သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အမတ် ဒေါ်ဖြူဖြူသင်း ရွေးကောက်ပွဲအမှု အနိုင်ရ


ပြီးခဲ့တဲ့ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်မြေကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါ်ဖြူဖြူသင်းက ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်မြေကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါ်ဖြူဖြူသင်းက ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်နဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ဖြူဖြူသင်း အနိုင်ရရှိသွားခဲ့တဲ့ အပေါ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က ကိုယ်စားလှယ်က ကန့်ကွက်လွှာ တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးမှာ နောက်ဆုံးအမိန့် ချမှတ်လိုက်ပါပြီ။ ဒီကနေ့ ခုံရုံးက ဘယ်လို ဆုံးဖြတ်ချက် ချမှတ်လိုက်လဲ ဆိုတာ အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့် မြို့နယ် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ပြီး အရွေးခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ရွေးကောက်ပွဲတွင်း တရားမဲ့ ပြုကျင့်မှုတွေကြောင့် အနိုင်ရခဲ့တာ ဖြစ်တယ်လို့ ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်လဲလဲ့အေးက ကန့်ကွက်လွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးမှာ အခုနောက်ဆုံး စီရင်ချက် ချမှတ်ခဲ့တာမှာတော့ ဒေါ်ဖြူဖြူသင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာဟာ မှန်ကန်မှု ရှိတယ်လို့ ခုံရုံးကနေ စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒီအမှုမှာ ဒေါ်ဖြူဖြူသင်းရဲ့ တရားဝင် အမှု ကိုယ်စားလှယ် အဖြစ်နဲ့ ဆောင်ရွက်ပေးခဲ့တဲ့၊ ဒေါ်ဖြူဖြူသင်းရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဦးစိန်မြိုင်က အခုလို ပြောပြပါတယ်။

“ကြားနာစစ်ဆေးပြီးတဲ့အခါကျတော့ ဒီနေ့ အမိန့်ချပါတယ်။ ဒေါ်ဖြူဖြူသင်းကို အနိုင်ပေးပါတယ်။ ဒေါ်ဖြူဖြူသင်းက တရားမဲ့ပြုကျင့်မှုကြောင့်မဟုတ်ဘဲ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ အမှန်တကယ် အနိုင်ရရှိတယ်ဆိုပြီး ဒီကနေ့ အမှု ဆုံးဖြတ်ချက် ချပေးပါတယ်။ ဒေါ်ဖြူဖြူသင်းကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်ပြီး အနိုင်ရတယ်ဆိုတဲ့အကြောင်းကို ဆုံးဖြတ်တာပါပဲ။ အဲဒါကို ဟိုဘက်က ရှုံးသွားတဲ့အတွက် တရားစရိတ် ငါးသိန်း ကျနော်တို့ ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ဒေါ်လဲ့လဲ့အေးက တရားစရိတ် ငါးသိန်း ပေးရမှာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ နှစ်ဘက် အပြန်အလှန် စွဲတဲ့ အမှုတွေပါပဲ။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးအမှတ် (၁) မှာ ချမှတ်လိုက်တဲ့ ဒီကနေ့ အမိန့် စီရင်ချက်နဲ့ ပတ်သက်တဲ့ အပြည့်စုံကို မြန်မာနိုင်ငံတော် ပြန်တန်းမှာ ပြည့်ပြည့်စုံစုံ ပါမယ်ဆိုတဲ့အကြောင်း သိရတယ်လို့လည်း ဦးစိန်မြိုင်က ပြောပါတယ်။ ဒီအမှုကို ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ဧပြီလ တတိယ ပတ်လောက်ကတည်းက စပြီး အခုနောက်ဆုံး အမိန့် စီရင်ချက် ချတဲ့အထိ လေးလကျော်လောက် အမှု ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အခု နောက်ဆုံး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မကျေနပ်ရင် အယူခံ တင်သွင်းနိုင်တယ် ဆိုတာကို အကြမ်းမျဉ်း သိထားပေမဲ့ တဘက် ကန့်ကွက်လွှာ တင်သွင်းခဲ့သူတွေဘက်က ဆက်ပြီး အယူခံမယ့်ပုံတော့ မရှိဘူးလို့ ဦးစိန်မြိုင်က ပြောပါတယ်။

“ဒီနေ့ကတော့နောက်ဆုံး ဆုံးဖြတ်ချက် ချသွားတဲ့ဟာပေါ့။ တကယ်လို့ မကျေနပ်လို့ရှိရင် အယူခံတင်သွင်းနိုင်တဲ့ဟာကတော့ အကြမ်းဖျဉ်းသိတာတော့ ငွေသုံးသိန်းတင်ပြီးတော့ -- မိတ္တူကို ကူးပြီးတော့ တက်နိုင်တယ်ဆိုတာကို သိပါတယ်။ ဒီနေ့ ကျနော်တို့နဲ့တွေ့တဲ့အခါမှာ တယောက်နဲ့တယောက် ရင်းရင်းနှီးနှီးပါပဲ၊ အမိန့်ချပီးတဲ့အခါကျတော့ - အခုကတော့ ဘာမှတော့ ပြောသံမကြားဘူးပေါ့နော်။ ပိုက်ဆံငါးသိန်းပေးဖို့ပဲ သူတို့နဲ့ ကျနော်တို့နဲ့ တိုင်ပင်ပြီးတော့ - သူတို့ပေးဖို့ ကိစ္စကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်။ သူတို့ကလည်း ပေးဖို့အတွက် ဘယ်လို လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတာကို ပြောပါတယ်။ ညှိပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ နောက် သူတို့ ဘာဆက်လုပ်မယ်ဆိုတာကတော့ ကျနော်တို့ကို ဘာမှ မပြောပါဘူးခင်ဗျ။”

ဒေါ်ဖြူဖြူသင်း ရဲ့ အမှုမှာ တရားဝင် အမှု ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ ဦးစိန်မြိုင် ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်မြေကနေ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးသုဝေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒေါ်လဲ့လဲအေး နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါ်ဖြူဖြူသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာမှာ ဒေါ်ဖြူဖြူသင်း အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီအပေါ်မှာ မကျေနပ်လို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်လွှာ တင်သွင်းခဲ့တာကနေ အခုလို အမှုရင်ဆိုင်မှုတွေ ဖြစ်ခဲ့ရတာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွင်း ဝင်ရောက် အရွေးခံခဲ့တဲ့ ၄၄ နေရာထဲမှာ ၄၃ နေရာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG