သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cyber တိုက်ခိုက်မှု အမေရိကန်ကို မြောက် ကိုရီးယား စွပ်စွဲ


ဒီသတင်းပတ်ထဲမှာ မြောက်ကိုးရီးယားအစိုးရက ထိန်းချုပ်ထားတဲ့ အင်တာနက် စာမျက်နှာတွေကို မကြာခဏ တိုက်ခိုက်ခံနေရတဲ့ အတွက် ဒါဟာ အမေရိကန်နိုင်ငံရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

မြောက်ကိုးရီးယား နိုင်ငံက- သူ့အဆို - ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေကို အစဉ်တစိုက် လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အမေရိကန်နဲ့ မဟာမိတ်တွေက ကွန်ပျူတဗိုင်းရပ်စ်နဲ့ လုပ်နေတဲ့ တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ စွပ်စွဲလိုက်ကြောင်း Korean သတင်းအေဂျင်စီ KCNA က သောကြာနေ့က ဖော်ပြပါတယ်။

ဒီသတင်းပတ်ထဲမှာ KCNA အပါအဝင် အစိုးရအင်တာနက်စာမျက်နှာ တော်တော်များများကို ဝင်ကြည့်လို့ မရဘူးလို့ အင်တာနက် သုံးစွဲသူတွေက ပြောပါတယ်။ မြောက်ကိုးရီးယားရဲ့ စွပ်စွဲချက်ကို အမေရိကန်ဖက်က တုံ့ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

မြောက်ကိုးရီယားသတင်းတွေက အသေးစိတ်အချက်တွေကို မဖော်ပြပေမဲ့ အင်တာနက် တိုက်ခိုက်မှု စွပ်စွဲချက်ကို ခုသီတင်းပတ် အစောပိုင်းလုပ်မဲ့ အမေရိကန်-တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ ချိတ်ဆက်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပိတ်ကတော့ အမေရိကန်က တနင်္လာနေ့လုပ်မယ့် နှစ်စဉ် ပုံမှန် စစ်ရေးလေ့ကျင့်မှုကို စရင် မြောက်ကိုရီးယားကလည်း ကြိုတင်ကာကွယ်တဲ့ နျူကလီယားစစ်ပွဲ စတင်ရလိမ့်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG