သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြဿနာကိုဆွေးနွေးဖြေရှင်းဖို့ မြောက်ကိုရီးယားလိုလား


အထူးသံတမန် Choe Ryong Hae တရုတ် နိုင်ငံတကာ ဆက်ဆံရေးဌာနအကြီးအကဲနဲ့ တွေ့ဆုံနေစဉ်။
အထူးသံတမန် Choe Ryong Hae တရုတ် နိုင်ငံတကာ ဆက်ဆံရေးဌာနအကြီးအကဲနဲ့ တွေ့ဆုံနေစဉ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အထူးသံတမန်ဟာ တရုတ်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် ပြဿနာ ကို မြောက်ကိုရီးယားတို့အနေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့နည်းလမ်းနဲ့ အဖြေရှာလိုကြောင်း ပြောပါတယ်။

အထူးသံတမန် Choe Ryong Hae ဟာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယအကြီးအကဲ Fan Changlong နဲ့ သောကြာနေ့က ဘေဂျင်းမြို့ မှာ တွေ့ဆုံခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံအကြား တည်ငြိမ်းပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် ခင်မင်ရင်းနှီးစွာ ပူးပေါင်း ဆက်ဆံသွားမယ်လို့ တရုတ်တို့ဘက်က Choe Ryong Hae ကို ပြောကြားလိုက်တဲ့ အကြောင်း မြောက်ကိုရီးယား အစိုးရပိုင်သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြ ထားပါတယ်။ ဒီအတောအတွင်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တရုတ်အစိုးရရဲ့ အဆိုပြုချက်ကို လက်ခံကြောင်း Choe Ryong Hae က Fan Changlong ကို ပြန်လည် ပြောကြားခဲ့တယ်လို့ တရုတ်သတင်း မီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

မြောက်ကိုရီးယားအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ လုပ်ဆောင်ဖို့ လိုလားပြီး ပြင်ပနဲ့လည်း ငြိမ်းချမ်းမှုရှိဖို့ လိုလားတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်းလီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
XS
SM
MD
LG