ့နေရာမှာ နိုင်ငံရေးအခြေအနေကို ကြည့်ပြီးမှ အမြန်ပြင်ဖို့ လိုတယ့်ဟာတွေကို ဦးစားပေးပြီး ပြင်ရမှာပဲ။ အခြေအနေအပေါ် မူတည်ပြီးမှ တခုချင်း လိုအပ်တာကို ဆက်လက်ပြင်ဆင်သွားတဲ့ ပြုပြင်သွားတယ့်ပုံစံဆို ရေရှည်မှာ ပိုပြီးတော့ မှန်ကန်လိမ့်မယ်လို့ ထင်တယ်။
ဦးကျော်ဇံသာ ။ ။ မြန်မြန်ပြင်ဖို့ လိုတယ်ဆိုတဲ့အချက်တွေက ဘယ်အချက်တွေကို ပြောလိုပါသလဲ။
ဒေါက်တာတူးဂျာ ။ ။ မြန်မြန်ပြင်ဖို့ လိုတယ်ဆိုတဲ့အချက်တွေက စံချိန်စံနှုန်းကို ကြည့်မယ်ဆိုလို့ရှိရင် အခုန ကျနော်ပြောသလို ဒီမိုကရေစီ ပုံစံကျကျလည်း ဖြစ်ဖို့လိုတယ်။ ဒီ အခြေခံဥပဒေက။ အဲဒါကြောင့် ဒီမိုကရေစီပုံစံ မကျတဲ့ဟာတွေကတော့ ပြင်သွားရမယ့် ပုဒ်မတွေရှိတယ်။ နောက်တပိုင်းက အခု ကျနော်တို့ တိုင်းရင်းသားဘက်ကလည်း တောင်းဆိုနေတဲ့ တတိုင်းပြည်လုံးအကျိုးအတွက် တောင်းဆိုနေတဲ့အချက်က ကျနော်တို့နိုင်ငံ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ဖို့ကို လိုအပ်တယ်။ အဲဒါမှ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲပြီး နေထိုင်နိုင်တဲ့ ပြည်ထောင်စုဖြစ်လာမှာ။ အဲဒါကြောင့် ပြည်ထောင်စုပုံစံရှိဖို့ဆိုရင် ဖယ်ဒရယ်ပုံစံမျိုး ဖြစ်လာရမယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူကို ဖယ်ဒရယ်ပုံစံကျကျ လိုအပ်တဲ့ပုဒ်မတွေကို ပြင်သွားရမယ်။ ဒါတွေက အခုအမြန်ပြင်ဖို့လိုတဲ့ ပုဒ်မတွေထဲမှာ ဒါတွေ ပါတာပေ့ါ။
ဦးကျော်ဇံသာ ။ ။ ကျနော် တခုမေးချင်တာက ဆရာတို့ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးကို စွန့်ပြီးတော့ တက်ရောက်ဆွေးနွေးခဲ့တဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံတုန်းက ဆရာတို့ဟာ တိုင်းရင်းသားလူမျိုးအရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအရေးအထိ ဆရာတို့ တက်ပြီးတော့ စဉ်းစားခဲ့တယ်လို့ ကျနော် သိပါတယ်။ တိုင်းရင်းသားတွေအားလုံးပေါ့။ အဲဒီအခါတုန်းက ဘယ်လို အတားအဆီးတွေ ကြုံခဲ့ရလို့ ဒီကိစ္စ မအောင်မြင်ခဲ့ဘူးလဲ။ အခု ဒီ အတားအဆီးမျိုးတွေ ပျောလောသွားပြီလို့ ထင်ပါသလား။
ဒေါက်တာတူးဂျာ ။ ။ အဲဒီတုန်းကတော့ ကျနော်တို့ တင်တော့တင်တာပဲ။ ကျနော်တို့လည်း စစ်မှန်တဲ့ ပြည်ထောင်စုပုံစံ ဖြစ်အောင်ဆိုပြီးတော့ အချက်အလက်တွေ တင်ပြခဲ့ပါတယ်။ ဖယ်ဒရယ်ပုံစံပေါ့။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ ၂၀၀၈ အခြေခံဥပဒေကတော့ အဲဒီအဆင့်ကို မမှီဘူးလေ။ ဒါပေမဲ့ ဘာပဲပြောပြော အခုက ကျနော်တို့ နိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဟာ မဖြစ်မနေ တည်ဆောက်ကြရမယ်။ ဒါကိုလေး သိပ်အချိန်ဆွဲထားလို့ ကောင်းတာမဟုတ်ဘူး။ ပြည်တွင်းစစ်ကလည်း ဒီလောက်ကြာရှည်လာပြီး ဖြစ်တဲ့အတွက်ကြောင့်။ ဒါကြောင့်မို့ အဲဒီလို ပြည်တွင်းစစ်ရပ်စဲ၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကြမယ်ဆိုရင်တော့ စစ်မှန်တဲ့ ပြည်ထောင်စု ဖယ်ဒရယ်ပုံစံ ကျင့်သုံးဖို့ လိုအပ်လာတယ်။ ဒါပေမဲ့ ကျနော်တို့က အခြေခံဥပဒေ ပြင်တဲ့နေရာမှာလည်း ဖယ်ဒရယ်ပုံစံ ဖြစ်လာအောင် ဒါကို ပြင်ရတော့မယ်။ ဒါကို အချိန်ဆွဲထားလို့လည်း မရတော့ဘူးလို့ ကျနော် အဲဒီလို သုံးသပ်တယ်။
ဦးကျော်ဇံသာ ။ ။ ဖယ်ဒရယ် ပြည်ထောင်စုဆိုတာကို ကျနော်တို့ နည်းနည်းဆွေးနွေးကြည့်မယ်ဆိုရင် ဆရာတို့ ဘယ်ဟာကို လိုချင်တာလဲ။ ပြည်နယ် တိုင်းရင်းသားဒေသတွေရဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့။ တနည်းအားဖြင့် အစိုးရအဖွဲ့ ပြည်နယ်တိုင်းမှာ။ အဲဒီ အစိုးရကို ဗဟိုအစိုးရရဲ့ သဘောတူညီချက် မဟုတ်ဘဲနဲ့ ပြည်နယ်ကိုယ်စားလှယ်တွေကိုယ်တိုင် ရွေးချယ်တဲ့ အစိုးရမျိုးကို လိုချင်တာလား။ ပြည်နယ်ရဲ့ ဥပဒေပြုပိုင်ခွင့် အာဏာအပြည့်အဝ လိုချင်သလား။ အခု ပြည်နယ်တွေမှာဆို စစ်တပ်က လွှမ်းမိုးမှု ဗဟိုထက် ပိုများတယ် သိရပါတယ်။ အဲဒါတွေကို ဖယ်ရှားချင်သလား။ ဆရာ တချက်ချင်း နည်းနည်းဆွေးနွေးပေးပါ။
ဒေါက်တာတူးဂျာ ။ ။ အဓိက ကျနော်တို့ တင်ပြချင်တာက ဖယ်ဒရယ်ပုံစံ ဖြစ်လာမယ်ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး အခွင့်အရေးတွေ ရရှိရမယ်။ အဓိကတော့ ဥပဒေပြုတဲ့အပိုင်း။ Legislative အပိုင်းမှာ ပြည်နယ်တွေကို အများကြီး ထပ်တိုးပေးဖို့လိုတယ်။ ၂၀၀၈ အခြေခံဥပဒေက အာဏာခွဲခြားသတ်မှတ်တာရှိတယ်။ အာဏာခွဲဝေတာရှိတယ်။ ဒါပေမဲ့ မမျှတဘူး။ အဲဒီတော့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေကို ခွဲဝေပေးထားတဲ့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှုအာဏာ အင်မတန်နည်းနေတယ်။ ဒါကြောင့် ဒါတွေကို တိုးပြီးပေးရမယ်။ ဖယ်ဒရယ်အဆင့်ဆိုရင်တော့ ပြည်နယ်တွေမှာ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှုအာဏာ အများကြီးတိုးပေးဖို့ လိုသေးတယ်။ အခုက ဗဟိုချုပ်ကိုင်မှု တင်းကြပ်တဲ့အဆင့်မှာ ရှိနေသေးတယ်။ အဲဒါကြောင့် ဒါတွေကိုသာ ဥပဒေပြင်တဲ့နေရာမှာ ဗဟိုချုပ်ကိုင်မှု လျော့နည်းသွားတယ့် decentralized ပုံစံအတွက် လိုအပ်တဲ့ဥပဒေတွေ ပြင်သွားရမယ်။ နောက် ဥပဒေပြု အာဏာလည်း အလားတူ။ ပြည်နယ်တွေကို တိုးပေးဖို့ လိုအပ်တဲ့ ဥပဒေပြုအာဏာတွေ တိုးပြီးပေးရမယ်။ ဒါမှလည်း ဖယ်ဒရယ်ပုံစံ၊ စစ်မှန်တဲ့ပြည်ထောင်စုပုံစံ ဖြစ်လာမှာပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာက တိုင်းရင်းသားအင်အားစုတချို့က ပြည်နယ်တွေမှာ ပြည်နယ်အလိုက် လက်နက်ကိုင်တပ်ဖွဲ့ ထားရှိရေးနဲ့လည်း ပတ်သက်ပြီးတော့ စကားပြောကြတာလည်း တွေ့ရပါတယ်။ တကယ်တော့ ကမ္ဘာ့နိုင်ငံတော်တော်များများ ဖယ်ဒရယ်ပုံစံတွေမှာ ပြည်နယ်အဆင့် လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ သီးခြားမရှိကြပါဘူး။ ဆိုတော့ အဲဒီလို တောင်းဆိုတဲ့အသံတွေလည်း တချို့ အဲဒါကိုလည်း ပြတ်ပြတ်သားသား မရှိသေးတဲ့ သဘောမျိုး ကျနော် ကြားရပါတယ်။ တိုင်းရင်းသားတွေဘက်က ဆရာတို့ ဒီကိစ္စကို ဘယ်လို သဘောရပါသလဲ။
ဒေါက်တာတူးဂျာ ။ ။ တပ်နဲ့ ပတ်သက်ရင်တော့ ဖယ်ဒရယ်ပုံစံမှာလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်မှာ ရှိရမှာပဲ တပ်တွေအားလုံးက။ ဒါပေမဲ့ ပြည်နယ်တွေမှာတော့ ကာကွယ်ဦးစီးချုပ်အောက်က တပ်မတော်တခုတည်းအောက်က ပြည်ထောင်စုတပ်မတော်အောက်က ပြည်နယ်တပ်ဖွဲ့တွေထားဖို့ တချို့လူတွေ တိုင်းရင်းသားတွေ အဲဒါ လိုလားနေတာဖြစ်တယ်။ ကိုယ့်ပြည်နယ်မှာ ပြည်နယ်လုံခြုံရေးအတွက်။ ပြည်နယ်လုံခြုံရေးတပ်ကို သက်သက်ထားဖို့၊ အဲဒါ ပြည်ထောင်စုတပ်မတော်အောက်က။ အဲဒီလို သဘောထားမျိုး ဖြစ်ပါတယ်။ အဲဒီတော့ တချို့ရဲ့ သဘောထားဆန္ဒက ဘာလဲဆိုရင် အခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်ကို အသွင်ကူးပြောင်းတဲ့နေရာမှာ တပ်မတော်ဦးစီးချုပ်ရဲ့ လက်အောက်ကိုထည့်ပြီးတော့မှ သက်ဆိုင်ရာပြည်နယ်ရဲ့ လုံခြုံရေးတပ်အနေနဲ့ ဆက်လက်ထားရှိသွားဖို့၊ တာဝန်ပေးသွားဖို့ အဲဒီလိုမျိုးဖြစ်တယ်လို့ ကျနော် နားလည်းသဘောပေါက်ပါတယ်။ သီးခြားတပ်ပုံစံမျိုးတော့ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခုမေးချင်တာက တိုင်းရင်းသားတချို့ကတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း လူမျိုးစုအလိုက် ဖွဲ့စည်းထားတဲ့ ပြည်နယ်ရှစ်ခု လိုချင်တယ်လို့ ဆိုကြပါတယ်။ အခု ဖွဲ့စည်းပုံမှာ သတ်မှတ်ခဲ့တာ ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက တိုင်းပြည်နယ်ပေါင်းပြီးတော့ ၁၄ ခု သတ်မှတ်ထားခဲ့တာ ရှိပါတယ်။ ဆရာတို့ ဘယ်ပုံစံကို လိုချင်ပါသလဲ။
ဒေါက်တာတူးဂျာ ။ ။ ဒီဟာကတော့ ဆွေးနွေးနေရမှာပဲ။ အမှန်တော့ ဖယ်ဒရယ်ပြည်ထောင်စုကတော့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုလို့ နားလည်းကြတယ်။ အဲဒီလိုလည်း ဟုတ်ပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံက အခုက တိုင်းဒေသကြီး (၇) ခု၊ ပြည်နယ် (၇) ခု အဲဒီလို သတ်မှတ်ခွဲခြားထားတယ်။ ဒါကိုတော့ ဆွေးနွေးယူရမယ်။ စားပွဲဝိုင်းမှာ ဆွေးနွေးယူရမယ့် အချက်တချက်ဖြစ်တယ်လို့ ကျနော်မြင်တယ်။ သူ့ရဲ့ ပုံစံကိုပြောမယ်ဆိုရင်တော့ ဖယ်ဒရယ်ဆိုရင်တော့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရမယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးချင်တာက အခု ဖွဲ့စည်းပုံပြင်မယ်ဆိုပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က လေသံပြစ်လာတယ်။ လွှတ်တော်မှာ သူတို့ဆွေးနွေးလာကြတယ်။ သဘောတူလာကြတယ်။ ဖြစ်လာရင် အဓိက အကျဆုံး အခက်အခဲက ဘယ်နေရာတွေ ဖြစ်လိမ့်မယ်လို့ ထင်ပါသလဲ။ တကယ် လက်တွေ့အကောင်အထည် ဖော်ကြတဲ့အခါ။ အဲဒီ ပြည်ထောင်စု ပြည်နယ် (၇) ခု၊ တိုင်း (၇) ခု ပြဿနာနဲ့ ပြည်နယ် ရှစ်ပြည်နယ်ဖြစ်မယ့်ကိစ္စလား။ သို့တည်းမဟုတ် လက်နက်ကိုင်တပ်ဖွဲ့ကိစ္စလား စသဖြင့် ဆရာ ဘယ်လိုထင်ပါသလဲ။
ဒေါက်တာတူးဂျာ ။ ။ ကျနော်အနေနဲ့ အခုက တော်တော်လည်း ညှိနှိုင်းယူလို့ရမယ်လို့ တွက်နေတာက ဖယ်ဒရယ်ပုံစံကျအောင် လုပ်နေဖို့ အဲဒီမှာ အချိန်တော့ ယူရလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီ ဖယ်ဒရယ်ပုံစံကျအောင်တော့ ပြင်ဖို့ လိုလာမှာပဲ။ အရင်ကလည်း ၆၁ ခုနှစ်တုန်းက တောင်ကြီးညီလာခံမှာလည်း အဲဒါကို ဆွေးနွေးခဲ့ကြပြီးတော့မှ သဘောတူညီခဲ့ကြတယ်။ အခု ကျနော်တို့ အခြေခံအားဖြင့်တော့ ပြည်ထောင်စုပုံစံ ပဲ ဖြစ်နိုင်တယ်။ လက်ရှိ အခြေခံဥပဒေက structure အရ ပြည်ထောင်စုပုံစံ ဖြစ်နေပြီ။ ဒါကို ကျနော်တို့ အာဏာခွဲဝေတဲ့အပိုင်းကို၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ရောက်အောင် လုပ်ယူဖို့လိုတယ်။ ဒါကြောင့်မို့ လုပ်မယ်ဆိုလို့ရှိရင်တော့ သိပ်တော့ ခက်ခဲမယ်လို့ မထင်ဘူး။
ဦးကျော်ဇံသာ ။ ။ ဆရာပြောတယ့် တောင်ကြီးညီလာခံတုန်းက ဟိုတုန်းက ဖယ်ဒရယ်ပုံစံ တင်ခဲ့ကြတယ်။ အဲဒီဟာကို မကြိုက်လို့ဘဲ မြန်မာအသံမှာ ဆွေးနွေးပွဲလုပ်ပြီးတဲ့နေ့မှာပဲ ဗိုလ်ချုပ်နေဝင်းက အဲဒါကိုပဲ အကြောင်းပြပြီးတော့ အာဏာသိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ အခုကော အဲဒီလို အခက်အခဲမျိုး မရှိလာနိုင်တော့ဘူးလို့ ဆရာမြင်ပါသလား။
ဒေါက်တာတူးဂျာ ။ ။ အဲဒီတုန်းက အမှန်ဆိုလို့ရှိရင် ဖယ်ဒရယ်ပုံစံဟာ ခွဲထွက်ရေးမူ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ စစ်တပ်က အဲဒါကို ဖယ်ဒရယ်ပုံစံကျကျ အခြေခံဥပဒေမှာ လက်မခံခဲ့လို့၊ ဖယ်ဒရယ်စနစ်ကို မပေးချင်လို့၊ မဖြစ်ထွန်းစေချင်လို့ စစ်တပ်က အာဏာသိမ်းလိုက်တာ။ အဲဒီမှာ သူတို့အကြောင်းပြတာက ပြည်ထောင်စုက ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်တင်လိုက်တယ်လို့ အကြောင်းပြတာ။ တကယ်ဆိုတော့ ကျနော်တို့မြင်တာက အဲဒီ ၆၂ ခုနှစ်တုန်းက စစ်တပ်အာဏာသိမ်းတာ ပြည်ထောင်စုကို ကယ်တင်ရာမကျဘဲနဲ့ ပြည်တွင်းစစ်ကို ဓါတ်ဆီလောင်းရာ ကျသွားခဲ့တယ်။
ဦးကျော်ဇံသာ ။ ။ အခုကြတော့ အဲဒီလို အခက်အခဲမျိုး မရှိနိုင်တော့ဘူးလို့ ဆရာ မျှော်လင့်ပါသလား။
ဒေါက်တာတူးဂျာ ။ ။ ဒီတခေါက်တော့ ကျနော်တော့ အဲဒီလို ပြန်ဖြစ်မယ်လို့တော့ မထင်ဘူးဗျ။ အခြေအနေတွေ အများကြီး ပြောင်းလာပြီလေ။ ပြည်တွင်းမှာလည်း ပြောင်းလာတယ်။ နိုင်ငံတကာမှာလည်း ပြောင်းလာပြီ။ ပြည်သူလူထုရဲ့ စိတ်နေစိတ်ထား၊ အမြင်သဘောထား။ နောက်ပြီး အာဏာပိုင်တွေအနေနဲ့လည်း အခုအုပ်စုက ပြုပြင်ပြောင်းလဲချင်တဲ့ ပုဂ္ဂိုလ်တွေက အများစုဖြစ်နေတယ်။