သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ လိုလားသူတိုး


ငတ်မွတ်ဘေးသင့်နေတဲ့ မြောက်ကိုရီးယားကလေးငယ်တဦး။
ငတ်မွတ်ဘေးသင့်နေတဲ့ မြောက်ကိုရီးယားကလေးငယ်တဦး။
ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအခြေအနေ အဆိုးဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂအနေနဲ့ တရားဝင် စုံစမ်းစစ်မှုတွေလုပ်ဖို့ နိုင်ငံတကာ ရဲ့ ထောက်ခံမှုတွေ ပိုပြီး တိုးလာနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ မနှစ်မြို့ဖွယ်ရာ အခြေအနေဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland က ပြောကြားလိုက်ပြီး ကုလ သမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုကို အမေရိကန်အနေနဲ့ ထောက်ခံသွားမှာ ဖြစ်တယ်လို့ ကြာသာပတေးနေ့ က ပြောလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီကလည်း စုံစမ်းစစ်ဆေးမှုကို ထောက် ခံတဲ့ ဥပဒေတရပ်ကို ကြာသာပတေးနေ့မှာ ချမှတ်လိုက်ပြီး မြောက်ကိုရီးယားနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တခြားဘယ်နိုင်ငံနဲ့မှ မတူဘဲ ထူးခြားတယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေက သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Navi Pillay ကလည်း မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ မြောက် ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအမ်းရဲ့ လက်ထက်မှာလည်း တိုင်းပြည်ရဲ့ အခြေအနေဟာ တိုးတက်လာတဲ့လက္ခဏာ မတွေ့ရဘူးလို့ ပြောပါတယ်။

ဂျပန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံအတော်များများရဲ့ သံတမန်တွေကလည်း စုံစမ်းစစ်ဆေးမှုကို ထောက်ခံ တယ်ဆိုတာကို ပြသခဲ့ကြပါတယ်။
XS
SM
MD
LG