သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်နဲ့ လိင်အဂါၤပြောင်းထားသူများ အခွင့်အရေး


မြောက်ကာရိုလိုင်းနား ပြည်နယ် မြို့ရှိ ဟိုတယ်တစ်ခုတွင် လိင်ပြောင်းထားသူများကို ကန့်သတ်သည့် ဥပဒေ ကန့်ကွက်သည့် အမှတ်အသား ကပ်ထားသော သန့်စင်ခန်းတစ်ခု ကို မေလ ၃ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - (REUTERS/Jonathan Drake)
မြောက်ကာရိုလိုင်းနား ပြည်နယ် မြို့ရှိ ဟိုတယ်တစ်ခုတွင် လိင်ပြောင်းထားသူများကို ကန့်သတ်သည့် ဥပဒေ ကန့်ကွက်သည့် အမှတ်အသား ကပ်ထားသော သန့်စင်ခန်းတစ်ခု ကို မေလ ၃ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - (REUTERS/Jonathan Drake)

အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်မှာ ပြဌားန်းထားတဲ့ သန့်စင်ခန်း ဥပဒေလို့ ခေါ်နေတဲ့ လိင်အဂါၤ ပြောင်းလဲထားသူတွေအပေါ် ကန့်သတ်ချက် ဥပေဒဟာ ဗဟိုအစိုးရရဲ့ အမျိုးသားရေး ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေကို ချိုးဖေါက်တယ်ဆိုပြီး သမ္မတအိုဘားမား အစိုးရက တရားစွဲဆို လိုက်ပါတယ်။ လိင်အဂါၤ ပြောင်းလဲထားသူတွေကို ပြုပြင်ထားတဲ့ အတိုင်း မဟုတ်ဘဲ မွေးရာပါ ကျားမ အတိုင်း အများသုံး သန့်စင်ခန်းတွေမှာ အသုံးပြုရမယ်လို့ ဥပဒေက ပြဌာန်းထားတာပါ။


မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်ရဲ့ ဥပဒေဟာ ပြည်နယ်ကိုယ်တိုင်က ခွဲခြား ဆက်ဆံမှုကို ထောက်ခံအားပေးတဲ့ ဥပဒေ ဖြစ်နေတယ်ဆိုပြီး အမေရိကန် ရှေ့နေချုပ် Loretta Lynch က တနလာၤနေ့က ပြောပါတယ်။ ဒီ ဥပဒေကြောင့် အရင်၊ လူမည်းတွေကို အများပြည်သုံး နေရာတွေမှာ ဝင်ခွင့်ပိတ်ပင် ခဲ့တဲ့ အချိန်နဲ့ ပြည်နယ်က ခွင့်ပြုမှ ဘယ်သူ ဘယ်ဝါနဲ့ လက်ထပ်ရမယ် ဆိုတဲ့ ခေတ်ကို ပြန် အမှတ်ရ မိတယ်လို့လည်း ပြောပါတယ်။

မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်က ရီပတ်ဗလစ်ကန် အုပ်ချုပ်ရေးမှူး Pat McCrory ၊ အများပြည်သူ ဘေးကင်းလုံခြုံရေးဌာနနဲ့ မြောက်ကိုင်း ကာရိုလိုင်းနားပြည်နယ် တက္ကသိုလ်တို့ကို ဗဟိုအစိုးရက အမည်တပ် တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အစိုးရက လက်ခံကျင့်သုံးနေတဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာအပေါ် အသိအမှတ်ပြု လေးစားရေးကိစ္စဖြစ်ကြောင်း၊ ပြဌာန်းထားတဲ့ ဥပဒေကြောင့် လိင်အဂါၤပြောင်းလဲထားသူတွေရဲ့ စိတ်မှာ နာကျင်ထိခိုက် တာ၊ ဒေါသနဲ့ ကြေကွဲရတာအပြင် အရှက်တကွဲ ဖြစ်စေသလို၊ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်လို့ ရှေ့နေချုပ် Lynch က ပြောဆိုပါတယ်။ ပြဌာန်းထားတဲ့ ဥပဒေ အတိုင်း ဆက်ပြီး ကျင့်သုံးနိုင်ရေး တနလာၤနေ့ မနက်ပိုင်းကပဲ မြောက် ကာရိုလိုင်းနား ပြည်နယ်က ဗဟိုအစိုးရကို တရားပြန် စွဲဆိုခဲ့ပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး MacCrory က ဗဟိုအစိုးရဟာ မတရား အနိုင်ကျင့်နေပြီး၊ ကျားမဆိုတဲ့ သတ်မှတ်ချက် ပြဌာန်းဖို့ ကြိုးစားနေတဲ့အကြောင်း၊ ဒါပေမယ့်လည်း သူတို့မှာ ကျားမဆိုတာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြဌာန်းချက်နဲ့ အဓိပ္ပါယ် သတ်မှတ်ချက် မရှိတဲ့အကြောင်း ဝေဖန်ပြောဆိုပါတယ်။

XS
SM
MD
LG