သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု ထပ် လုပ် လာဖွယ်ရှိ


Indonesian villager Mama Hasria swims upstream with about 200 empty jerry cans tied to her back, a daily trip she and other local women make to get clean water for their community on Sulawesi island.
Indonesian villager Mama Hasria swims upstream with about 200 empty jerry cans tied to her back, a daily trip she and other local women make to get clean water for their community on Sulawesi island.

မြောက်ကိုရီးယားနိုင်ငံဟာ နောက်သီတင်းပတ်အတွင်းမှာ ဒုံးကျည်ပစ်လွှတ် စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ ယုံကြည်တဲ့ အကြောင်း အမေရိကန် နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက တိတ်တဆိတ် ပြောဆိုနေကြပါတယ်။ ဒုံးကျည် ပစ်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆနိုင်တဲ့ လှုပ်ရှားမှု မျိုးတွေ မြောက်ကိုရီးယား က လုပ်နေတာကို တွေ့ထားတယ်လို့ အမည်မဖော်တဲ့ အမေရိကန် တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီလိုပစ်လွှတ်မှုမျိုးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒုံးကျည် ကြားဖြတ်စနစ်ကို အသင့်ပြင်ထားဖို့ ဂျပန်အစိုးရက ဒီကနေ့ ညွှန်ကြားချက် ထုတ်ထား ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်း၊ Tongchang-ri စခန်းကနေ တာဝေး ပဲ့ထိန်းဒုံးကျည်တစင်းကို ပစ်လွှတ်ဖို့ ပြင်ဆင်နေပုံရ တာကို ဂြိုဟ်တုက ရိုက်ယူထားတဲ့ ရုပ်ပုံတွေက ပြနေတယ်လို့ ဂျပန်သတင်းဌာနတွေက အစောပိုင်းမှာ ဖော်ပြပါတယ်။

အဲ့ဒီစခန်းကနေ ကီလိုမီတာ ၁ သောင်းကျော်ထိရောက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ဖူးပါတယ်။ ဒုံးကျည်တွေ ဟာ အာကာသထဲကို ဂြိုဟ်တုတွေ လွှတ်တင်ဖို့အတွက် သုံးတဲ့ ရော့ကက် ဒုံးယာဉ်တွေဖြစ်တယ် လို့ မြောက်ကိုရီးယားက ပြောပါ တယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားဟာ ဂျပန်နဲ့ အမေရိကန်ကို တိုက်ခိုက်တာမှာ အသုံးပြုနိုင်တဲ့ ဒုံးကျည်တွေကို ထုတ်လုပ်ဖို့ စမ်းသပ်နေတယ်လို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေက သံသယရှိနေတာပါ။

XS
SM
MD
LG