သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ခေါင်းဆောင် မနီလာသိန်း ရုံးထုတ်စစ်ဆေး


The mother of a Leila al-Ghandour (C), a Palestinian baby of 8 months who according to Gaza's health ministry died of tear gas inhalation during clashes in East Gaza the previous day, holds her at the morgue of al-Shifa hospital in Gaza City. Israeli forces killed 59 Palestinians during clashes and protests along the Gaza border against the U.S. embassy opening in Jerusalem on May 14, 2018.
The mother of a Leila al-Ghandour (C), a Palestinian baby of 8 months who according to Gaza's health ministry died of tear gas inhalation during clashes in East Gaza the previous day, holds her at the morgue of al-Shifa hospital in Gaza City. Israeli forces killed 59 Palestinians during clashes and protests along the Gaza border against the U.S. embassy opening in Jerusalem on May 14, 2018.

မကြာသေးခင်က အာဏာပိုင်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲအစည်းက မနီလာသိန်းကို ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြမှုတွေနဲ့ ဆက်နွယ်ပြီး အရေးယူခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မနီလာသိန်း ကတော့ ဖမ်းဆီးမခံရခင် တရားခံပြေးအဖြစ် ကြေညာခဲ့တဲ့ ရဲအရာရှိကို ပြန်လှန်တရားစွဲဖို့လည်း ကြိုးစားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားသပိတ်ကို ထောက်ခံ ဆန္ဒပြတယ်ဆိုကာ ခွင့်ပြုမိန့် မရပဲ စီတန်းလှည့်လည်မူပုဒ်မ ၁၈နဲ့ အင်းစိန်ထောင်တွင်း ထိမ်းသိမ်းခံထားရတဲ့ မနီလာသိန်းကို ပထမဦးဆုံးအကြိမ်အဖြစ် မရမ်းကုန်း တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ သူမအနေနဲ့တရားရုံးနဲ့ဘာမှ ပူးပေါင်းဆောင်ရွက်မူ မလုပ်ဘူးလို့ ပြောဆိုထားတဲ့အတွက် တရားရုံးထုတ်ချိန်မှာ တရားလိုဘက်ကိုပဲစစ်ဆေးမူတွေလုပ်ခဲ့တာ လို့ဆိုပါတယ်။ ဒီနေ့ရုံးထုတ်ချိန်မှာတော့မနီလာသိန်းက သူမကို တရားခံပြေးအဖြစ် ကြေညာထားတဲ့ ရဲမူးကိုလည်းတရားပြန်စွဲခဲ့ကြောင်း အခုလိုပြောပြပါတယ်။

“နီလာတို့က ဒီပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ တရားရုံးနဲ့ မပူးပေါင်းဘူးလေ။ အာမခံမယူဘူး၊ ခံဝန်မထိုးဘူးပေါ့နော်။ ဒီနေ့လည်း သူတို့ ထပ်မေးတယ်လေ။ သူတို့ တရားလို ခေါ်ပြီး စစ်တယ်။ အဲဒီအပေါ်မှာ အပြန်အလှန်မေးခွန်းတွေ ပြန်ပြီးမမေးဘူး။ ရှေ့နေဌားပြီးတော့လည်း မမေးဘူးပေါ့နော် အဲလိုပြောထားတာလေ။ သူတို့က တရားလိုတွေမေးပြီးတဲ့အခါမှာ ကိုယ်တွေကို ဘာပြောစရာရှိလဲဆိုတဲ့အခါမှာ မမေးပါဆိုတဲ့ဟာကို ကျမတို့ပြန်ပြောတယ်ပေါ့။ နောက်တချက်က မူလ တရားခံပြေးအဖြစ်ကြေညာထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီ စခန်းမှူး ဦးသန်းဝင်းကို တရားစွဲဖို့ ကိစ္စက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၆၇ နဲ့ တင်တဲ့ဟာက မရဘူးပေါ့နော်။ ဒီ လ ၂၁ ရက်နေ့ဆိုရင်တော့ ဦးတိုက်လျှောက်မယ်။ ဦးတိုက်လျှောက်မှာကိုတော့ လက်ခံတယ်။ တရားလိုအဖြစ်နဲ့ စွဲတဲ့ဟာကိုတော့ လက်မခံဘူးပေါ့နော်။”

အမျိုသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေနဲ့ အတူ မနီလာသိန်းကို တရားစွဲဆိုထားပါ။ အမျိုသားပညာရေး ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုတော့ ပုဒ်မ ၁၈အပါအဝင် အမူပေါင်း အနည်းဆုံး ၂၀ကျော်ကနေ ၉၀လောက်ထိ တရားစွဲဆိုခံနေရပါတယ်။ သူတို့ အားလုံးဟာလာမဲ့ ဧပြီလမှာ စတင်မဲ့ အစိုးရသစ်လက်ထက်မှာ ပြန်လည်လွတ်မြောက်နိုင် လိမ့်မယ်လို့မျော်လင့်ကြောင်း မနီလာသိန်းကတော့ ဆိုပါတယ်။

“အစိုးရသစ်ကတော့ အကောင်းဆုံး လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဓိကက ကာလုံရဲ့အောက်မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီး အဲဒီအတွက် သူတို့တွေရဲ့ ကန့်သတ်မှုတွေ၊ သူတိုတွေရဲ့လုပ်ဆောင်မှု အခန်းကဏ္ဍကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်နေတယ်။ ကာလုံရဲ့ သြဇာ သက်ရောက်မှုဟာ သမ္မတ အထက်မှာမရှိနေဘူးဆိုရင် သမ္မတရဲ့ လုပ်ဆောင်ခွင့် အခန်းကဏ္ဍ က ထိထိရောက်ရောက် လုပ်ဆောင်လို့ ရမယ်လို့ ထင်ပါတယ်။”

မနီလာသိန်းဟာ အရင်စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ပြီးနှစ်ရှည် ထောင်ဒဏ်ကျခံခဲ့ရသူတဦးဖြစ်ပါတယ်။ အကျဉ်းထောင်တွင်းမှာ ထိမ်းသိမ်းခံရနေစဉ် အတွင်းကျန်းမာရေးဆိုးဝါးမူဒဏ်ကိုခံစားခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ ကတော့ ဘုရင့်နောင်ရဲစခန်းက ရဲ စခန်းမူကိုယ်တိုင်က သူမကို ပုဒ်မ ၁၈နဲ့ တရားစွဲဆိုထားကြောင်း အကြောင်းကြားခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၄ ရက်နေမှာတော့ မရမ်းကုန်းတရားရုံးမှာ တရားရင်ဆိုင်ရာမှာ သူမအနေနဲ့ အာမခံလျောက်ခြင်း ဒဏ်ငွေဆောင်ခြင်းတွေလုပ်မှာမဟုတ်သလို မည်သည်ကိစ္စကိုမှ တရားရုံးနဲ့ပူးပေါင်းဆောင်ရွက်မှာမဟုတ်တဲ့အကြောင်းကို တရားရုံးမှာပြောဆိုခဲ့တာကြောင့် သူမကို အင်းစိန်ထောင်မှာထိမ်းသိမ်းထားဖို့အတွက် တရားရုံးက တခါတည်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့် ကျန်နေသေးသလို ထောင်ထဲမှချုပ်နှောင်ခံနေရပြီး အမူများစွာကိုရင်ဆိုင်နေရတဲ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူပေါင်း ၄၇၀ ကျော်ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG