သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက် ကိုရီးယားခေါင်းဆောင် သို့လော သို့လော


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

ကွန်မြူနစ် မြောက်ကိုးရီးယား နိုင်ငံရဲ့ အရေးကြီးတဲ့ နှစ်ပတ်လည် အခမ်းအနား တခုမှာ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်လာခြင်း မရှိတဲ့ အတွက် သူ့ရဲ့ ကျန်းမာရေးနဲ့ နိုင်ငံရေး အခြေအနေ အပေါ် ထင်ကြေးပေး ပြောဆိုချက်တွေ ဟာ သောကြာနေ့မှာ ပိုပြီး ခိုင်မာလာခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ် ကင်ဂျုံအွန်း ဟာဆိုရင် စက်တင်ဘာလ ၃ ရက်နေ့က တေးဂီတဖျော်ဖြေပွဲ တခု တက်ရောက်ခဲ့ပြီးနောက် မတွေ့ရတော့တာကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသလား၊ ဒါမှမဟုတ်လည်း စစ်အာဏာသိမ်း ဖြုတ်ချခံရပြီလားဆိုတဲ့ အပေါ်မှာ ခန့်မှန်းပြောဆိုချက်တွေ ထွက်ပေါ်နေတာပါ။

ပုံမှန်အားဖြင့် တနေ့လုံး လိုလို မြောက်ကိုးရီးယား ခေါင်းဆောင် ရဲ့ ဆောင်ရွက်ချက်တွေ ကို ထုတ်လွှင့်နေတဲ့ နိုင်ငံပိုင် သတင်းဌာနကလည်း ကင်ဂျုံအွန်ဟာ စိတ်ပန်း လူပန်း ဖြစ်နေတယ် ဆိုတာလောက်က လွဲလို့ ဘာမှ မဖော်ပြပါဘူး။ အာဏာရ ကိုရီးယား အလုပ်သမား ပါတီ ထူထောင်ခြင်း ၆၉ နှစ်မြောက် နှစ်ပတ်လည်နေ့ သောကြာနေ့မှာ အရေးကြီးတဲ့ သဲလွန်စ တခုခု ရမယ်လို့ သုံးသပ်သူတို့က ခန့်မှန်းခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းကတော့ ပါတီ ထူထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ ကင်ဂျုံအွန်းက ဖခင် ဖြစ်သူ ကင်ဂျုံအီလ်၊ အဖိုးဖြစ်သူ ကင်အီဆွန်းတို့ရဲ့ ဂူဗိမာန်ကို ညလယ်ကြီးမှာ သွားရောက် ဂါရဝပြုခဲ့တာပါ။ နှစ်ပတ်လည် အထိမ်းအမှတ် ဂူဗိမာန်ကို လာရောက်ကြတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ စာရင်းထဲမှာ ကင်ဂျုံအွန်ရဲ့ နာမည် မတွေ့ရပါဘူး။

ဒါပေမယ့် မစ္စတာ ကင်ဂျုံအွန်းရဲ့ နာမည်နဲ့ ပန်းခြင်း တခု ဂူဗိမာန်မှာ ရှိနေတယ်လို့ တက်ရောက်သူ စာရင်း ပြုစုတဲ့ ကိုးရီးယား ဗဟိုသတင်းဌာနက ပြောပါတယ်။ ကင်ဂျုံအွန်းဟာ နိုင်ငံကို ပုံမှန်အတိုင်း အုပ်ချုပ်နေပုံ ရတယ်လို့ တောင်ကိုးရီးယား အစိုးရက သောကြာနေ့မှာ ခုခံပြောဆိုပါတယ်။

ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ Lim Byeong-cheol ကတော့ တောင်ကိုးရီးယား အစိုးရ အနေနဲ့တော့ မြောက်ကိုးရီးယား ခေါင်းဆောင် ရဲ့ ကျန်းမာရေး အခြေအနေကို အတည်ပြုနိုင်တဲ့ အချက်အလက်တွေ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG