သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယား Shi'ite တွေကို တိုက်ခိုက်မှု Boko Haram လက်ချက်


 Shi'ite ဂိုဏ်းဝင်တို့ရဲ့ ဘာသာရေးလှည့်လည်ပွဲ
Shi'ite ဂိုဏ်းဝင်တို့ရဲ့ ဘာသာရေးလှည့်လည်ပွဲ

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ သောကြာနေ့က Shi'ite ဂိုဏ်းဝင်တို့ရဲ့ ဘာသာရေးလှည့်လည်ပွဲကို အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်နေတဲ့ ဘိုကိုဟာရမ်အဖွဲ့က ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရပါတယ်။
အခုဖောက်ခွဲမှုမတိုင်ခင် ၂ ရက်ကလည်း လူဦးရေ ၂.၁ သန်း နေထိုင်တဲ့ Kano မြို့ရဲ့ လက်ကိုင်ဖုန်း ရောင်းချတဲ့ဈေးမှာ အမျိုးသမီး ၂ ယောက်က အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၄ ယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရှိခဲ့ပါတယ်။

သောကြာနေ့ တိုက်ခိုက်မှုဟာ သူရဲကောင်း ဖြစ်လိုလို့ ပြုလုပ်တဲ့ စစ်ဆင်ရေး ဖြစ်တယ်လို့ Twitter လူမှုကွန်ယက် စာမျက်နှာကတဆင့် စနေနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပိုပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ဦးမယ်လို့လည်း ပြောထားပါတယ်။ အစွန်းရောက်အဖွဲ့ဟာ မြောက်ပိုင်း နိုင်ဂျီးရီးယားနဲ့ အနီးဝန်းကျင် ကမ်မရွန်းနိုင်ငံမြောက်ပိုင်း Chad နဲ့ Niger စတဲ့ အရပ်တွေကို လွတ်လပ်တဲ့ caliphate အစ္စလာမ်နိုင်ငံ တည်ထောင်ဖို့ ကြိုးစားနေတာ ၆ နှစ် ရှိနေပါပြီ။

၂၀၀၉ ခုနှစ်ကစလို့ ဘိုကိုဟာရမ်းတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ နိုင်ဂျီးရီးယားလူမျိုး ၁ သောင်းကျော် ရှိနေပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG