သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် နှစ်သစ်မိန့်ခွန်း နျူကလီးယား ခြိမ်းခြောက်မှု မပါ


မြောက်ကိုရီးယားခေါင်းဆောင် နှစ်သစ်မိန့်ခွန်း။ (ဇန်နဝါရီ ၁ -၂၀၁၆)
မြောက်ကိုရီးယားခေါင်းဆောင် နှစ်သစ်မိန့်ခွန်း။ (ဇန်နဝါရီ ၁ -၂၀၁၆)

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နှစ်သစ်ကူးနေ့ သူ့ရဲ့မိန့်ခွန်းထဲမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီးပုံကို အဓိက အလေးထားပြီး ပြော သွားပါတယ်။ သိသိသာသာ ခြိမ်းခြောက်ပြောဆိုတာမျိုး ဒါမှမဟုတ် သူ့နိုင်ငံရဲ့ နျူကလီးယားအစီ အစဉ်နဲ့ ပတ်သက်လို့ ပြောဆိုတာမျိုးတွေ မပါပါဘူး။

ပလတ်စတစ်မျက်မှန်ကိုင်းအသစ်၊ သူ့ရဲ့ အမှတ်သင်္ကေတ ဘေးနှစ်ဖက်ကို ရှင်းနေအောင် ညှပ်ထားတဲ့ ဆံပင်ပုံစံနဲ့ Kim က စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု ထူးထူးခြားခြားဖြစ်လာအောင်လုပ်ဖို့နဲ့ နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို တိုးတက်အောင်လုပ်ဖို့ လိုအပ်တဲ့ အကြောင်း ပြောပါတယ်။

မိနစ် ၃၀ ကြာမိန့်ခွန်းထဲမှာ အတိအကျ အသေးစိတ်တွေကို ပြောသွားတာတော့ မရှိသလောက်ပါပဲ။ ၂၀၁၁ ခုနှစ်မှာ သူ့ရဲ့ဖခင် Kim Jong Il မမျှော်လင့်ဘဲ ကွယ်လွန်သွားပြီးတဲ့နောက် နိုင်ငံခေါင်းဆောင် ဖြစ်လာချိန်ကတည်းကဆိုရင် အခုမိန့်ခွန်းဟာ သူ့ရဲ့ လေးကြိမ်မြောက်ပါ။

အရင်မိန့်ခွန်းတွေမှာ ပြောခဲ့ဖူးတဲ့ အကြောင်းအရာတွေကိုပဲ အများအားဖြင့်တော့ ထပ်ပြောသွားတာပါပဲ။ ထိုးဖောက် နှောင့်ယှက်မယ့် ပြင်ပကလူတွေ ရန်စလာရင် စစ်ဖြစ်ဖို့ အဆင်သင့်ပဲလို့လည်း Kim က သတိပေးသွားပါတယ်။

ဒီနှစ်အတွင်းလုပ်ဖို့ သဘောတူထားတဲ့ တောင်ကိုရီးယားနဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေအပေါ်ကိုလည်း သူက အကောင်းမြင် ပြောသွားပါတယ်။

XS
SM
MD
LG