သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလုပ်ငန်း စတင်တဲ့ မြောက်ကိုရီးယားကို အမေရိကန်သတိပေး


Yongbyon nuclear complex, North Korea
Yongbyon nuclear complex, North Korea

ပြုံးယမ်းအစိုးရဟာ သူ့ရဲ့ ယောင်ဗြွန်းနျူကလီးယားစက်ရုံတွေကို ပုံမှန် လုပ်ငန်းလည်ပတ်မှု ပြန်လည် စတင်လိုက်ပြီလို့ ကြေညာခဲ့တဲ့နောက်၊ မြောက်ကိုရီးယားဟာ “တာဝန်မဲ့ ရန်စမှုတွေ” လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဒေသတွင်းမှာ တင်းမာမှုတွေ ပိုဆိုးလာစေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ပြီး၊ နိုင်ငံတကာမှာ လိုက်နာရမယ့် တာဝန်ယူမှုနဲ့ ကတိကဝတ်တွေကိုသာ ဖြည့်ဆည်းဖို့ ကြိုးစားသင့်တယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် Josh Earnest က အင်္ဂါနေ့က ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နိုင်ငံကို နျူကလီးယားလက်နက် အသုံးပြုပြီး၊ တိုက်ခိုက်ဖို့ အချိန်မရွေး အဆင်သင့်ရှိနေတယ်လို့ ပြောကြားခဲ့အပြီးမှာ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြုံးယမ်းအစိုးရဟာ ရာသီဥတု လေ့လာရေး ဂြိုဟ်တုတခုကို ကမ္ဘာပတ်လမ်းအတွင်းကို လွှတ်တင်ရာမှာ ပိတ်ပင်တားမြစ်ထားတဲ့ တာဝေးဒုံးလက်နက် နည်းပညာကို အသုံးပြုမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကို အစိုးရပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ က ထုတ်ပြန်ခဲ့ရာမှာ အထက်ပါအတိုင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG