သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ကျန်းမာရေး အခြေအနေ သိသာစွာ မပြောင်းလဲ


အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား
အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား
အဆုတ် အအေးမိရောဂါနဲ့ ဆေးရုံတက် ကုသနေရတဲ့ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ရဲ့ ကျန်းမာရေး အခြေအနေ သိသိသာသာကြီး တိုးတက်ကောင်းမွန်လာတာ မတွေ့ရသေး ဘူးလို့ တောင်အာဖရိက အစိုးရက ပြောဆိုပါတယ်။

ဆေးရုံတက်တာ ၅ ရက်ပြည့်မြောက်တဲ့ တနင်္လာနေ့က အခြေအနေဟာ မစ္စတာ မန်ဒဲလား ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ နောက်ဆုံး ထုတ်ပြန်ချက် ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကတော့ သမ္မတဟောင်း မန်ဒဲလားရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်မှု နဲနဲရှိလာတယ်လို့ သက်ဆိုင်ရာ ဆရာဝန်တွေက ပြောဆိုခဲ့ပါတယ်။

အသက် ၉၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် မစ္စတာ မန်ဒဲလား ဟာ တနင်္လာနေ့ကတော့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့
တောင်အာဖရိက သမ္မတရဲ့ ပြော ခွင့်ရသူက ပြောဆိုပါတယ်။ မစ္စတာ မန်ဒဲလားရဲ့ အဆုတ်ထဲက ရေတွေကို ထုတ်ပေးလိုက်တဲ့အတွက် သူ့အနေနဲ့ အသက်ရှုဖို့ ပို လွယ်ကူလာပြီလို့ ဆရာဝန်တွေက ပြောဆိုပါတယ်။
XS
SM
MD
LG