သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အနိုင်ရဖို့ NLD မျှော်လင့်


ရွေးကောက်ပွဲ မဲစာရင်းရလဒ်ကို စောင့်မျှော်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူများ။ (နိုဝင်ဘာ ၈၊ ၂၀၁၅)
ရွေးကောက်ပွဲ မဲစာရင်းရလဒ်ကို စောင့်မျှော်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူများ။ (နိုဝင်ဘာ ၈၊ ၂၀၁၅)

တနိုင်ငံလုံး ရွေးကောက်ပွဲရလဒ်တွေကို ကော်မရှင်က ကြေညာနိုင်ခြင်းမရှိသေးပေမယ့်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တိုင်းနဲ့ပြည်နယ်ရုံးတွေကတဆင့် တနိုင်ငံလုံး မဲရုံအသီးသီးက စုဆောင်းကောက်ခံရတဲ့ စာရင်းအရဆိုရင် အန်အယ်ဒီအနေနဲ့ အနည်းဆုံး ၇၀ % အနိုင်ရရှိထားပြီလို့ သိရပါတယ်။ ရန်ကန်မြို့ အမျိုးသားဒီမိုကရေစီရေးရုံးချုပ်ရှေ့ သတင်သွားယူခဲ့တဲ့ ကိုသားညွန့်ဦး က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ သူကိုထောက်ခံတဲ့ ဒီလူထုပရိတ်သတ် စုဝေးနေကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်ထဲမှာဆိုရင် မီဒီယာ center တွေ ၊ လူကြီးပိုင်းတွေ ရုံးထိုင်ပါတယ်။ ရုံးထိုင်ပြီးတော့ ဒီအောင်နိုင်ရေးအချက်အလက်တွေကို စုဆောင်းပြီးတော့ လူထုကိုထုတ်ပြန်ပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဆိုတော့ တာဝန်ရှိသူတဦးကို မေးကြည့်ရသလောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လက်ရှိရထားတဲ့အခြေအနေအရကို ဒီအောင်နိုင်တဲ့အနေအထားက တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၇၀ % ကျော်၊ ၈၀ % အထိကို အောင်နိုင်ထားပြီလို့ သိရပါတယ်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရမဲက ၇၂၆ မဲ”

အဖွဲ့ချုပ်ရုံးရှေ့မှာ အနိုင်အရှုံးသိလိုကြတဲ့ ထောက်ခံသူတွေ စုဝေးရောက်ရှိစောင့်ဆိုင်းနေစဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၅)
အဖွဲ့ချုပ်ရုံးရှေ့မှာ အနိုင်အရှုံးသိလိုကြတဲ့ ထောက်ခံသူတွေ စုဝေးရောက်ရှိစောင့်ဆိုင်းနေစဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာ တိုင်းနဲပြည်နယ်အလိုက်ရရှိထားတဲ့ မဲစာရင်းတွေကို သီးခြားပြုစုနေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မဲနိုင်စာရင်းကို ဒီကနေ့ ကြေညာခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တိုင်းနဲ့ပြည်နယ်အတော်များများမှာရှိတဲ့ မဲစာရင်းတွေကို ရရှိပြုစုထားပြီဖြစ်ပါတယ်။ အငြင်းပွားဖွယ်ဖြစ်နိုင်တဲ့နေရာတွေ အထူးသဖြင့် ကြိုတင်မဲကိစ္စတွေကြောင့် ကော်မရှင်ကို စောဒကတက်ထားတဲ့ မြို့နယ် သုံး-လေးမြို့နယ်ရှိနေပြီးတော့ တချို့ ဝေးလံခေါင်နေတဲ့နေရာတွေမှာတော့ မဲရုံတွေက စာရင်းတွေကိုရရှိဖို့အတွက် စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ ရရှိထားတဲ့ မဲစာရင်း အနေအထားအရဆိုရင်တော့ သူတို့အနေနဲ့ ၇၀ % ကျော်အနိုင်ရရှိထားပြီလို့ NLD ခေါင်းဆောင်တဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်ရှေ့ကို စုဝေးခဲ့တဲ့ လူထုပရိတ်သတ်ကိုလည်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတို ပြောပါတယ်။ လူထုရဲ့ ထောက်ခံမှုကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဒီအောင်မြင်မှုကို NLD အတွက်သာမဟုတ်ဘဲနဲ့ တနိုင်ငံလုံးအတွက် ဖြစ်စေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

အဖွဲ့ချုပ်ရုံးရှေ့က လူထုကို နှုတ်ဆက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး။ (နိုဝင်ဘာ ၉၊ ၂၀၁၅)
အဖွဲ့ချုပ်ရုံးရှေ့က လူထုကို နှုတ်ဆက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး။ (နိုဝင်ဘာ ၉၊ ၂၀၁၅)

“ဒီကနေ့ အောင်နိုင်ရေးဟာ တနိုင်ငံလုံးအတွက် ဖြစ်စေရမယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်တွေအတွက် မဖြစ်စေရပါဘူး။ ဒါကြောင့် တနိုင်ငံလုံးအတွက် ဖြစ်တဲ့ အောင်နိုင်မှုရလောက်တဲ့ ကျမတို့အားလုံးအတူတူ ကြိုးစားသွားကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ ကြေညာချက် ထုတ်ပါတယ်။ ရွေးကောက်ပွဲရလဒ်များကို တရားဝင် တိတိကျကျ သိရတဲ့အခါကျမှ ကျမတို့ပြောသင့်ပြောထိုက်တာတွေကို ထပ်မံပြီးတော့ ပြောမှာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

NLD က အခု ခန့်မှန်းထားတဲ့ မဲအနိုင်စာရင်းအရဆိုရင်တော့ NLD အနေနဲ့ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေရှိပါတယ်။ သူတို့အနေနဲ့ အမျိုးသား ရင်ကြားစေ့အစိုးရဖြစ်စေရမယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာတော့ မနေ့ညနေပိုင်းကလိုပဲ ဒီကနေ့မနက်ပိုင်းကစပြီး စုဝေးအောင်ပွဲခံကြပါတယ်။ NLD ကိုထောက်ခံတဲ့လူထုအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေ အပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုကြဖို့ကိုလည်း NLD ပါတီက တိုက်တွန်းထားပါတယ်ခင်ဗျာ။

XS
SM
MD
LG