သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းကမ်းခြေ Issac မုန်တိုင်း အရေးပေါ်ကြေညာ


ဟာရီကိန်းမုန်တိုင်း ပညာရှင် Stacy Stewart က Issac မုန်တိုင်းလမ်းကြောင်းကို တွက်ချက်နေစဉ်။ (၀၈၊ ၂၇၊ ၁၁၂။)
ဟာရီကိန်းမုန်တိုင်း ပညာရှင် Stacy Stewart က Issac မုန်တိုင်းလမ်းကြောင်းကို တွက်ချက်နေစဉ်။ (၀၈၊ ၂၇၊ ၁၁၂။)
လာမယ့်ရက်တွေအတွင်း အမေရိကန်နိုင်ငံတောင်ပိုင်း ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်နဲ့ New Orleans မြို့ကို ဝင်ရောက်တိုက်ခတ်မယ့် Issac အပူပိုင်းမုန်တိုင်းအတွက် အဲဒီကမ်းရိုးတန်း တလျှောက်မှာ နေထိုင်နေကြသူတွေဟာ မုန်တိုင်းကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။

တနင်္လာနေ့တုန်းကတော့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက တောင်ပိုင်း Louisiana ပြည်နယ် ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပါတယ်။ အဲဒီပြည်နယ်ဟာ လွန်ခဲ့တဲ့ ၇ နှစ်ကလည်း ကတ်ထရီနာ ဟာရီကိန်း မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံထားရတာဖြစ်ပါတယ်။

မိုးလေဝသကျွမ်းကျင်သူတွေကတော့ Issac မုန်တိုင်းဟာ ဒေသစံတော်ချိန် တနင်္လာနေ့နှောင်းပိုင်းနဲ့ အင်္ဂါနေ့ အစောပိုင်းမှာ ဟာရီကိန်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားဖို့ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ အန္တရာယ်အရမ်းများတဲ့ နေရာတွေမှာ နေနေကြတဲ့သူတွေအနေနဲ့ အဲဒီနေရာကနေ ထွက်ခွာဖို့ Louisiana ပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး Bobby Jindal က တိုက်တွန်းထားပါတယ်။

မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ အခုကတည်းက ကီလိုမီတာ ၁၀၀ ကျော်နေပြီဖြစ်ပြီး ကမ်းရိုးတန်းဒေသ တလျှောက်မှာ မိုးရေချိန် ၄၆ လက်မလောက် ရွာသွန်းဖို့ရှိတယ်လို့ မိုးလေဝပညာရှင်တွေက ပြောနေ ပါတယ်။ ဒါ့အပြင် Alabama, Florida နဲ့ Mississippi ပြည်နယ်တွေမှာလည်း အရေးပေါ် အခြေ အနေကြေညာထားပါတယ်ခင်ဗျာ။
XS
SM
MD
LG