သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားခရီးသည်တင်လေယာဉ် အီဂျစ်မှာ ပျက်ကျ


စိန့်ပီတာစဘတ်လေဆိပ် Kogalymavia လေကြောင်းလိုင်းပြန်ကြားရေးဌာနကို စုဝေးရောက်ရှိလာတဲ့ လေယာဉ်ပျက်ပေါ်ပါသွားသူရဲ့ ဆွေမျိုးမိသားစုဝင်များ။ (အောက်တိုဘာ ၃၁၊ ၂၀၁၅)
စိန့်ပီတာစဘတ်လေဆိပ် Kogalymavia လေကြောင်းလိုင်းပြန်ကြားရေးဌာနကို စုဝေးရောက်ရှိလာတဲ့ လေယာဉ်ပျက်ပေါ်ပါသွားသူရဲ့ ဆွေမျိုးမိသားစုဝင်များ။ (အောက်တိုဘာ ၃၁၊ ၂၀၁၅)

လူပေါင်း ၂၂၄ ယောက်ပါဝင်တဲ့ ရုရှားခရီးသည်တင်လေယာဉ်ဟာ အီဂျစ်နိုင်ငံအပမ်းဖြေစခန်းဖြစ်တဲ့ Sharm El-Sheikh မြို့ကနေ စတင်ပျံသန်းပြီး နာရီဝက်လောက်မတိုင်ခင်မှာပဲ ပျက်ကျသွားခဲ့တယ်လို့ အီဂျစ်ဝန်ကြီးချုပ် Sharif Ismail က အတည်ပြု ပြောကြားလိုက်ပါတယ်။

အစောပိုင်းသတင်းတွေအရတော့ လေယာဉ်ပေါ်ပါသွားတဲ့သူအားလုံး သေဆုံးနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ Kogalymavia လေကြောင်းလိုင်းက Airbus A-321 အမျိုးအစားဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့ဆီ ဦးတည်ပျံသန်းနေတာဖြစ်ပြီး လေယာဉ်ပေါ်မှာ ကလေးငယ် ၁၇ ယောက်အပါအဝင် ကမ္ဘာ့လှည့် ခရီးသွား ၂၁၇ ယောက် နဲ့ လေယာဉ် အမှုထမ်း ၇ ယောက်ပါဝင်တယ်လို့ အီဂျစ်အာဏာပိုင်တွေ ပြောပါတယ်။ အပျက်အစီးတွေကြားကနေ ရုပ်အလောင်း တွေကို စတင်သယ်ဆောင်နေပြီဖြစ်တယ်လို့လေယာဉ်ပျက်ကျတဲ့နေရာကို ရောက်ရှိသွားတဲ့ ကယ်ဆယ်ရေးလုပ်သားတွေကပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က လေယာဉ်ပျက်ကျတဲ့အထဲမှာပါသွားတဲ့သူတွေအတွက် တနင်္ဂနွေနေ့ကို တနိုင်ငံလုံးဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ်နဲ့ ကြေညာလိုက်ပါတယ်။ လေယာဉ်ပျက်ကျသွားတဲ့နေရာမှာ Sinai ဒေသက အကြီးဆုံးမြို့ဖြစ်တဲ့ Al Arish မြို့ရဲတောင်ဘက် မိုင် ၂၀ ကျော်အကွာက တောင်ထူထပ်တဲ့ဒေသမှာဖြစ်တယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ခရီးသည်တင်လေယာဉ်ဟာ ရုရှားနိုင်ငံရဲ့ အသေးစား လေ ကြောင်းလိုင်း Kogalymavia လိုင်းက ဖြစ်ပါတယ်။ ဘာကြောင့် လေယာဉ်ပျက်ကျတယ်ဆိုတာတော့ အခုချိန်ထိ မသိရသေးပေမယ့် ပစ်ချခံရတာတော့ မဟုတ်ဘူးလို့ အီဂျစ်အာဏာပိုင်တွေ ပြောပါတယ်။

အီဂျစ်နိုင်ငံဒေသစံတော်ချိန် မနက် ၅ နာရီ ၅၁ မိနစ်မှာ စတင်ထွက်ခွာပြီး လေယာဉ်ပျံသန်းပြီး ၂၃ မိနစ်မှာ ဆက်သွယ်ရေးပြတ်တောက်သွားခဲ့တယ်လို့ ပြောပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတချို့ကတော့ လေယာဉ်မှာ ပြဿနာတခုခု ဖြစ်နေတယ်ဆိုတာကို လေယာဉ်မှူးက ရေဒီယိုကနေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG