အခုလို ရာထူးတိုးလိုက်တဲ့သတင်းကို အထူးသတင်းအဖြစ်နဲ့ အစိုးရပိုင် သတင်းမီဒီယာကနေ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သတင်းတို ထုတ်ပြန်ခဲ့တာပါ၊ မြောက်ကိုရီးယားရဲ့ထိပ်တန်း စစ်ခေါင်းဆောင်တယောက် လည်း ဖြစ် Kim Jong Un ရဲ့ အကြံပေးတယောက်လည်းဖြစ်တဲ့ Ri Yong Ho ကိုရာထူးကနေ ဖယ်ရှား ခဲ့ပြီးနောက်မှာ အခုလို အပြောင်းအလဲသတင်းကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နာမကျန်းဖြစ်နေတဲ့အတွက် Ri Yong Ho ကို ရာထူးတာဝန်အားလုံးကနေ ဖယ်ရှားလိုက်တာဖြစ်တယ် လို့ မြောက်ကိုရီးယားက ပြောပါတယ်။ Kim Jong Un ကို တိုးပေးလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး ရာထူးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ သေဆုံးသွားသူ သူ့ဖခင် Kim Jong Il ယူခဲ့တဲ့ စစ်ရာထူးလည်း ဖြစ်ပါတယ်ရှင်။