သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား


အမေရိကန်လွှတ်တော် ၂ ရပ် အစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောကြားစဉ် (၈ မေ ၂၀၁၃)
အမေရိကန်လွှတ်တော် ၂ ရပ် အစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောကြားစဉ် (၈ မေ ၂၀၁၃)
နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့အမြင်ကို ကိုရီးယားကျွန်းဆွယ်ကနေ စရမယ်လို့ တောင် ကိုရီးယားသမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) က ပြောလိုက်ပါတယ်။

ဝါရှင်တန်မြို့တော်က အမေရိကန်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ လွှတ်တော် ၂ ရပ် အစည်းအဝေးမှာ တောင်ကိုရီးယား သမ္မတက မိန့်ခွန်းပြောခဲ့တာမှာ တောင်ကိုရီးယားနိုင်ငံဟာ မြောက် ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်တော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားအပေါ် အမေရိကန်တွေရဲ့ ထောက်ခံမှုအတွက် လွှတ်တော်ကို ကျေးဇူးတင်ကြောင်းလည်း ပြောဆို ခဲ့သလို၊ စီးပွားရေး ပိုမို တိုးတက်ကောင်း မွန်အောင် လုပ်ဆောင်နေပြီး ကိုရီးယားကျွန်းဆွယ်မှာ ပြန်လည်သင့်မြတ်ရေးလမ်းကို ဖန်တီးနေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ဘာနဲ့မှမတူအောင် ကောင်းမွန်တယ်လို့ တောင်ကိုရီးယားသမ္မတက ဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်ဆိုတာကိုလည်း မိန့်ခွန်းထဲမှာ ပြောခဲ့သလို၊ မြောက်ကိုရီးယားမှာ ပြောကြသလို လက်ခုပ်ဆိုတာ
နှစ်ဘက်တီးမှ မြည်တယ်လို့လည်း ဥပမာ ပေးခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) ဟာ အမေရိကန်ကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့ထဲက ရောက်ရှိနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG