သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယားဗုံးခွဲမှု လူ ၃၀ မက သေဆုံး


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Maiduguri မြို့က လူစည်ကားတဲ့ ဈေးတခုမှာ ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားလို့ လူဆယ်ဂဏန်း ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ အသေခံဗုံးဖောက်ခွဲတဲ့ အမျိုးသမီး ၂ ဦးက အင်္ဂါမနက်ခင်း အကုန်လောက်မှာ တိုက်ခိုက်မှု လုပ်သွားတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လူ ၃၀ မက သေဆုံးဒဏ်ရာရ သွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ ကျန်းမာရေး ဝန်ထမ်း ၁ ဦးကတော့ သေဆုံးသူ ၄၅ ဦးကျော်တယ်လို့ ကိုယ်တိုင်ရေတွက်ရလိုက်ကြောင်း AFP သတင်းဌာနကို ပြောပါတယ်။

ပထမအမျိုးသမီးက ဖောက်ခွဲလိုက်လို့ လူတချို့ သေဆုံးသွားတဲ့နေရာကို လူတွေ လာအုံကြည့်နေတုန်း နောက်ထပ် ဒုတိယဗုံး ဖောက်ခွဲတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူဘယ်ဝါက လုပ်ဆောင်တာဆိုပြီး ထုတ်ပြောဝန်ခံတာ မရှိသေးပေမဲ့ Boko Haram စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်ပဲလို့ သံသယ ဝင်ကြမှာပါ။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဖြစ်ပွားတဲ့ ဗုံးကွဲမှုတွေနဲ့ တခြားတိုက်ခိုက်မှုတွေကို Boko Haram အဖွဲ့က ပြုလုပ်တာဖြစ်ပါတယ်။ အမျိုးသမီး ဖောက်ခွဲရေးသမားတွေကို အရင်က သိပ်မသုံးပေမဲ့ အခုတော့ ပိုပြီး တွေ့လာရပါတယ်။

XS
SM
MD
LG