သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမှာ နိုင်ငံခြားသားတွေ အင်တာနက် သုံးနိုင်တော့မည်။


မြောက်ကိုရီးယားနိုင်ငံကို အလုပ်အကိုင်နဲ့ အလည်အပတ်အတွက် သွားရောက်ကြသူ နိုင်ငံခြားသားတွေ မကြာခင်မှာ မိုဘိုင်းဖုံးကတဆင့် အင်တာနက်သုံးစွဲနိုင်ကြတော့မှာ ဖြစ်ပါတယ်။

သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ ဒီကြေညာချက်ဟာ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တချို့အပေါ် မြောက်ကိုးရီးယား မိုဘိုင်းဖုန်းကုမ္ပဏီက လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက် ဖြေလျော့ပေးလိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုးရီးယားမှာ မိုဘိုင်း အင်တာနက်ဆက်သွယ်မှုတွေကို မတ်လ ၁ ရက်နေ့ထက် နောက်မကျဘဲ အသုံးပြုနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရက ပြည်သူတွေအနေနဲ့ ဝိုင်ယာလက် အင်တာနက် ဆက်သွယ်မှု အသုံးပြုခွင့် မရကြသေးပါဘူး။ မြောက်ကိုးရီးယားနိုင်ငံထဲကို လာကြတဲ့ နိုင်ငံခြားသားတွေ လက်ကိုင်ဖုန်း သယ်ဆောင်လာခွင့်ပြုပြီး သီတင်း ၂ ပတ်အကြာမှာ မြောက်ကိုရီးယား ဆက်သွယ်ရေးလုပ်ငန်းကုမ္မဏီက အခုလို ကျေညာလိုက်တာဖြစ်ပါတယ်။
XS
SM
MD
LG