သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ် နိုင်ငံတကာ ရှုတ်ချ


မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု (၁၂၊၂၀၁၃)
မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု (၁၂၊၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယား စမ်းသပ်မှုတွေ ဆက်လက် မပြုလုပ်ဖို့ ကုလသမဂ္ဂ က အတန်တန် သတိပေးနေတဲ့ကြားက အခုလို လုပ်ဆောင်လိုက်တာပါ။

အရင်က စမ်းသပ်မှုတွေထက် ပိုမို သေးငယ် ပေါ့ပါးပြီး ပေါက်ကွဲအား ပိုပြင်းတဲ့ နျူကလီးယားဗုံး ကို ဖောက်ခွဲ စမ်းသပ်နိုင်ခဲ့ တာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကနေ အင်္ဂါနေ့ မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က မဆင်မခြင် ရန်စမှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ပြုလုပ်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အမျိုးသား ကာကွယ်ရေး သိပ္ပံဌာနက တတိယအကြိမ်မြောက် နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုကို နိုင်ငံရဲ့မြောက်ပိုင်း မြေအောက် ဖောက်ခွဲစမ်းသပ်ရေးဇုန်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ် လို့ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံဌာန သတင်းကြေညာသူက ကြေညာသွားတာပါ။

မရှေးမနှောင်းမှာပဲ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်ဟာ နက်နက်ရှိုင်းရှိုင်း တည်ငြိမ်မှု ပျက်ပြားအောင် ပြုလုပ်လိုက်တာ ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြစ်တင် ဝေဖန်လိုက်ပါတယ်။

နောက်ပြီး နိုင်ငံတကာကနေ တားဆီးပိတ်ပင်ထားတာကို အတိအလင်း ချိုးဖောက်လိုက် တာ ဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က ပြောပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း မြောက်ကိုရီးယား ရဲ့ နျူကလီးယား စမ်းသပ်ဖောက်ခွဲခဲ့မှုဟာ အဆိုးရွားဆုံး ရန်စတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါ တယ်။ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုကို ထိခိုက်စေသလို၊ မြောက်ကိုရီးယားနိုင်ငံအတွက်လည်း ပိုပြီး လုံခြုံမှုကို မဖြစ်စေဘူးလို့ ကြေညာချက်ထဲမှာ ဖော်ပြထားပြီး၊ နိုင်ငံတကာကနေ အမြန်ဆုံးနဲ့ ထိထိရောက်ရောက် တုံ့ပြန်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
XS
SM
MD
LG