သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုဗေဒ နိုဘဲလ်ဆု ကြေညာ


၂၀၁၅ ဓာတုဗေဒဘာသာရပ်ဆိုင်ရာ နိုဘဲလ်ဆုချီးမြှင့်ခံရတဲ့ သိပ္ပံ ပညာရှင်သုံးဦး
၂၀၁၅ ဓာတုဗေဒဘာသာရပ်ဆိုင်ရာ နိုဘဲလ်ဆုချီးမြှင့်ခံရတဲ့ သိပ္ပံ ပညာရှင်သုံးဦး

ဒီနှစ်အတွက် ဓာတုဗေဒဘာသာရပ်ဆိုင်ရာ နိုဘဲလ်ဆုကို လူသားမျိုးရိုးဗီဇကို ပြုပြင်ရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်အတွက် သိပ္ပံ ပညာရှင်သုံးဦးကို ဆွီဒင်နိုင်ငံ၊စတော့ခ်ဟုမ်းမြို့ အခြေစိုက် နိုဘဲလ်ဆုရွေးချယ်ရေးကော်မတီက ချီးမြှင့်လိုက်ပါတယ်။ အဲဒီ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်ကို ကင်ဆာရောဂါကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။

ဆုချီးမြှင့်ခံရတဲ့ သိပ္ပံပညာရှင်တွေကတော့ ဗြိတိန်နိုင်ငံ၊ Sir Francis Institute နဲ့ Clare Hall ဓာတ်ခွဲခန်းက Tomas Lindahl, အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ် Duke တက္ကသိုလ်က Paul Modrich, မြောက်ကာရိုလိုင်းနား တက္ကသိုလ် Chapel Hill ကျောင်းက Aziz Sancar တို့ဖြစ်ပါတယ်။ Lindahl က ဆွီဒင်နိုင်ငံသား၊ Modrich က အမေရိကန်နိုင်ငံ သားနဲ့ Sancar ကတော့ တူရကီနိုင်ငံသားပါ။

အင်္ဂါနေ့တုန်းကတော့ ၂၀၁၅ ခုနှစ်အတွက် ရူပဗေဒဘာသာရပ်ဆိုင်ရာ နိုဘဲလ်ဆုကို Takaaki Kajita နဲ့ Arthur MacDonald တို့ကို ချီးမြှင့်ခဲ့ပါတယ်။ Neutrino Oscillations ဆိုတဲ့ Neutrino လည်ပတ်မှုအကြောင်း တိုင်းတာနိုင်တဲ့ ရှာဖွေ တွေ့ရှိချက်တွေ ကြောင့် ဒီပညာရှင်တွေကို ချီးမြှင့်တာပါ။

တနင်္လာနေ့ကတော့ အိုင်ယာလန်၊ ဂျပန်နဲ့ တရုတ် သိပ္ပံပညာရှင်သုံးဦးကို ဆေးပညာဆိုင်ရာ နိုဘဲလ်ဆု ချီးမြှင့်ခဲ့ပါတယ်။ ကပ်ပါး သန်ကောင်ကြောင့်ဖြစ်တဲ့ ရောဂါပိုးကို ကုသနိုင်တဲ့ ကုထုံးတခုကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အိုင်ယာလန်နိုင်ငံက William Campbell၊ ဂျပန်နိုင်ငံက Satoshi Omura တို့ကို ဆုချီးမြှင့်တာဖြစ်ပြီး တရုတ်နိုင်ငံက Tu Youyou ကိုတော့ ငှက်ဖျားရောဂါ ဝေဒနာသည်တွေကြား သေဆုံးမှုနှုန်း သိသိသာသာ လျော့ကျစေတဲ့ ဆေးတမျိုး ရှာဖွေတွေ့ရှိမှုနဲ့ ချီးမြှင့်တာပါ။

XS
SM
MD
LG