သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယား အတိုက်အခံခေါင်းဆောင် သမ္မတရွေးကောက်ပွဲအနိုင်ရ


နိုင်ဂျီးရီးယားသမ္မတ Goodluck Jonathan က ဒီသီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံပြောဆိုလိုက်ပြီး၊ နိုင်ငံကို ဦးဆောင်ခွင့်ပေးခဲ့တဲ့အတွက် နိုင်ဂျီးရီးယားပြည်သူတွေကို သူက ကျေးဇူးတင်တဲ့ကြောင်း အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။

နိုင်ဂျီးရီးယား အတိုက်အခံပါတီဖြစ်တဲ့ All Progressives Congress ရဲ့ ခေါင်းဆောင်လည်းဖြစ်၊ စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ Muhammadu Buhari က မစ္စတာ Jonathan နဲ့ သူရဲ့ပါတီ People’s Democratic Party တို့ကို မဲအရေအတွက် နှစ်သန်းလောက်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတာပါ။

ရှုံးနိမ့်ခဲ့တဲ့သမ္မတက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပပေးမယ်ဆိုတဲ့ကတိကို သူ့အနေနဲ့ တည်တဲ့အကြောင်း ပြောသွားပါတယ်။

ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်းကို မကျေနပ်ကြသူတွေအနေနဲ့ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေအရ တိုင်ကြားကြဖို့ကိုလည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။

လူတဦးတယောက်ရဲ့ မျှော်မှန်းချက် အောင်မြင်ဖို့အတွက် ဘယ်နိုင်ဂျီးရီးယား နိုင်ငံသားကမှ သွေးမြေကျခံဖို့ မလိုတဲ့အကြောင်း မစ္စတာ Jonathan က ပြောပါတယ်။

သူရဲ့ People’s Democratic Party ဟာ နိုင်ဂျီးရီးယားနိုင်ငံကို ၁၆ နှစ်ကြာ အုပ်စိုးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG