သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရူပဗေဒနိုဘလ်ဆု ပြင်သစ်နဲ့အမေရိကန် ပူးတွဲရရှိ


၂၀၁၂ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင် Serge Haroche (ပြင်သစ်) -(ဝဲ) နှင့် David Wineland (အမေရိကန်)-(ယာ)။
၂၀၁၂ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင် Serge Haroche (ပြင်သစ်) -(ဝဲ) နှင့် David Wineland (အမေရိကန်)-(ယာ)။
၂၀၁၂ ခုနှစ်အတွက် ရူပဗေဒ ပညာ ရပ်ဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပြည်ထောင်စုက David Wineland နဲ့ ပြင်သစ်က Serge Haroche တို့ ရရှသွားကြပါတယ်။ ဒီဆု ဆွတ်ခူးသူတွေကို Sweden နိုင်ငံ Stockholm မြို့တော်မှာ ဒီကနေ့ပဲ ကြေညာသွားတာပါ။

ဒီရူပဗေဒ ပညာရှင် (၂) ဦးဟာ quantum physics ရူပဗေဒ ပညာ ရပ်မှာ ထူးခြားတဲ့ တွေ့ရှိမှုရအောင် လုပ်ဆောင်ပေးနိုင်ခဲ့လို့ အခုလို နိုဘယ်ဆု ဆွတ်ခူးသွားကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အလင်းအမှုန်လေးတွေကို ဖမ်းယူပြီး လိုသလို အသုံးချတာနဲ့ သက်ဆိုင်တဲ့ quantum optics ဘာသာရပ်မှာ အရင်ကမသိသေးတာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆုရသူ(၂)ဦးဟာ သီးခြားစီ သုတေသနလုပ်ခဲ့ကြတာဖြစ်ပြီး ပြင်သစ်က Mr. Haroche က College de France ဆိုတဲ့ ကောလိပ်ကျောင်းမှာ ပါမောက္ခဖြစ်ပြီး Mr. Wineland ကတော့ Colorado Boulder တက္ကသိုလ်က ဖြစ်ပါတယ်။

ဓာတုဗေဒ ပညာ ရပ်ဆိုင်ရာ နိုဘယ်ဆုကိုတော့ ဗုဒ္ဓဟူးနေ့မှာ ကြေညာမှာ ဖြစ်သလို စာပေဆိုင်ရာ နို ဘယ်ဆုကို ကြာသပတေးနေ့ …အထင်ကရ နိုင်ဘယ် ငြိမ်းချမ်းရေးဆုကိုတော့ လာမယ့် သောကြာနေ့ မှာ ကြေညာမှာ ဖြစ်ပါတယ်။ ဆုပေးပွဲ အခမ်းအနားကတော့ ဒီဇင်ဘာလမှာ Sweden နိုင်ငံ Stockholm မြို့တော် မှာ ကျင်းပမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG