သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်ကြွားမယ့်အစား ပြည်သူကို ဝအောင်ကျွေးသင့်


တောင်ကိုးရီးယားရဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တွေကို လက်ရှိထက် သုံးဆပိုမိုတဲ့ အကွာအဝေးထိ ပစ်နိုင်စွမ်း ရှိအောင် ချဲ့ထွင်ခွင့်ပြုတဲ့ စစ်ရေးသဘောတူညီ ချက်တစ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ လက်မှတ်ရေးထိုးပြီးနှစ်ရက်အကြာမှာ မြောက်ကိုးရီးယားက သူ့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင် ပစ်နိုင်စွမ်းရှိတယ်လို့ အောက်တိုဘာ (၉)ရက်နေ့ အင်္ဂ ါနေ့က သတိပေးလိုက်ပါတယ်။

ပြုံယမ်းမြို့တော် မြောက်ကိုးရီး ယား အမျိုးသားကာ ကွယ်ရေးကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယားမှာ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့တွေ ရှိနေပြီးတော့ အမေရိကန် ပြည်ထောင် စုကိုသာ မက အမေရိကန်စစ်စခန်းတွေရှိရာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ဂူအမ်ကျွန်းတွေကိုပါ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စဗစ်တိုးရီးယားနျူလယ်န် (Victoria Nuland)က၊ မြောက်ကိုးရီးယားဟာ သူ့ဒုံးကျည်တွေရဲ့ စွမ်းရည်ကို ရှိတာထက် ပိုမိုကြွားလုံး ထုတ်နေပြီးတော့ တကယ်တမ်းမှာ မြောက်ကိုးရီးယားအစိုးရဟာ မြောက်ကိုးရီးယားပြည်သူတွေ ထမင်းဝအောင်ကျွေးရမယ့်အလုပ် ကို အာရုံစိုက်သင့်တယ်လို့ အင်္ဂ ါနေ့က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ခြိမ်းခြောက်မှုတွေနဲ့ ရန်လိုရန်စလုပ်နေတာတွေက၊ မြောက်ကိုးရီးယားကို နိုင်ငံတကာ မိသားစုထဲ ပြန် ဝင်နိုင်အောင်ကြိုးပမ်းမှုတွေကို သေးသိမ်သွားစေလိမ့်မယ်လို့လည်း မစ္စဗစ်နျူလယ်န်က ဆိုပါတယ်။
XS
SM
MD
LG