သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက်အစီအစဉ်စွန့်ဖို့ မြောက်ကိုရီးယားကို တောင်ပိုင်းသမ္မတတိုက်တွန်း


မြောကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နေတဲ့အစီအစဉ်ကို စွန့်လွှတ်ဖို့ နိုင်ငံတကာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ထားရှိပြီးသားဖြစ်တဲ့ သဘောတူညီချက်တွေ ကို လိုက်နာဖို့ တောင်ကိုရီးယားသမ္မတသစ်က တောင်းဆိုလိုက်ပါတယ်။ တောင်ကိုရီးယားသမ္မတ Park Geun-hye က သောကြာနေ့မိန့်ခွန်း ပြောဆိုရာမှာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လိုက်လျောညီထွေရှိမယ့် ထိတွေ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း ရှိပါတယ်လို့ ပြောဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း တာဝေးပစ်ဒုံးပျံပစ်လွှတ်ခဲ့သလို ပြီးခဲ့တဲ့လအတွင်း တတိယအကြိမ် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့တာပါ။ အခုလို လုပ်ရပ်တွေကြောင့် ကိုရီးယားကျွန်းစွယ်ဒေသနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတ Park Geun-hye က တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လေးရက်မြောက်အကြာမှာ ခုလို မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတ Park Geun-hye က ဂျပန်နိုင်ငံအနေနဲ့လည်း အတိတ်က ပြုလုပ်ခဲ့တဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူရလိမ့်မယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG