သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာတိုဒုံးကျည် ၃ စင်းပစ်လွှတ်


တာတိုပစ်ဒုံးလက်နက် ၃ ခုကို မနေ့က ဂျပန်ပင်လယ်ပြင်လို့ခေါ်တဲ့ အရှေ့ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

မြောက်ကိုးရီးယားရဲ့ စနေနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေက ဒုံးပျံပစ်လွှတ်မှုကို တောင်ကိုးရီးယားနိုင်ငံဘက်က စုံစမ်းတွေ့ရှိတဲ့ အကြောင်းနဲ့ မြောက်ကိုရီးယားက ဘာအတွက် ခုလို ပစ်လွှတ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

မြောက်ကိုးရီးယားဘက်က နည်းပညာစမ်းသတ်မှု အနေနဲ့ အခုလို တာတိုပစ် ဒုံးလက်နက်တွေကို ပုံမှန်လို ပစ်လွှတ်စမ်းသပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတကြိမ် ပစ်လွှတ်စမ်းသပ်မှုကတော့ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှု အရှိန်မြင့်နေချိန်မှာ ပြုလုပ်လိုက်တာဖြစ်ပါတယ်။
XS
SM
MD
LG